
အမေရိကန်-အရှေ့တောင်အာရှ ဆက်ဆံရေး
မန်ဇူး(ဘာသာပြန်သည်)
Friday, November 20, 2009
အရှေ့တောင် အာရှရပ်ဝန်းသို့ အမေရိကန်ပြည်ထောင်စု တကျော့ ပြန်ဝင်လာခြင်း
ဗမာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည်ကို ဇူလိုင်လကုန်ပိုင်း တရားရုံးမှာ မတရားသဖြင့် စီရင် ချက်ချမှတ်၍ ထပ်မံအကျဉ်းချချုပ်နှောင်လိုက်သော်လည်း ဗမာပြည် အပေါ်ထားရှိကျင့်သုံးမည့် မူဝါဒကို ပြောင်းလဲဖော်ဆောင်ပြီး အာ ဏာသိမ်းစစ်အုပ်စုနှင့် ပြန်လည်စေ့စပ်ညှိနှိုင်းကာ စီးပွားရေအရ ဒဏ်ခတ်အရေးယူ ပိတ်ဆို့ထားမှုတွေကို ပြန်ပြောင်းသုံးသပ်ဖို့ရာ စက်တင်ဘာလနှောင်းပိုင်း ဝါရှင်တန်မှထုတ်ပြန်ကြေငြာလိုက်တယ်။ တရုတ်ပြည်ရဲ့ ကြီးစွာသော သြဇာလွှမ်းမိုးသက်ရောက်မှုနှင့် အတူ ဆယ်စုနှစ်များရှည်ကြာစွာ အထီးကျန်မူဝါဒ လက်ခံကျင့်သုံးဖော် ဆောင်သည့်အတွက် ဆုတ်ယုတ်မှုတွေဖြင့်သာ အဆိုးသံသရာ စက် ဝန်းထဲ လုံးချာလိုက်နေတဲ့ ဗမာပြည် တံခါးဖွင့်လှစ်လိုက်ခြင်းဟာဖြင့် တစုံတရာသော ရလဒ်တွေထွက်ပေါ်လာတန်ကောင်းရဲ့။
ဖိလစ်ပိုင် လေတပ်အကူအညီရယူပြီး Mindanao ကျွန်းမှာ အမေရိကန် လေတပ်စစ်စခန်းကို တိုးချဲ့တပ်ဖြန့်အခြေစိုက်ပြီး အစ္စလာမ် မစ် အခြေခံဝါဒီ အဘူဆေယက်ဖ် ကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေး၊ ဇလဗေဒ အပြောင်းအလဲနောက်ဆက်တွဲမှတဆင့် ဖြစ်ပေါ်လာမည့် သဘာဝ ဘေးအန္တရာယ်ကပ်ဆိုးဒဏ်ကြောင့် ရလဒ်ဆိုးကျိုးတွေနှင့် ရင်ဆိုင်ကြုံတွေ့ရသူတွေအပေါ် လူသားချင်း စာနာထောက်ထား သောအားဖြင့် ကူညီထောက်ပံ့မှုပေးခြင်း၊ မူယစ်ဆေးဝါး ကုန်ကူးသန်းရောင်းဝယ်မှုနှင့် ပင်လယ်ရေပိုင်နက် လုံခြုံရေးအစရှိသည်တို့ကို တိုးချဲ့အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် ထုတ်ဖော်ပြောကြားလိုက်တယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်း တည်းခိုရိပ်သာ နှစ်ခုမှာ ဇူလိုင်လအတွင်း အကြမ်းဖက်သမားတွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် တုန်လှုပ်ခြောက်ခြား ရင်နင့်ဖွယ်ဖြစ်ရပ်ဆိုးနဲ့ ထိပ်တိုက်ကြုံတွေ့ခဲ့ရသည့်အတွက် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာပေးပို့ဖော်ပြ ခဲ့ပြီးနောက် လအတန်ငယ်အကြာ စက်တင်ဘာလ ဒုတိယရက်သတ္တပတ်မှာတင် နာမည်ဆိုးဖြင့် ထင်ရှားကျော်ကြားသည့် ပြစ်မှုကျူး လွန်သူ ဂျီမက် အစ္စလာမ်မစ် ခေါင်းဆောင် မိုဟာမက် နိုအောဒင်တော့ပ် ကိုခြေရာခံမိပြီး အသေဖမ်းဆီးရမိခဲ့သည့်အတွက် ဝါရှင်တန် မှ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကို ချီးမွမ်းထောပနာပြု ထုတ်ဖော်ပြောဆိုခဲ့တယ်။ ထိုင်းနိုင်ငံတောင်ပိုင်း မကြေလည်မှုပြဿနာရပ်မှာ အစိုးရ ၏ ကမကထပြုမှုဖြင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာရပ်အထွေထွေအတွက် USAID အကူအညီရယူကာ လူမှုရေးအသင်းအဖွဲ့အ စည်းများနှင့် အစီစဉ်သစ်တွေရေးဆွဲပြီး အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်သည့်အလျောက် ဒီလှုပ်ရှားပြုမှု လုပ်ဆောင် ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုတကျော့ပြန်ဝင်လာပြီလို့ ဗန်ကောက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဂုဏ်ယူဝင့်ကြွားစွာနဲ့ဆိုလေရဲ့။
ချဉ်းကပ်သည့်နည်းနာ ပြောင်းလဲကျင့်သုံးခြင်း
ဖိလစ်ပိုင်သမ္မတ ဂလိုရီယာအာရိုယို ဇူလိုင်လ ၃ဝရက်နေ့မှာ အိမ်ဖြူတော်သို့ အလည်အပတ်ရောက်ရှိလာပြီး အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့သလို၊ ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်နှင့် စီအိုင်အေ ညွှန်ကြားရေးမှူး လီယွန် ပန်နက်တာ ဖိလစ်ပိုင်သို့ အလည်အပတ်သွားရောက်ခဲ့ခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ထိုင်းနိုင်ငံမှာ ကျင်း ပသည့် အာဆီယံ ဒေသတွင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံ ဒေသတွင်း ချစ်ကြည်ရင်းနှီးစွာနှင့် ပူးပေါင်းဆောင်ရွက် ဖို့ရာ သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဟာဖြင့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာ အဖွဲ့ဝင်အနေဖြင့် ပဏာမခြေလှမ်းလို့ဆိုနိုင်လိမ့် မယ်။ ဗန်ကောက် ရုပ်သံလွှင့်အစီအစဉ်ထုတ်လွှင့်ချက်မှာ ဟီလာရီ ကလင်တန် ထုတ်ဖော်ပြောဆိုသွားချက်အရတော့ ဒီဒေသအတွင်း သို့ အမေရိကန်ပြည်ထောင်စု တကျော့ပြန်ဝင်လာပြီး နက်ရှိုင်းစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာမယ်ဆိုတာ အခိုင်အမာယုံကြည် လက်ခံထားပုံပဲ။
ခေတ်သစ် အာရှကို တစိတ်တဒေသ ရုပ်လုံးဖော် ထုဆစ်ဖို့ရာအတွက် အိုဘားမား အုပ်ချုပ်ရေးကာလမှာ လက်ခံကျင့်သုံးမည့် မူဝါဒ အသစ်ရေးဆွဲပြီး ဗမာပြည်အပေါ် ချဉ်းကပ်ပုံနည်းနာပြောင်းလဲကျင့်သုံးမှသာ ထိရောက်မှုရှိမယ်ဆိုသည့် တွေးတောယူဆချက်တွေ ရှိ ထားပုံရတယ်။ အာဏာသိမ်းစစ်အုပ်စု အပေါ်နှစ်ရှည်လများ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသော်ငြား အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနှင့် ရင်းနှီးကျွမ်းဝင်ပြီး ကုန်သွယ်မှုပြုလုပ်သည့်တိုင် တိုင်းပြည်တွင်း လူမဆန်စွာ နိုင့်ထက်စီးနင်း ရိုင်းစိုင်းပြုမူကျင့်ကြံမှုနှင့် ချွတ်ခြုံကျ ယိုယွင်းပျက်စီးမှုတွေဟာလည်း လျော့ပါးသွားခြင်း အလျဉ်းမရှိဘူး။ စီးပွားရေး ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုသက်တမ်း ကုန်ဆုံးသွားပြီဖြစ်သည့်အတွက် သက်တမ်းပြန်လည်တိုးမြှင့်ဖို့ရာ ဇူလိုင်လအတွင်းတုန်းက ဝါရှင်တန်အစိုးရ အ ပေါ် အမေရိကန်သမ္မတရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရီပါဗလီကန်ပါတီမှ ဂျွန်မက်ကိန်း ဆော်သြတိုက်တွန်းခဲ့သေး တယ်။ ဒါ့အပြင် ဗမာ့ နျူကလီးယား ထုတ်လုပ်ရေးအစီအစဉ်မှာ မြောက်ကိုရီးယားအနေဖြင့် ကူညီမှုတွေပေးလိမ့်မယ်လို့ ဇူလိုင်လ ၂၂ ရက်နေ့က ဖူးခက်မှာကျင်းပသည့် အာဆီယံဒေသတွင်း အစည်းအဝေးမှာ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အလေးနက် ထား ထုတ်ဖော်ပြောဆိုသွားခဲ့တယ်။
သို့ဆိုပါလျက်နှင့် အာဏာသိမ်းစစ်အုပ်စုမှ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံသက်တမ်းတိုး အကျဉ်းချချုပ် နှောင်လိုက်သည့်ဖြစ်ရပ်ဟာ အမေရိကန်-ဗမာ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ရာအတွက် အတားအဆီးတရပ်သဖွယ် နှောင့်နှေး ကြန့်ကြာ သွားစေတယ်။ အကြမ်းမဖက်သည့် နည်းလမ်းဖြင့် ကြံ့ကြံ့ခံရပ်တည် တိုက်ပွဲဝင်တောင်းဆိုခြင်းကြောင့် နေအိမ်အကျယ်ချူပ် ကျခံနေရသည့် ဗမာပြည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိဖို့ရာအတွက် သင်္ကေတတရပ်လို့ အမှတ်သညာပြုခေါ်ဆို အသိအမှတ်ပြု ထားသော သူမ၏ နေအိမ်သို့ ဖိတ်ခေါ်ခြင်းအလျဉ်းမရှိပဲ အင်းလျားကန် အနီးဝန်းကျင်တဝိုက်မှ ရေကူးဖြတ်သန်းပြီး စိတ်အနှောက် အယှက်ပေးကာ ဝင်ရောက်တည်းခိုစတည်းချသွားသည့် အမေရိကန်နိုင်ငံသား၏လုပ်ရပ်ကြောင့် နေအိမ်အကျယ်ချူပ် သက်တမ်းထပ် မံတိုးချဲ့ချမှတ်ဖို့ရာအတွက် အာဏာသိမ်း စစ်အုပ်စုကို နှပ်ကြောင်းပေးလိုက်သလိုဖြစ်ပြီး လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကာလအ တွင်း သူမကိုအလိုအလျောက်ဆိုသလို ပထုတ်ပြီးသားဖြစ်နေတယ်။
တရားစီရင်ရေး လုပ်ထုံးလုပ်နည်း စီရင်ချက်တွေဟာ အမှန်တရားနှင့် သွေဖယ်ကင်းကွာနေကြောင်း ဇူလိုင်လနှောင်းပိုင်းမှာတင် သမ္မတအိုဘားမား ထုတ်ဖော်ပြောကြားခဲ့သလို တပြိုင်နက်တည်းဆိုသလိုပဲ ဗမာပြည် အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ဒေါ်အောင် ဆန်းစုကြည် ကို နေအိမ်အကျယ်ချူပ်မှ လွတ်လပ်ခွင့်မပြုရင် အာဆီယံအဝန်းအဝိုင်းမှ ထုတ်ပယ်ပစ်ဖို့ရာစဉ်းစားသင့်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြောကြားလိုက်တယ်။ (အာဆီယံအဖွဲ့အစည်းအနေဖြင့် အဖွဲ့ဝင်နိုင်ငံတွေကို ထုတ်ပယ်ပစ်ဖို့ရာ သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိတာက ရင်းခံအကြောင်းတရားလို့ဆိုရမယ်နဲ့တူတယ်။) ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်မှုပေးလိုက် မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှာဖြစ်သလို အနည်းဆုံးတော့ ကျမတို့ တိုင်းပြည်လည်း ဗမာပြည်နှင့် တိုးချဲ့ ပူးပေါင်းလုပ်ဆောင်ရသည့်အတွက် ထည့်သွင်းရင်းနှီးမြုပ်နှံခြင်းဖြင့် တစုံတရာသော အကျိုးအမြတ်အခွင့်အလမ်းတွေ ထွက်ပေါ်လာ မှာဖြစ်တယ်လို့ ကလင်တန် ပြောဆိုသွားခဲ့တယ်။
အိုဘားမား အုပ်ချူပ်ရေးသက်တမ်းကာလ စတင်ချိန်ကတည်းမှအစပြု၍ ဗမာပြည်အပေါ် လက်ခံကျင့်သုံးမည့် မူဝါဒ ကိုပြောင်းလဲဖော် ဆောင်ဖို့ရာအတွက် အခြေအတင်ငြင်းခုံဆွေးနွေးခဲ့ကြသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်လများ တောက်လျှောက်ဆိုသလို အကျဉ်းချချုပ်နှောင်ထားသည့်အတွက် ဇူလိုင်လ နှောင်းပိုင်းမှာ ဗမာ့ ကုန်စည်သွင်းကုန်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ရာ သက်တမ်း ပြန်လည်တိုးမြှင့်လုပ်ဆောင်ခဲ့တယ်။ (သြဂုတ်လ ၁၁ ရက် သူမအပေါ် ပြစ်ဒဏ်စီရင်ချက်ချမှတ်မှုကြောင့် အာဆီယံအနေဖြင့် အတော့် ကို စိတ်ပျက်မိကြောင်း ထပ်လောင်းပြောဆိုသွားသော်ငြား ဗမာပြည်အပေါ်ဆက်ဆံမှုပြုရာဝယ် အပြုသဘောဆောင်သော တွေ့ဆုံညှိ နှိုင်းမှုတွေဖြင့် ချဉ်းကပ်ပြီး အာဆီယံ အဝန်းအဝိုင်းအတွင်းမှ ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဆိုတာ ဖော်ပြပါ ရှိထားတယ်။)
နေအိမ်အကျယ်ချူပ် သက်တမ်း ၁၈ လ ထပ်မံတိုးချဲ့ချမှတ်လိုက်တာဖြင့် တလောကလုံး သဘောအသွင်ဆောင်သည့် လူ့အခွင့်အ ရေးတရပ်ကို ချိုးဖောက်ကျူးလွန်လိုက်ခြင်းဖြစ်တာလို့ သမ္မတ အိုဘားမား ပြောဆိုသွားတယ်။ သူမ၏ အိမ်သို့ရေကူးဝင်ရောက်ခဲ့၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနှစ်နှစ်ချမှတ်ခံရသည့် အမေရိကန်နိုင်ငံသား ဂျွန်ရက်တော အပြုအမူဟာ ရူးနှမ်းသည့် လုပ်ဆောင်ချက် တရပ်ဖြစ်ကြောင်း ရှုံ့ချပြစ်တင်ဝေဖန်သွားလေရဲ့။ သို့ဆိုသည့်တိုင် သြဂုတ်လ တဝက်လောက်မှာတင် ပြစ်ဒဏ်စီရင်ချက်ချခံထားရတဲ့ ယက်တောကို ဗာဂျီးနီးယား ဒီမိုကရက်တစ် အထက်လွှတ်တော် အမတ်လည်းဖြစ်၊ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မ တီမှ အရှေ့အာရှရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ ဂျိမ်းစ်ဝက်ဘ် ဗမာပြည်သို့အလည်ပတ်ရောက်လာပြီး အာဏာသိမ်းစစ်အုပ်စု ခေါင်း ဆောင် သန်းရွှေနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဟာဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ အမေရိကန် အဆင့်မြင့်ထိပ်တန်း ကိုယ် စားလှယ်တို့ရဲ့ဆယ်စုနှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်လို့ဆိုရမှာပေါ့။ ဒီသွားရောက် လည်ပတ်တွေ့ဆုံမှုနှင့်အတူ အခွင့်အလမ်းတွေ တပါတည်းသယ်ဆောင်သွားသည့်အတွက် အမေရိကန် နိုင်ငံရေး ခေါင်း ဆောင်တွေ ရပ်ခံချက်သဘောထားအမြင်မှာတော့ ဗမာပြည်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းသင့်ကြောင်း၊ ဝက်ဘ် ဗမာပြည် ခရီးစဉ်မတိုင်မီ လာအို နိုင်ငံကိုပါ ဝင်ရောက်ခဲ့သေးသည့်အတွက် အမေရိကန်ပြည်ထောင်စုဟာ အရှေ့တောင်အာရှနိုင်ငံ အားလုံးနှင့် တကျော့ပြန်လည် ဆက်ဆံဖို့ရာအတွက် တဖန်စေ့စပ်ညှိနှိုင်းမှုလမ်းကြောင်းကို မလွဲမသွေလိုက်ပါဖို့အရေးသည်သာလျင် အခရာအကျဆုံးလို့ဆိုရမှာဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အတိအလင်းထုတ်ဖော်ပြော ဆိုသွားတယ်။
သြဂုတ် ၁၆ ရက်နေ့မှာ ယက်တောကို လွှတ်ဖို့ရာအတွက် ဝက်ဘ် ကို သန်းရွှေ ကတိပေးပြောကြားလိုက်တာဟာဖြင့် အမေရိကန် ပြည်ထောင်စုနဲ့ ချစ်ကြည်ရင်းနှီးမှု လက္ခဏာတရပ်ကို ဖွင့်လှစ်ပြသလိုက်ခြင်းလို့ဆိုရမှာပဲ။ အစကနဦး အောင်မြင်ဖြစ်ထွန်းမှု လက္ခဏာ ရပ်မှအစပြု၍ ချစ်ကြည်ရင်းနှီးမှု အုတ်မြစ်အခြေတည်ဆောက်ထားခြင်းမှသာ အနာဂတ်ကို ယုံကြည်စွာနဲ့ ရုပ်လုံးဖော်ထုဆစ်နိုင်မှာ ဖြစ်တယ်လို့ ဝက်ဘ် ကြေငြာချက်ထုတ်ပြီး တုန့်ပြန်ထားတယ်။ အစိုးရဌာနတွေမှ ယက်တော လွတ်မြောက်လာမှုကို လက်ကမ်းကြိုဆို သော်ငြား ဗမာအာဏာပိုင်တွေအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂,၁ဝဝ ကျော်ကို ချွင်းခြက်မရှိလွတ်ပေးပြီး သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းမှသာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းသို့ ဦးတည်စေမှာဖြစ်ကြောင်း ထပ်လောင်းပြောဆိုသွားတယ်။
ဝက်ဘ် စေ့စပ်ညှိနှိုင်းရေးအဆိုနဲ့ တပြိုင်နက်တည်း ချိန်ကိုက်ဆိုသလို အိမ်ဖြူတော်နှင့် သမ္မတ အိုဘားမား ထုတ်ပြန်ကြေငြာချက် ထွက်ပေါ်လာတော့တာပဲ။ ဒါ့အပြင် တချို့သောလွှတ်တော်အမတ်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားလုပ်ဆောင်သူတွေနှင့် ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေရဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေကို ပြန်လည်မရုတ်သိမ်းဖို့ရာ ဝေဖန်ပြစ်တင်ပြောဆိုမှုတွေတော့ရှိတယ်။ ဒီအတောအတွင်းမှာတင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထပ်မံတိုးချလိုက်ခြင်းကြောင့် ပိုမိုဆိုးဝါးတဲ့ ရလဒ်တွေသာ ထွက်ပေါ်လာနိုင်ပြီး အမေရိကန်ပြည်ထောင်စုမှ တချို့သောသက်ဆိုင်ရာအာဏာပိုင်တွေရဲ့ မှတ်ချက်ချပုံအရဆိုရင်တော့ ဗမာပြည် အပေါ်လက်ကိုင်ကျင့်သုံးမည့် မူဝါဒကိုပြန်လည်ဆန်းစစ်ဖို့လိုကြောင်း ထောက်ပြပြောဆိုထားတယ်။ ဒါတင်မက အခြားသော အမေရိ ကန် အာဏာပိုင်တွေက မြောက်ကိုရီးယား ကုန်တင်သင်္ဘော မြန်မာပြည်ဘက်ကို လှည့်သွားသည့်အတွက် အမေရိကန် စစ်သင်္ဘောမှ ကောင်းမွန်သည့် အရိပ်လက္ခဏာပြသည်အထိ စိုးရိမ်တကြီးနဲ့ စောင့်ကြည့်လေ့လာနေကြတယ်။
အမေရိကန်ရဲ့ စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုကို သူမအနေဖြင့် ကန့်ကွက်ကြောင်းပြောဆိုခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစု ကြည် နဲ့ တွေ့ဆုံစကားစမြည်ပြောဆိုရခြင်းကို သူ့အနေဖြင့် အတော်လေးဂုဏ်ယူအားတက်မိကြောင်း သြဂုတ်လ ၁၇ ရက်နေ့မှာ အ ထက်လွှတ်တော် အမတ် ဝက်ဘ် ထုတ်ဖော်မှတ်ချက်ချသွားတယ်။ စစ်အုပ်စု ခေါင်းဆောင်ပိုင်းတွေကတော့ နျူကလီးယား နည်းပညာ နဲ့ ပတ်သက်တဲ့ ကြိုးပမ်းအားထုတ်လုပ်ဆောင်ထားသည့် အစီရင်ခံစာတင်ပြချက်တွေကို ငြင်းပယ်ကန့်ကွက်ကြတယ်လို့ သူ့ပြော ဆိုချက်ထဲမှာ ထပ်ဆင့်ထည့်ပြောသွားတယ်။ အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင်ပိုင်းနဲ့ ဝက်ဘ် တွေ့ဆုံခဲ့ရခြင်းရင်းခံအကြောင်းတ ရားက ပြစ်ဒဏ်စီရင်ချက်ချထားသည့် သူကိုလွတ်မြောက်စေဖို့နှင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ခံတွေ့ဆုံခွင့်ပြုတယ်ဆိုတာက လည်း အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင်ပိုင်းဟာ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် နားလည်မှုအရယူသည့် သဘောထား မျိုးဖြင့် အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့ကိုလိုလားခြင်းဖြစ်တယ်။
အာဏာသိမ်း စစ်အုပ်စုအပေါ် အထီးကျန်မူဝါဒကျင့်သုံးခြင်းဖြင့် ဗမာပြည်အပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ တရုတ်သြဇာလွှမ်းမိုးမှု တိုးထက်သရွေ့တိုးလာခြင်းနှင့် ဒေသတွင်း မဟာဗျူဟာ အင်အားချိန်ခွင်လျှာ တဘက်စောင်းနင်းဖြစ်မည့် အန္တရာယ်ကို လက်ခံခွင့်ပြု လိုက်သလိုဖြစ်နေကြောင်း သြဂုတ်လ ၂၆ ရက်နေ့ နယူးယောက်တိုင်းမ် သတင်းစာမှာ ဝက်ဘ် အသားပေး ကောက်နှုတ်တင်ပြထား ချက်ကိုဖော်ပြပါရှိထားတယ်။ ဝက်ဘ်ရဲ့ခန့်မှန်းပြောဆိုချက်အရတော့ အိုဘားမား အုပ်ချုပ်ရေးကာလမှာ အာဏာသိမ်း စစ်အုပ်စုရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဖြစ်စဉ်နှင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်ရောက်ဖို့အတွက်ပါ အ ထောက်အပံ့ကူညီပေးဖို့ရာ ကမ်းလှမ်းမှုတွေထဲမှာပါဝင်တယ်။ ကုန်သွယ်ကူးသန်းရောင်းဝယ်မှု ပိတ်ဆို့ထားခြင်းကို ၁၉၉၄ ခုနှစ်မှာ အမေရိကန် ရုတ်သိမ်းချိန်မှာ ဗီယက်နမ် လူ့အဖွဲ့အစည်းကို ပိုမိုပွင့်လင်းလွတ်လပ်စွာ လုပ်ဆောင်ခဲ့ခြင်းဖြင့် ခိုင်းနှိုင်းပြောဆိုထောက်ပြ သွားခဲ့တယ်။
မြန်မာပြည်အပေါ် လက်ခံကျင့်သုံးမည့် မူဝါဒကို ပြန်လည်ဆန်းစစ်ဖို့ရာ ကျနော်တို့အနေဖြင့် တစုံတရာရာသော အပြောင်းအလဲကို တော့ စောင့်ကြည့်လေ့လာ အကဲခတ်ရအုံးမယ်ဆိုတဲ့ ဝက်ဘ်ရဲ့သဘောထားအမြင်ကို သြဂုတ်လ ၂၇ ရက်နေ့မှာ အိမ်ဖြူတော် ပြော ရေးဆိုခွင့်ရှိသူ အီရန် ကယ်လီ မှ တုန့်ပြန်ပြောဆိုခဲ့သော်ငြား အစောပိုင်းကာလထဲက အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသည့် လွှတ်တော်အမတ်တွေဟာဖြင့် အမေရိကန်ရဲ့ဗမာပြည်အပေါ် လွတ်လပ်စွာကုန်သွယ်မှုကိုမျှော်လင့် ထောက် ခံ မထားကြတာကတော့ သေချာတယ်။
ဝက်ဘ်ရဲ့ပရိယာယ်မမြောက်တဲ့ ကစားပွဲအခင်းအကျင်းကြောင့် စစ်အုပ်စုဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုကို ရသွား နိုင်သည့်အတွက် ပြည်ပရောက် ဗမာ့အတိုက်အခံအင်အားစုတွေက ဝက်ဘ်နဲ့ ပတ်သက်လို့ အတော်လေးကို စိတ်ဒေါသထွက်နေ ကြတယ်။ သို့ဆိုသည့်တိုင် စက်တင်ဘာလ ၂၃ ရက်နေ့ ကမ္ဘာ့ကုလသမဂ္ဂမှာ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်မှ ဝါရှင်တန် အစိုးရအနေဖြင့် ဗမာပြည်အပေါ် လက်ခံကျင့်သုံးမည့် မူဝါဒကို ပြုပြင်ပြောင်းလဲမှာဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ဗမာအာဏာ ပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်မှာဖြစ်သော်ငြား ပိတ်ဆို့အရေးယူဒဏ်ခတ်မှုတွေကိုတော့ ဆက်လက်ကိုင်စွဲထားမယ်လို့ ထုတ် ပြန်ကြေငြာသွားတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဝါရှင်တန်သို့ ဗမာဝန်ကြီးချုပ်ကို ပို့ဆောင်စေလွတ်ပြီးနောက် ဥရောပနိုင်ငံတွေအနေဖြင့် စီးပွားရေးအ ရ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုကို ရုတ်သိမ်းဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုနှင့် လက်တွဲလုပ်ဆောင်ဖို့ရာအတွက် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းခဲ့သည်ဆိုသော်ငြား ပြဿနာရပ်တွေရဲ့ ရင်းခံအကြောင်းတရား အချက်အလက်တွေကို ကျိုးကြောင်းခိုင်လုံစွာနဲ့ သိရှိထားဖို့ တော့ လိုအပ်တယ်လို့ ဆိုထားလေရဲ့။
အမေရိကန်-အရှေ့တောင်အာရှ ဆက်ဆံရေး ၂
Mindanao မှာ ကြွင်းကျန်ရစ်နေတဲ့ အငြင်းပွားဖွယ်ရာ ပဋိပက္ခ
လက်ရှိသမ္မတ အာရိုယို သက်တမ်းကာလ ကွန်ဂရက်လွှတ်တော် အတွင်း အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးဆွဲပြီး ပါလီမန်စနစ်ဖြင့် အကောင်အထည်ဖော် ပြောင်းလဲကျင့်သုံးဖော်ဆောင်ဖို့ရာ အစီအမံ တွေနှင့်အတူ ဂျွန်လ ၃ဝ ရက် ၂ဝ၁ဝ ခုနှစ်မှာ ကုန်ဆုံးမယ့် သူမရဲ့ သမ္မတ သက်တမ်းကာလအထိ ပါဝါကို အကန့်အသတ်နဲ့သာ ကျင့် သုံးဖို့ရာအတွက် ခွင့်ပြုထားမယ်ဆိုသည့် နိုင်ငံရေး အတွေးအခေါ် အယူအဆ ကောလဟာလတွေ ဖိလစ်ပိုင် နိုင်ငံအနှံ့အပြားဆိုသလို ထွက်ပေါ်လာနေတယ်။ ပြောင်းလဲရွှေ့ဆိုင်းလိုက်တဲ့ ဖိလစ်ပိုင် ရွေး ကောက်ပွဲရဲ့ နောက်ဆက်တွဲအကျိုးရလဒ်ဟာ ဝါရှင်တန်နဲ့ တိုက် ရိုက်ဆိုသလို ဆက်စပ်ပတ်သက်နေကြောင်း အမေရိကန်သံရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဇူလိုင်လ ၄ ရက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အမေရိကန် သံအမတ် ခရစ္စတီး ကန်နီထုတ်ဖော်ပြောဆိုခဲ့ တယ်။
ရင်းခံအကြောင်းတရားကတော့ သူမရဲ့ပုံမှန်သက်တမ်းကာလတဖက်အလွန်ရဲ့ မည်သို့သော ပြောင်းလဲမှုမျိုးကိုမှ အာရိုယို ငြင်းဆန် ကန့်ကွက်မှာ မဟုတ်သော်ငြား ဇူလိုင်လ ကုန်ပိုင်းအတွင်း ဝါရှင်တန်ကို အလည်ပတ်ခရီးစဉ်နဲ့ရောက်ခဲ့စဉ် ကာလအတောအတွင်း အမေရိကန်နှင့် အာဆီယံ ဆက်ဆံရေးတရပ် ပုံဖော်ရာဝယ်ဖိလစ်ပိုင်ရဲ့ အခန်းကဏ္ဍဟာ တိကျရှင်းလင်းမှုမရှိသေးကြောင်း သမ္မတ အိုဘားမား ထင်မြင်ယူဆထားကြောင်း ထုတ်ဖော်ပြောဆိုသွားတယ်။ ဖိလစ်ပိုင်အတွက်တော့ အမေရိကန်နဲ့ လက်ရှိဆက်ဆံရေးဟာ အခရာကျတယ်လို့ဆိုရနိုင်တဲ့ အကြောင်းရင်းက အမေရိကန် အထူးတပ်သား ၆ဝဝ ခန့်ဟာ အစ္စလာမစ် ပြည်သူ့စစ်ခေါင်းဆောင် အဘူဆေယက်ဖ် ကိုသုတ်သင်ချေမှုန်းဖို့ရာအတွက် ဖိလစ်ပိုင်စစ်တပ်ကို Mindanao မှာလက်ရှိတာဝန်ယူ ကူညီလေ့ကျင့်ပေးနေခြင်း၊ အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ ဖိလစ်ပိုင်တောင်ပိုင်း အဓိကကျသည့် လူမှုရေးလုပ်ငန်းဆောင်တာတွေလို့ဆိုရမယ့် ကျောင်းတည် ဆောက်ပေးခြင်း၊ လမ်း၊ တံတား အစရှိသည့် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာတွေမှာ ထောက်ပံ့ကူညီမှုတွေရယူထားတယ်။
သြ ဂုတ်လ ၁၃ ရက်မှာ Mindanao တဝိုက် အကြမ်းဖက်ဝါဒကို ဆန့်ကျင်တိုက်ခိုက်ဖို့ရာအတွက် နှစ်နိုင်ငံစစ်ရေးအရ ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ကနဦးသဘောတူညီချက်မှာ ဖိလစ်ပိုင်တောင်ပိုင်း ကမ်းရိုးတန်းတလျှောက်ဖြစ်သော ဆူလု၊ ဘာဆီလန်နှင့် တာဝီတာဝီ အတွင်း အကြမ်းဖက်မှု၊ မှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှုနှင့် ပင်လယ်ဓားပြရန် ကာကွယ်ဖို့ရာ အစီအမံတွေကို အကောင်အထည် ဖော် ကူညီလုပ်ဆောင်မှာ ဖြစ်တယ်။ ဖိလစ်ပိုင်တောင်ပိုင်း ကမ်းရိုးတန်း ပင်လယ်တလျှောက် စိမ့်ဝင်နေသည့် ဒုစရိုက်ပြုမူ လုပ်ရှားမှု တွေကို အဓိကထားလုပ်ဆောင်မှာဖြစ်တယ်။
သြဂုတ်လနှောင်းပိုင်း ကာကွယ်ရေးဝန်ကြီး ဂိတ်စ် မှဖိလစ်ပိုင်မှာ ကြွင်းကျန်ရစ်နေသည့် စစ်သည် ၆ဝဝ ကိုဖိလစ်ပိုင်နဲ့အာဖဂန်နစ္စတန် သို့ ပြန်လည်ခွဲဝေနေရာချသတ်မှတ်ပြီး ပင်တဂွန်မှနေ၍ အထူးစစ်ဆင်ရေးတရပ်အဖြစ်ပူးပေါင်းဆင်နွှဲဖို့နှင့် ဂိတ်စ်ရဲ့ဒီဆုံးဖြတ်ချက်နဲ့ တပြိုင်နက်တည်းဆိုသလိုမှာပဲ တချို့သော အမျိုးသားရေးဝါဒီတွေနဲ့ ဖိလစ်ပိုင် လက်ဝဲဝါဒီ ဥပဒေပြုလွှတ်တော်အမတ်တွေကတော့ ဖိ လစ်ပိုင်-အမေရိကန် စစ်ရေးဆိုင်ရာအရ ဧည့်ဝတ်ကျေ သဘောတူညီချက်အပေါ်ဆန့်ကျင်ကန့်ကွက်သည့်အဆိုတင်သွင်းခြင်းအပြင် တောင်ပိုင်းဒေသအတွင်း အမေရိကန်တပ်စွဲထားခြင်းဟာဖြင့် ဖိလစ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက် ကြောင်း ဖိလစ်ပိုင်နဲ့ အမေရိကန်စစ်တပ်အပေါ်အကျယ်တဝင့်စွပ်စွဲငြင်းဆိုထားတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ဟာ Mindan ao တဝိုက်ဝန်းရံထားပြီး ဂြိုဟ်တုဆက်သွယ်ရေးနည်းစနစ်တွေဖြင့် စုံစမ်းထောက်လှမ်းခြင်းအမှုကို အတူပူးပေါင်းပြုမူလုပ်ဆောင်မှာ တယ်လို့ ဖိလစ်ပိုင် စစ်ဖက်ဆိုင်ရာအရာရှိတွေကတော့ ထွက်ဆိုထားပါတယ်။ စစ်ဖက်ဆိုင်ရာ ဧည့်ဝတ်ကျေ သဘောတူညီထားမှုဖြစ် တဲ့ အမေရိကန်ထောက်လှမ်းရေးတွေရဲ့ ပြုမူလုပ်ဆောင်ချက်တွေဟာ ဖိလစ်ပိုင် ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်တယ်လို့ တချို့သောသူတွေက ဆန့်ကျင်ကန့်ကွက်ကြလေရဲ့။ (ရာပေါင်းများစွာသော အမေရိကန်စစ်သည်တွေဟာ ၂ဝဝ၂ ခုနှစ်ထဲကစတင်လို့ ဝင်ရောက်အခြေချ နေရာယူထားကြပြီး ဖြစ်တယ်။)
Mindanao တဝိုက်မှာစတည်းချတပ်ဖြန့်ထားသည့် စစ်သည်တွေဟာ သူတို့ရဲ့လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ 80% နီးပါး ခန့်သော အချိန်ကာလတွေကို မြုပ်နှံထားကြရပြီး ဖိလစ်ပိုင်စစ်တပ်အတွက် ထောက်လှမ်းရေးဆိုင်ရာ အကူအညီတွေကိုဖြည့်တင်းပေး နေရတာဖြစ်ကြောင်း အမေရိကန်-ဖိလစ်ပိုင် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ တာဝန်ရှိသူ ဗိုလ်မှူးကြီး ဘီလ် ကိုးထရပ် စက်တင်ဘာလ ၁ ရက်နေ့မှာ ဆင်ဟွာ (တရုတ်) သတင်းဌာနကို ထုတ်ဖော်ပြောကြားသွားလေရဲ့။ တချိန်တည်းဆိုသလိုမှာပဲ အမေ ရိကန်ရဲ့ ဖိလစ်ပိုင်အပေါ်လက်ရှိအကူအညီပေးဆောင်ရွက်ချက်တွေဟာ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ရာမလိုအပ်သည့် နည်းလမ်းအသွယ် သွယ်ဖြင့် လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သမ္မတအာရိုယို ခုခံကာကွယ်ပြောဆိုသွားခဲ့တယ်။ လမ်း၊တံတားနဲ့ ကျောင်းတည် ဆောက် လုပ်ဆောင်ပေးခြင်းတွေဟာဖြင့် soft ပါဝါကို အရှိန်မြှင့်တိုးချဲ့လုပ်ဆောင်ခြင်းဖြစ်တယ်။ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တိုက် ခိုက်ဖို့ရာအတွက် လုံလောက်သည့် လေ့ကျင့်သင်တန်းပေးမှုတွေ လူမှုရေးနဲ့ အရပ်ဖက်ဆိုင်ရာ လှုပ်ရှားလုပ်ဆောင်မှုတွေမှာ အမေ ရိကန် ပြည်ထောင်စုအနေဖြင့် သမရိုးကျမဟုတ်သည့် ဖိလစ်ပိုင်နိုင်ငံရဲ့လုံခြုံရေးဆိုင်ရာ ပြဿနာရပ်တွေကိုဖြေရှင်းရာဝယ် သဘာဝ ဆိုင်ရာကပ်ဆိုးတွေကို တုံ့ပြန်အကူအညီပေးမှု၊ ဇလဗေဒဆိုင်ရာ အပြောင်းအလဲ၊ မူးယစ်ဆေးဝါးဆိုင်ရာ မှောင်ခိုကုန်ကူးသန်းရောင်း ဝယ်မှုနှင့် ပင်လယ်ရေပိုင်နက်ဆိုင်ရာ လုံခြုံရေး အစရှိသည့် ဖိလစ်ပိုင် လူမှုရေးဆိုင်ရာထောက်ပံ့ကူညီမှုတွေပါဝင်မှာဖြစ်ကြောင်း စက် တင်ဘာလ အလယ်ပိုင်းလောက်တုန်းက ကာကွယ်ရေးဝန်ကြီး ဂရင်းဘတ်လ် တီအိုဒိုရာ ဂျူနီယာ ဝါရှင်တန်သို့ အလည်ပတ်ရောက် စဉ်ကာလတုန်းက ကာကွယ်ရေးဝန်ကြီး ဂိတ်စ် ထုတ်ဖော်ပြောဆိုသွားခဲ့တယ်။ အရှေ့တောင်အာရှမှာ ဒီအတိုင်းအတာလောက် ထွက် ပေါ်လာရုံလောက်နဲ့တော့ ကျေနပ်အားရဖွယ်နေလို့မရနိုင်သေးကြောင်း အထက်လွှတ်တော် အမတ် ဝက်ဘ် ဖိလစ်ပိုင်သို့ အလည် ပတ် ရောက်ခဲ့စဉ်ကာလတုန်းက တီအိုဒိုနဲ့တွေ့ဆုံရာဝယ် ထုတ်ဖော်ပြောဆိုသွားခဲ့တယ်။
ဖိလစ်ပိုင်မှာ စက်တင်ဘာလ ၁၉ ရက်နေ့ကဖြစ်ပွားခဲ့သည့် အမေရိကန်စစ်သားတွေရဲ့ ကျည်ပေါက်မှုနဲ့ ပတ်သက်လို့ ပစ်မှတ်တခုကို ဖောက်ခွဲဖျက်ဆီးဖို့ရာ ဦးတည်နေသည်ဟူသော ယုံကြည်ချက်ကြောင့် ခုခံကာကွယ်သည့်အနေဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန် စစ်တပ်ရဲ့ သတင်းအစီရင်ခံစာတွေမှာထည့်သွင်းဖော်ပြပါရှိထားတယ်။ စစ်ဖက်ဆိုင်ရာအရ ဧည့်ဝတ်ကျေ သဘောတူညီလုပ်ဆောင် ချက်တွေကနေ အသွင်ကွဲလွဲမှုတွေအပေါ်မှာ စေ့စပ်ညှိနှိုင်းလုပ်ဆောင်နိုင်မှာမဟုတ်သော်ငြား ခုခံကာကွယ်နိုင်ဖို့ရာ အခွင့်အရေးတွေ တော့ရှိတယ်လို့ဆိုရမှာပဲလို့ ဒီသဘောတူညီချက်နဲ့ပတ်သက်လို့ အမြင်တူညီမှုမရှိနိုင်ကြောင်း ဖိလစ်ပိုင်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ထုတ်ဖော်ပြောဆိုသွားလေရဲ့။
ဂျာကာတာ ဗုံးခွဲတိုက်ခိုက်သူ အစ္စလာမစ် ပြည်သူ့စစ်ခေါင်းဆောင်ကို အသေဖမ်းဆီးရမိခြင်း
အကြမ်းဖက်သမားတွေရဲ့ပြင်းထန်သည့် တိုက်ခိုက်မှု အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့ခြင်းမရှိသည့် လေးနှစ်ကျော်ကာလအပြီး ဇူလိုင်လ ၁၇ ရက်နေ့မှာ ဂျီမက် အစ္စလာမ်မီရာ ဂိုဏ်းခွဲအုပ်စုတွေရဲ့ဦးဆောင်မှုအောက်မှနေ၍နာမည်ဆိုးဖြင့်ထင်ရှားကျော်စောသည့်ဖောက်ခွဲ ရေးကျွမ်းကျင်သူ မိုဟာမက် နိုအောဒင် စေလွှတ်လိုက်သည့် အသေခံဗုံးခွဲသူနှစ်ဦးရဲ့ဂျာကာတာ မြို့တော်တွင်းရှိ Marriot နှင့် သိသာ Ritz-Carlton တည်းခိုရိပ်သာနှစ်ခုကိုဝင်ရောက်တိုက်ခိုက်မှုကြောင့် လူဆယ်ဦးသေဆုံးပြီး ငါးဆယ်ကျော် ဒဏ်ရာရခဲ့သည့်ဖြစ်ရပ်တွင် ထင်ရှားသည့်အချက်က ဒီတည်းခိုရိပ်သာနှစ်ခုတွင် နေထိုင်တည်းခိုကြသော ဥရောပသားတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ပြီး နည်းကျဉ်းလှသော အင်ဒိုနီးရှားနိုင်ငံသားတချို့သာပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်။ အင်ဒိုနီးရှား မွတ်စလင် အဖွဲ့ အစည်းတွေဖြစ်တဲ့ Nahdlatulh Ulama နှင့် Muhammadiyah အဖွဲ့တွေက ဒီဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ NU အဖွဲ့ ဥက္ကဋ္ဌရဲ့ ထုတ် ဖော်ပြောဆိုရာဝယ် အကြမ်းဖက်ဝါဒဟာ ဘာသာရေးတရပ်မဟုတ်သလို အသေခံဗုံးခွဲတိုက်ခိုက်သူတွေကို ဦးစီးကြိုးကိုင်ဆောင်ရွက် နေသူတွေဟာ မွတ်စလင်လူမျိုးဆိုတဲ့ အစွဲအလမ်းဟာ မှားယွင်းကြောင်းပြောဆိုသွားလေရဲ့။
သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ဟာ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အပြင်းအထန် ကန့်ကွက်ဝေဖန် ပြောဆိုခဲ့ကြပြီး တကယ်လို့များ အင်ဒိုနီးရှား အစိုးရအနေဖြင့်လိုအပ်သည့် အကူအညီတွေတောင်းဆိုမယ်ဆိုရင်ဖြင့် ထောက်ပံ့ကူညီ မှုပေးဖို့ရာအတွက် အဆင်သင့်ပဲလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။ ၂ဝဝ၃ ခုနှစ် ဘာလီကျွန်းတိုက်ခိုက်မှုနဲ့ ၂ဝဝ၅ ခုနှစ် ဂျာကာတာ Marriott တည်းခိုရိပ်သာတိုက်ခိုက်ခံရမှုတွေအပြီးမှာFBI မှုခင်းရေးရာ ကျွမ်းကျင်သူတွေဟာ အင်ဒိုနီးရှားထောက်လှမ်းရေးတွေရဲ့အ ကူအည်ီရတွေရယူခဲ့ကြတယ်။ အမေရိကန် ထိပ်တန်းအရာရှိတယောက်ရဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး တွေရဲ့စောင့်ကြပ်ကြည့်ရှုမှုပိုင်းဆိုင်ရာ အားနည်းချို့ယွင်းချက်ကြောင့်သာလျင်ဖြစ်တယ်လို့ ABC သတင်းအသံလွှင့်ဌာနကို ထုတ်ဖော် ပြောဆိုသွားလေရဲ့။ အမေရိကန်နှင့် သြစတေးလျ ထောက်လှမ်းရေး အဆင့်မြင့်နည်းပညာရပ်တွေအပြင် အင်ဒိုနီးရှား ရဲတပ်ဖွဲ့အကူ အညီနဲ့ ဂျီဟတ် အစ္စလာမစ် ခေါင်းဆောင်အများစုကို အသေ (သို့) ဖမ်းဆီးထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်နေကြတယ်။
အစ္စလာမ် တရားတော်နှင့်အညီ တိုင်းနိုင်ငံတရပ်ထူထောင်ဖို့ရာ ဘာသာရေးအရ ဆွဲဆောင်သိမ်းသွင်းလုပ်ဆောင်မည့်အစား အခြေ ခံဝါဒီတွေ အင်အားကြီးထွားလာအောင် ဘာသာရေးအရဆွဲဆောင်သိမ်းသွင်းမှုကို ရှောင်ကြဉ်ပြီး အစ္စလာမ် တရားတော်နှင့်အညီ အုပ် ချုပ်သည့် တိုင်းနိုင်ငံတရပ်ထွက်ပေါ်လာအောင်လုပ်ဆောင်ရမှာဖြစ်ကြောင်း အခြေခံဝါဒီတွေအင်အားကြီးထွားလာပြီး အကြမ်းဖက် တိုက်ခိုက်မှုအပေါ်ထောက်ခံကြောင်း ဂျီဟတ်အစ္စလာမ်မစ် အုပ်စုရဲ့ခေါင်းဆောင် နိုအော်ဒင်ထုတ်ဖော်ပြောဆိုသွားတယ်။ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဟာ ဂျာဗာကျွန်းတဝိုက် နိုအော်ဒင်ရှိနိုင်မည့်နေရာဒေသတွေကို အမဲလိုက်သလို ခြေရာခံလိုက်လံရှာဖွေရာ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဗဟိုဂျာဗာ ဒေသရဲ့ ဂျီဟတ် အစ္စလာမ်မစ် အိမ်ရာမှာ ရှစ်နာရီကျော်ကြာတိုက်ခိုက်မှုအပြီး မလေးရှားနွယ်ဖွား နိုအော် ဒင် အပါအဝင်ပြည်သူ့စစ်သားလေးဦးကို အသေဖမ်းဆီးရမိခဲ့တယ်။ အမေရိကန် အစိုးရဌာနဟာ ဒီဝင်ရောက်တိုက်ခိုက်အောင်မြင်မှု အကျိုးရလဒ်အပေါ်မှာ နိုင်ငံရေး အစွန်းရောက်တွေအပေါ် အင်ဒိုနီးရှားရဲ့ယခုလိုတိုက်ခိုက်အနိုင်ယူခြင်းဟာ သိသာထင်ရှားသည့် ရှေ့ ဆက်လုပ်ဆောင်ရမည့် အောင်မြင်မှုခြေလှမ်းတရပ်ဖြစ်ကြောင်း ချီးကျူးထောမနာဂုဏ်ပြုစကားအပြင် ချက်ချင်းဆိုသလို တုန့်ပြန် လုပ် ဆောင်နိုင်စွမ်းကြောင့် ဒီစစ်ရေးစီမံလုပ်ဆောင်ချက်မှာ ကျနော်တို့ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသလို ဝင်ရောက်တိုက်ခိုက်ဖို့ရာအတွက် လည်း သတင်းတစုံတရာ ထောက်ပံ့ကူညီခဲ့ခြင်းမရှိကြောင်း ထပ်လောင်းပြောဆိုခဲ့လေရဲ့။
No comments:
Post a Comment