Wednesday, June 17, 2009

ဦးခေါင်း

ခေါင်းကောင်းတယ်၊ခေါင်းဆောင်တယ်၊ခေါင်းခဲတယ်
ခေါင်းညိတ် ခေါင်းခါ နောက်ဆုံးမှာ
ခေါင်းဟာ ပြုတ်ထွက်သွားတယ်။
လူတွေ ကိုယ်ချည်းမနေနိုင်တော့ ခေါင်းကိုခေါင်းပေါ်တင်
သွားလိုရာခေါင်းဆောင် ခေါင်းကိုခေါင်းဆောင်တင်
ခေါင်းဟာ ခေါင်းဆောင်ပီသ၊ ကြုံသလိုတွေ.သလို
တွေ.ကရာခြွင်းချက်မရှိ ခေါင်းထဲပစ်ပစ်ထည့်
ကျည်ဆံကလွဲရင် ခေါင်းထဲ ခေါင်းထဲကို
ကွန်တိန်နာတွေ၊လေယာဉ်ပစ် အမြောက်တွေ
နျူကလီးယား ဓာတ်ပေါင်းဖိုနဲ. ပင်လယ်ကူးသင်္ဘောတွေ

ခေါင်းဟာခေါင်းချင်း ပစ်ဝင်တိုက်ဖို. ဝန်မလေး
မလေး၊ဂျပန်၊ကိုရီးယားနဲ. ဥရောပဘာသာစကားတွေထည့်ဖို. ဝန်မလေး
ပြတိုက်နဲ. သင်္ချိုင်းဆန်တဲ့ခေါင်း ခေါင်းထဲမှာ
ရေနံ၊သဘာဝဓာတ်ငွေ.နဲ. မီးရှူးမီးပန်း
'ကယ်တော်မူကြပါဦး' ဆိုတဲ့အော်သံ၊ခေါင်းထဲမှာ
သေနတ်၊သမ္မာကျမ်းစာ၊ခေါင်းထဲမှာ
သန်းတွေ၊သန်းပေါင်းများစွာ ဆာလောင်မှုဟာ တရွရွ

ခေါင်းထဲက ခေါင်းပေါ်မှာ ဆံပင်တွေ အဖြူ အနီ အညိုနဲ.
လိုသလို ရပ်တည်၊ခေါင်းပေါ်မှာ လတ်တလော
အဖြူနဲ. အနက်ဟာ အင်အားကြီး၊ နေ.နဲ.ည နဂါးနဲ.ကျား
တရွရွအလုပ်လုပ် တဖွဖွစကားပြော၊ခေါင်းပေါ်မှာ

ခေါင်းထဲမှာ ခေါင်ရမ်းပန်းတွေ
ခရမ်းရောင်သစ်ခွပန်းနဲ. လူ.သွေးနဲ.လုပ်ထားတဲ့နှင်းဆီတွေ
ခေါင်းထဲမှာ၊ ခေါင်းဆောင်တယောက် အလိုရှိ
ခေါင်းထဲမှာအနက်ရောင်သေဆုံးချင်းနဲ. အဖြူရောင်
ခေါင်းလောင်းသံတွေ အလိုရှိ

ခေါင်းထဲမှာ သွေးတစက်စက်ကျ
ကိုင်အမြှောက်ခံထားရတဲ့ ကမ္ဘာကြီးရဲ့ဦးခေါင်း အလိုမရှိ

ခေါင်းထဲမှာ ဂုဏ်သိက္ခာ ရန်ညှိုးနဲ. အစော်ကားခံရမှု
စစ်သူကြီးပေါင်ကို ကိုက်ချီသွားတဲ့ တစ္ဆေတကောင်ရဲ.ဦးခေါင်းနဲ.
ကောက်ယူသိမ်းဆည်းခံထားရတဲ့ ဒင်္ဂါးပြားတပြားပေါ်က
ခေါင်းတခေါင်း

ခေါင်းမူးတယ်၊ခေါင်းကိုက်တယ်၊ခေါင်းထဲကို
လျှပ်ပေါ်လော်လီမှုနဲ. ဘိုင်အိုဂျစ်တွေ လောင်းထည့်နေတယ်

ခေါင်းကိုဖွင့်လိုက် ပိတ်လိုက် မီးခလုတ်ဆော့တေသလို
ခေါင်းကိုဆေးထည့်လိုက်၊ ချုပ်လိုက် ၊ပြန်ဖြည်လိုက် သုတေသန
လုပ်နေသလို....

ဒါ ချိုင်းနားခေါင်းပေါ့၊ ဈေးပေါတယ် သုံးလွယ်တယ်
လေးရောက်ရင် ပျက်ကျတယ်၊ အဖြစ်အပျက်မြန်တဲ့ခေါင်း

ဦးခေါင်းဟာ ဘရိတ်နဲ.
၁၈ကိုက် စည်းအတွင်းမှာ အသေချာဆုံးနဲ.
အန္တရာယ် အရှိဆုံးခေါင်း၊ ခေါင်းကိုက်ပိုးတွေသယ်လာနေတဲ့ခေါင်း

ခု ငါ့ခေါင်းပေါ်မှာ ဆံပင်တွေ ညောင်းနေပြီ
တခုခုနဲ.လျှော်လိုက်၊ လျှော်လိုက်ရင် ငါဟာ လူရှော်ဖြစ်သွားမလား
ရှိသမျှ ငါ့အသိဥာဏ်တွေ ကျွတ်ပါသွားမလား

ဟေ့ ကိုယ့်လူရေ တံဆိပ်ခေါင်းတွေ စုမယ့်အစား
လူ.ဦခေါင်းတွေစုပါလား
ဟေ့ deep blue ကွန်ပျူတာက
ကမ္ဘာ့စစ်တုရင်ချန်ပီယံ ကက်စပါးရော့ ခေါင်းကို ဖျက်သွားတယ် ဆိုပါလား

ခလုတ်ကိုဖွင့် ခေါင်းကိုဖွင့်
ခေါင်းကိုခေါင်းစာကျွေးလိုက်ဖို.
ကမ္ဘာ့ရာသီဥတုကြီးက အော်နေပြီ။ ။

ခရမ်းပြာထက်လူ
ဗြူတီမဂ္ဂဇင်း၊၂၀၀၇။

No comments: