
သိုးဆောင်းစကားပုံ တစ်ခုရဲ့ အဆိုက
လှိုဏ်ခေါင်းအဆုံးမှာ အလင်းတွေ့ သတဲ့၊
သို့ ပေမယ့်
လှိုဏ်ခေါင်းဘယ်မှာဆုံးမယ် မသေချာ
အလင်းဘယ် ချိန်တွေ့ မယ် မရေရာဘဲ
ဖွေရှာဆဲမှာသူတို့  ကြွေလွင့်ခဲ့ကြ၊
လွတ်လပ်မှု အိပ်မက်ကို ပုံသွင်းထုဆစ်
နိုင်ငံကိုချစ်လို့  အကျဉ်းသားဖြစ်ရသူတွေ
အကြမ်းဆုံးရေဆန်ကို မာန်တင်းရင်း
ခေတ်သစ်အော့(စ်)ဝစ်(ခ်ျ) အကျဉ်းမှာ
သူတို့ 
ဘဝတစ်ခုလုံး ရင်းခဲ့ကြပြီ၊
ဒီအတွက်
အလင်းတွေ့ ရာနေ့ ရက်ဆီ
ငါတို့ အားလုံးရှေ့ ဆက်ချီစို့ ၊
ခိုင်မြဲလက်တွေ ဆုပ်ကိုင်
ဝံ့ဝံ့စားစား ရင်ဆိုင်တိုးရင်း
ငါတို့ ရေးထိုးရမယ့်သမိုင်းသစ်ဟာ
ရှေ့ မှာကြိုလင့်နေလေရဲ့ ။
မင်းသက်စံ
29.12.2009
4:45am
(23.12.2009 နေ့ က အင်စိန်ထောင်တွင် ကွယ်လွန်သွားသော နိုင်ငံရေးအကျဉ်းသား မတင်တင်ထွေး နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးသို့  အစဉ်ဦးညွတ်လျက်)
No comments:
Post a Comment