
မန်ဇူး(ဘာသာပြန်သည်)
Thursday, November 05, 2009
မြန်မာ၊ တောင်တရုတ် ပင်လယ်ရေပိုင်နက် အငြင်းပွားမှု ပြဿနာ လွန်ခဲ့သော ဆယ်စု နှစ်နှစ်ခုတာ ကာလထဲက နယ်စပ်မျဉ်းတ လျှောက် နေရာအနှံ့ဆိုသလို ကြီးမားကျယ် ပြန့်လှတဲ့ တရုတ်ပြည်ရဲ့ အကျိုးစီးပွားတွေ ဟာ နယ်စပ်ဒေသတွေမှာ အောင်မြင်ဖြစ် ထွန်းခဲ့ပေမယ့် များမကြာမီ ကာလတွေအ တွင်း အာဏာသိမ်း စစ်အုပ်စုနဲ့ တိုင်းရင်း သား လက်နက်ကိုင် လူမျိုးစုတွေရဲ့ နယ်စပ် တလျှောက် ဖြစ်ပွားတဲ့ နိုင်ငံရေး မကျေလည် မှု ပြဿနာကြောင့် တရုတ်ပြည်ရဲ့ လက်ရှိ အနေအထားတရပ်ကို ယိုင်လဲချည့်နဲ့သွားစေခဲ့တယ်။ တရုတ်၊ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ အချုပ် အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် ပွတ်တိုက်အငြင်းပွားမှု၊ ငါးဖမ်းလုပ်ငန်းအပေါ် စောင့်ကြပ်ကြည့်ရှုမှုနဲ့ တောင်တရုတ် ပင်လယ်ရေပိုင် နက် အငြင်းပွားမှုတွေမှာ အာရုံဖစိုက်မှု လျော့နည်းလာတယ်လို့ ဆိုရမှာပဲ။
တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်မှု နယ်ပယ်တရပ်ဖြစ်မြောက် အကောင်ထည်ဖော်လာဖို့ရာအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနှင့်တရုတ်ပြည်သဘောတူစေ့စပ်ညှိနှိုင်းပြီးရင်းနှီးမြုပ်နှံမှုပြုဖို့ရာအပြီးသတ်လုပ်ဆောင်ချက်ဟာ လာမည့် ၂ဝ၁ဝ ခုနှစ် ဇန်နဝါ ရီလမှာစတင် အကျိုးသက်ရောက်မှုရှိလာမှာ ဖြစ်တယ်။ တရုတ်ပြည်ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တခြားသီးသန့်လုပ်ဆောင်ချက်တွေဖြစ် တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် အာဆီယံဒေသဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတွင်းအကောင်အထည်ဖော်မည့် အစီအမံတွေကို ဒေသတွင်း အသံလွှင့်မီဒီယာတွေမှာ တိုက်ရိုက် ဆိုသလို ထုတ်လွှင့်ပြသပြီး မီးမောင်းထိုးပြသခဲ့တယ်။
တရုတ်-မြန်မာ ဆက်ဆံရေး
တရုတ်-မြန်မာ ဆက်ဆံရေးဟာ ဒီအတောအတွင်းမှာတင် အစပျိုးတည်ဆောက်ယူရမည့် အနေအထားတရပ်မှာပေါ်လွင်ထင်ရှားနေ တယ်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ စီးပွားရေးအရ ဒဏ်ခတ်အရေးယူပိတ်ဆို့ လုပ်ဆောင်မည့် ဆောင်ရွက်ချက်အပေါ် သ ဘောမတူ ကန့်ကွက်ခြင်း၊ အာဏာသိမ်းစစ်အုပ်စုတွေ ဇူလိုင်လထဲမှာတင် ဒေါ်အောင်ဆန်းစုကြည် ကိုထပ်မံပြီး နေအိမ်အကျယ်ချုပ်နဲ့ စီရင်ချက်ချလိုက်သည့်အတွက် တရုတ်ပြည်ရဲ့ ရည်ရှည်ရပ်တည် ကိုင်ဆွဲလာတဲ့ တခြားပြည်တွင်း ဝင်ရောက်မစွက်ဖက်ရေးဆိုသည့် မူနှင့် သဘောထား ပျော့ပြောင်းလာနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တို့ကို ဆက်လက်ထိန်းသိမ်းထားတယ် ဆိုတာကတော့ သိသာထင် ရှားလွန်းတယ်။
သို့သော်ငြား ပီကင်းနဲ့ အာဏာသိမ်းစစ်အုပ်စုတွေရဲ့ ဆက်ဆံရေး ပြိုလဲပျက်စီးဖို့ရာအတွက် ရှေ့ပြေးနိမိတ်အရိပ် ယောင်လို့ဆိုရမယ့် သြဂုတ်လ အတွင်းဖြစ်ပျက်ခဲ့သည့် တရုတ်-မြန်မာ နယ်စပ်တလျှောက် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ရုတ်ခြည်းဆိုသလို သဘောထားပြောင်းလဲပြီး တိုက်ခိုက်ခဲ့သည့်အတွက် တရုတ်ပြည်ရဲ့ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာမူဝါဒ အကျပ်အတည်းနှင့်အတူ ထိပါးစိန်ခေါ်လာမှုတွေပါ ဖြစ်ပေါ်ကြုံတွေ့လာရနိုင်ဖွယ်ရှိတယ်။
ပြည်တွင်းလုံခြုံရေး ဥပဒေချိုးဖောက်မှုနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်စီရင်ချက် သုံးနှစ်ထပ်မံချလိုက် သည့်အတွက် မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ တရားစီရင်ရေးကိုနိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အသိအမှတ်ပြု လေးစားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်စီရင်ချက်ချမှတ်လိုက်ပြီးနောက် ဇူလိုင်လ ၁၄ ရက်နေ့မှာ တရုတ် နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ဆော်သြချက်ထွက်ပေါ်လာတာပဲ။ မေလအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ရက်တော ဖိတ် မန္တကပြုခြင်းမရှိပဲ ရေကူးပြီး နှစ်ရက်ကြာနေထိုင်သွားသည့်အတွက် နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြစ်ဒဏ်ကျခံရခြင်း ဖြစ်တယ်။
မြန်မာ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ချမှုအပေါ် ဥရောပနိုင်ငံတွေရဲ့အခဲမကြေမှုနှင့် အာဆီယံ ထုတ်ပြန်ကြေငြာချက်လို့ ဆိုရမယ့် အ တော့်ကို စိတ်ပျက်မိတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ချိန်ခါသင့်ဆိုသလို တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေကနေ ထုတ်ပြန်ကြေငြာ ခဲ့တယ်။ တရုတ်ပြည်ရဲ့မီးမောင်းထိုး ထုတ်လွှင့်ပြသမှုကြောင့် အာဏာသိမ်း စစ်အုပ်စုဟာ စီရင်ဆုံးဖြတ်ချက်ကို ၁၈ လ ဆိုပြီးလျော့ချ လိုက်တယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ ပြစ်တင်ဝေဖန်မှုတွေ ရှောင်ကြဉ်ပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဦးတည်သွားဆိုတဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ဆော်သြချက်ကို ဆန်းစစ်ကြည့်ရင် တရုတ်နိုင်ငံပိုင် သတင်းမ်ီဒီ်ယာတွေဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာပြည်နဲ့ ပတ်သက်လို့ အရေးယူပိတ်ဆို့မှု မှန်သမျှကို တားဆီးပိတ်ပင်ပြီး တရုတ်ပြည်ရဲ့ ဝင်ရောက်မစွက် ဖက်ရေးမူကို လက်ကိုင်ကျင့်သုံးတယ်ဆိုတာ ထင်ရှားနေတာပဲ။
အလားသဏ္ဌာန်ဆင်တဲ့ ယှက်နွယ်မှုက မြန်မာပြည်ကို ဇူလိုင် လအတွင်း သုံး-လေးရက်ကြာ အလည်ပတ်သွားရောက်ခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို ပြန်လည်ဆန်းစစ် အကဲဖြတ်သည့် ဇူလိုင်လ ၁၃ ရက်နေ့ တွေ့ဆုံဆွေးနွေး ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဘန်ကီမွန်း တွေ့ဆုံဖို့ရာ အာဏာသိမ်း စစ်အုပ်စုရဲ့ ငြင်းပယ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် ကမ္ဘာ့ ကုလသမဂ္ဂရဲ့ တရုတ်ပြည်ဆိုင်ရာ သံအမတ်ကြီးမှ ခုခံကာကွယ်ပြောဆိုခဲ့တယ်။ မောက်မာဝင့်ကြွားမှုနဲ့ အခုအခံ အစွဲအလမ်းတွေ လျော့နည်းသွားမှသာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဦးတည်နိုင်မှာ ဖြစ်တယ်။
ဒီနောက်ခံဖြစ်ရပ်မှာပဲ ဆန့်ကျင်ဖက် အမြင်တွေလို့ဆိုရမယ့် တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေကနေ ဒေါ်အောင်ဆန်းစုကြည် အ ပေါ် စီရင်ချက်ချမှတ်ပြီးနောက်ပိုင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျိမ်းစ်ဝက်ဘ် မြန်မာပြည် အလည်ပတ်လာရောက်သည့် ခရီးစဉ်နဲ့ပတ်သက်လို့ ပြည်သူလူထုကို တင်ပြရာမှာ အပေါင်းလက္ခဏာအသွင်ဆောင်တဲ့ သဘောထားတွေနဲ့ တင်ပြလာတာတွေ့ရ တယ်။ အမေရိကန် အထက်လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ ဆယ်စုနှစ် တခုကျော်ကြာမှ မြန်မာပြည် လာရောက်လည်ပတ် ပြီး ပထမဆုံးအကြိမ် သန်းရွှေနဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့သလို ရက်တော ကို လွတ်မြောက်အောင် လုပ် ဆောင် သွားနိုင်ခဲ့တယ်။ ဝက်ဘ် အလည်ပတ်သွားရောက်သည့် ခရီးစဉ်ဟာဖြင့် အုပ်ချုပ်ရေးယန္တရားကို ကိုယ်စားမပြုကြောင်း လက် မတင်လေး အိမ်ဖြူတော်မှ ထုတ်ပြန်ကြေငြာချိန်၊ အိုဘားမား အုပ်ချုပ်ရေးကာလ မြန်မာပြည်အပေါ်ထားရှိတဲ့ အမေရိကန်အစိုးရ မူဝါဒ ကိုပြန်လည်သုံးသပ်ကြောင်း ဝက်ဘ် ရဲ့ ပြုမူလုပ်ဆောင်ချက်ကို ရည်ညွှန်းကိုးကားပြီး တရုတ်ပြည်မှ ကြေငြာချက်ထုတ်ပြန်ခဲ့တယ်။
တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျှောက် ထိပ်တိုက်ရင်ဆိုင်ရမှု မြန်မာပြည် ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ် လူမျိုးစု အနွယ်ဝင် ထဲမှာပါဝင်တဲ့ ကိုးကန့်ဒေသ အခြေချနေထိုင်သူ မြန်မာတိုင်းရင်းသား လက်နက်ကိုင်လူမျိုးစုတွေကို သြဂုတ်လအတွင်း အာဏာသိမ်း စစ်အုပ်စု ရုတ်တရက် အလစ်ဝင်ရောက် တိုက်ခိုက်မှုကြောင့် နှစ် နှစ်ဆယ်ကြာ အပစ်အခတ်ရပ်စဲထားသည့် သဘောတူညီမှု စည်း ကျိုးပေါက်သွားခဲ့ရပေမယ့် ဘယ်လိုအကြောင်းအရာတွေ ကြွင်းကျန် ရစ်မယ်ဆိုတာ အသေးစိတ် မသိရပေမယ့်လို့ စစ်အုပ်စုဟာ လာ မည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပနိုင်ဖို့ရာ လွှမ်းမိုးခြယ် လှယ်နိုင်ဖို့ရာအတွက် ကြိုးပမ်းအားထုတ်ခြင်းပဲဖြစ်တယ်။ ကိုးကန့် လက်နက်ကိုင်အဖွဲ့တွေကို စစ်အုပ်စု ရုတ်ခြည်းဝင်ရောက်တိုက် ခိုက်မှုကြောင့် ဒုက္ခသည်ပေါင်း ၃၅,ဝဝဝ ကျော်ဟာ တရုတ်ပြည်ထဲကို ဝင်ရောက်ထွက်ပြေးခိုလှုံသွားကြရတယ်။ တရုတ် သတင်းအစီရင်ခံစာတွေရဲ့ အဆိုအရ မြန်မာပြည်ဘက်မှ ပစ်ခတ်လိုက်တဲ့ အမြောက် ဆန် သုံးလုံးကြောင့် တရုတ်ပြည် ယူနန်နယ်ထဲကို ကျရောက်လာရသည့်အတွက် နယ်စပ်ဒေသ အခြေချနေထိုင်သူ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် နယ်စပ်ဒေသ အခြေချနေထိုင်သူ တရုတ်လူမျိုးတဦးနှင့် ၁၃ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ကြ၍ ကိုးကန့် ဒေသမှ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်တယ်။
နယ်စပ်တလျှောက် အဓိက ဖြစ်ပွားခဲ့ခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးဟာ အတော့်ကို ရှုပ်ထွေးကြီးထွားလာနိုင်တယ်။ သွေး ထွက်သံယို တိုက်ခိုက်မှုတွေအပေါ် တရုတ်ပြည်အနေဖြင့် ဖျောင်းဖျခြင်းငှာ မစွမ်းသာကြောင်း တရုတ်-မြန်မာ အကျပ်ရိုက်မှုဆိုပြီး နိုင်ငံ တကာ ပဋိပက္ခဆိုင်ရာ လေ့လာရေးအဖွဲ့မှ ခေါင်းစီးတပ် အစီရင်ခံစာနဲ့ ထုတ်ပြန်ကြေငြာခဲ့တယ်။ ပီကင်းရဲ့မြန်မာပြည်အပေါ် သြဇာ လွှမ်းမိုးနိုင်မှုဟာ ဆုတ်ယုတ်မှုနှင့် အလေးသာမှု လွန်ဆွဲနေတယ်လို့ အနီးစပ်ဆုံးနဲ့ ဖြစ်နိုင်ချေအရရှိတယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြ ပါရှိထားတယ်။ အာဏာသိမ်း စစ်အုပ်စုဟာ ရက်စက်ကြမ်းကြုတ်ပြီး အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် တို့နဲ့ ဆက်ဆံရာမှာ အရံတံတိုင်းအနေဖြင့် ချွန်မြသည့် အမျိုးသားရေးစိတ်ဓာတ်နှင့် အင်အားချိန်ခွင်လျှာထိန်းညှိဖို့ရာ ကြိုးစားအား ထုတ်ခြင်းဖြစ်တယ်။
တရုတ် ခေါင်းဆောင်တွေဟာ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကိုဦးတည်စေမည့် လုပ်ရပ်တွေမှာ ကဖျက်ယဖျက်နဲ့ ဖျက်မြင်းသဖွယ် အတော်လေး အားသွန်ခွန်စိုက်လုပ်ဆောင်နေကြောင်း အီအန်စတိုရေး ဆောင်းပါး ဖြစ်တဲ့ တရုတ်ပြည်ဆိုင်ရာ အကျဉ်းချုပ်မှတ်တမ်းမှာ ကောက်နှုတ်ဖော်ပြထားတယ်။ ၂ဝဝ၄ ခုနှစ်ထဲကစလို့ တရုတ် ခေါင်းဆောင်တွေ ဟာ အာဏာသိမ်းစစ်အုပ်စု နိုင်ငံရေးအရ ပြောင်းလဲဖော်ဆောင်ဖို့ရာ အကြံပြုတိုက်တွန်းခဲ့ပေမယ့်လို့ စစ်အုပ်စုရဲ့ အပြုအမူအပေါ် အ ကန့်အသတ်နဲ့သာ လွှမ်းမိုးလုပ်ဆောင်နိုင်ကြောင်း အနည်းဆုံး ဥပမာရပ် သုံးခုနဲ့ခိုင်းနှိုင်းကောက်နှုတ် တင်ပြထားတယ်။
နောက်ဆုံး ဖြစ်ပျက်ခဲ့သည့် နယ်စပ်မျဉ်းတလျှောက် တင်းမာမှုပြဿနာမှာ ပီကင်း ချဉ်းကပ်လုပ်ဆောင်ရာဝယ် သတိရှိရှိနဲ့ ချင့်ချိန်နှိုင်း ဆပြီး ကိုင်တွယ်ဖြေရှင်း တုန့်ပြန်ခဲ့တယ်။ ပြည်တွင်း ပြဿနာရပ်ကို မှန်ကန်သောနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာမှသာ တရုတ် မြန်မာနယ်စပ် ဒေသဆိုင်ရာ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာပြည် အ ပေါ် မေတ္တာရပ်ခံတောင်းဆိုခဲ့တယ်။ ကိုးကန့်ဒေသတွင်း အခြေချနေထိုင် ရပ်တည်ပြီး သက်မွေးဝမ်းကျောင်းပြုနေတဲ့ တရုတ် နိုင်ငံ သားတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စုအနေဖြင့် အပြည့်အဝ တာဝန်ယူပေးဖို့ရာ ကမ်းလှမ်းတောင်းဆိုခဲ့တယ်။
တချိန်တည်းဆိုသလို တရုတ်နယ်စပ်ဒေသတလျှောက် စစ်ဆေးစုံစမ်းဖို့ရာနှင့် ယူနန် ပြည်နယ်တွင်း တည်ငြိမ်မှုရရှိနိုင်ရေးအတွက် ဒေ သခံ အာဏာပိုင်တွေကို ကူညီထောက်ပံ့စေခြင်းအလို့ငှာ ပီကင်းခေါင်းဆောင်တွေဟာ ပြည်သူ့လုံခြုံရေးဝန်ကြီး မန်ဇီရန်ဇူးနှင့် တခြား သော ထိပ်တန်းအရာရှိတွေကို စေလွှတ်တာဝန်ပေးခိုင်းစေခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိတယ်။ ယူနန်ပြည်နယ်အစိုးရ ဟာ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ရာ ရည်ရွယ်ချက်ဖြင့် ယန္တရားကို ပြန်လည်အသက်သွင်း လုပ်ဆောင်ရာဝယ် နယ် စပ်ဒေသ အခြေချနေထိုင်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနှင့် လက်ရှိအနေအထားထက်ပိုပြီး ဆိုးရွားမှုမရှိရလေအောင် ဆက်နွယ်မှုရှိတဲ့ ဆောင်တာတခုချင်းစီအလိုက်ကို ရွက်ကုန်ဖွင့် အားထုတ်ကြိုးပမ်း လုပ်ဆောင်လေရဲ့။
နယ်စပ်တစ်လျှောက်မှာဖြစ်တဲ့ ပဋိပက္ခပြဿနာတွေကနေ လျှံထွက်လာမယ့် ဖြစ်နိုင်ချေ ဘေးထွက်ဆိုးကျိုးတွေဟာ တရုတ်ခေါင်း ဆောင်တွေနဲ့လည်း ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတာ ဒီလုပ်ဆောင်ချက်တွေကနေ ရည်ညွှန်းဖော်ဆောင်နေတယ်။ ကိုးကန့်တိုင်း ရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေအပေါ် အာဏာသိမ်း စစ်အုပ်စုရဲ့ဝင်ရောက်တိုက်ခိုက်မှုကို ပီကင်း အနေဖြင့်တားဆီးခြင်းငှာ မစွမ်းသာသော်ငြား တရုတ် အမျိုးသား အကျိုးစီးပွား လုံခြုံရေးအတွက်တော့ လက်ဦးမှုရယူနိုင်ရေးအတွက် ခြေလှမ်းတွေကို သတိကြီး စွာနဲ့ လျှောက်လှမ်းနေမှာပဲ။
တရုတ်-အရှေ့တောင်အာရှ ဆက်ဆံရေး ၂
တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှု ပြဿနာ
တရုတ်နိုင်ငံပိုင် သတင်းဌာနတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်တွေမှာ အလွန်အကျွံ ငါးဖမ်းခြင်းလုပ်ငန်းနှင့်ဆက်နွယ်၍ အခန့်မသင့် သ ဘောထားကွဲလွဲမှုဆိုတဲ့ ယေဘုယျဆန်ဆန် သတင်းကောက်နှုတ် ဖော်ပြချက်တွေသာဖော်ပြပါရှိထားပြီး တောင်တရုတ်ပင်လယ်ရေပိုင် နက် အငြင်းပွားမှု ပြဿနာရပ်နှင့် ဆက်လျဉ်း၍ ပြောဆိုခြင်းမရှိ သလောက်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်လာတာတွေ့ရတယ်။ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဒီအကြောင်းချင်းရာနဲ့ ပတ် သက်လို့ ဇူလိုင် ၁ ရက်နေ့မှာ အလေးထားမီးမှောင်းထိုး ဖော်ပြ ပါရှိထားပြီး တောင်တရုတ် ပင်လယ်ရေပိုင်နက်အတွင်း တရုတ်ငါး ဖမ်းလုပ်ငန်း အကျိုးစီးပွားနှင့် ပတ်သက်ဆက်နွယ်မှုရှိသော ရေပိုင်နက်ဝန်းကျင်တ၀ိုက်မှာသာ တရုတ်စစ်ရေယာဉ် ခုနှစ်စီး ကင်းလှည့် စောင့်ကြပ်ကြည့်ရှုမှုသာရှိကြောင်း ငါးဖမ်းလုပ်ငန်းနှင့် တောင်တရုတ်ပင်လယ် ငါးဖမ်းလုပ်ငန်းကြီးကြပ်ရေးစီမံဌာနမှ ညွှန်ကြားရေး မှူးဖြစ်သူ ၀ူဇောင်း မှတ်ချက်ချပြောဆိုထားတယ်။
တောင်တရုတ်ပင်လယ်ရေပိုင်နက်အတွင်း တရုတ်ငါးဖမ်းသမားတွေကို အခြားသောအစိုးရတွေရဲ့ မူပိုင်ခွင့်ကိုထိပါးမှုဖြင့် တိုင်းတပါး ရေပိုင်နက်ကျူးကျော်သူ တရုတ်ငါးဖမ်းသမားတွေကို တရားမ၀င်မှောင်ခိုမှုနဲ့ ဖမ်းဆီးနိုင်ကြောင်း ပြဿနာရပ်တွေနဲ့ သက်ဆိုင်လို့ ၀ူ အသေးစိတ်ထုတ်ဖော် ပြောဆိုထားတယ်။ ၀ူ ရဲ့ အဆိုအရတော့ တရုတ်ငါးဖမ်းသမားတွေကို ဖမ်းဆီးထားတဲ့ တိုင်းတပါးရပ်ခြား နိုင်ငံ တွေဟာ ရံဖန်ရံခါဆိုသလိုအချိန်ကာလတွေမျိုးတွေမှာလွှတ်ပေးလေ့ရှိပေမယ့်လို့ ရေယာဉ်နှင့် အသုံးအဆောင်ပစ္စည်းတွေကတော့ဖြင့် ပြန်ရလေ့ရိုးထုံးစံမရှိပါဘူး။ ဂျွန်လ ၂၀ ရက်တုန်းက တရုတ်ငါးဖမ်းသမား ၇၅ ယောက်နှင့် ရေယာဉ်ရှစ်စီးကို အင်ဒိုနီးရှား အာဏာပိုင် တွေမှ ဖမ်းဆီးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဂျွန်လ ၂၅ ရက်နှောင်းပိုင်းမှာ လွှတ်မြောက်ခွင့်ပေးခဲ့ပေမယ့်လို့ ဖိလစ်ပိုင်နိုင်ငံ က တော့ ၂၀၀၆ ခုနှစ်ကနေ ယခုချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတုန်းပဲ။
တရုတ်ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ တိုင်းတပါးရပ်ခြားမှ ငါးဖမ်းသူတွေကို တရုတ်နိုင်ငံမှ ဖမ်းဆီးထိန်းသိမ်းထား ခြင်း မရှိကြောင်း ၀ူ အခိုင်အမာထုတ်ဖော်ပြောဆိုလေရဲ့။ သို့ဆိုသည့်တိုင် ဗီယက်နမ်နိုင်ငံရဲ့ ဂျွန်လနှောင်းပိုင်းလောက်မှာ ထုတ်ပြန် တဲ့အစီရင်ခံစာဖော်ပြချက်တွေမှာ တရုတ်အာဏာပိုင်တွေဟာ ဗီယက်နမ် ငါးဖမ်းသမား ၂၅ ဦးကို ၁၀ ရက်ကြာထိန်းသိမ်းထားခြင်းနှင့် အခြားသော ၁၂ ဦးကို ဒဏ်ငွေပေးဆောင်ချိန်ကာလအထိ ထိန်းသိမ်းဖမ်းဆီးထားတယ်။ ဗီယက်နမ် သတင်းအစီရင်ခံစာတွေရဲ့ ထုတ် ဖော်ပြောဆိုချက်အရ သြဂုတ်လပိုင်း Paracel ကျွန်းပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုကြောင့် ဗီယက်နမ် ငါးဖမ်းသင်္ဘော သားတွေကို တရုတ်ရေတပ်မှ ထိန်းသိမ်းဖမ်းဆီးထားခဲ့တယ်။ တရုတ်ပြည်ဟာ တောင်တရုတ်ပင်လယ်အတွင်း ရေယာဉ်အသစ်တွေ ထပ်မံအားဖြည့်ပြီး ကင်းထောက်မှုတွေကို ပိုမိုအာရုံထားစူးစိုက်လုပ်ဆောင်ထားကြောင်း ၀ူ ရဲ့ အစောပိုင်းကာလ ထုတ်ဖော်ပြောဆို ချက်တွေအရသိရှိရတယ်။
သူ့ရဲ့ ကောက်နှုတ်ဖော်ပြထားချက်တွေအရဆိုရင်တော့ အရှေ့ တောင်အာရှဒေသတွင်း သြဇာထူထောင်နိုင်ဖို့ရာအတွက် တောင်တ ရုတ်ပင်လယ်ရေပိုင်နက်နှင့် ကျွန်းတွေကိုအခြေပြုပြီး ငါးဖမ်းလုပ် ငန်းကို ကြီးကြပ်ကိုင်တွယ်နိုင်ဖို့ရာအတွက် အခန့်မသင့်သော ထိ ခိုက်မှုပြဿနာရပ်တွေကို ချက်ချင်းဆိုသလို တုန့်ပြန်ဖြေရှင်းနေခြင်း ဖြစ်တယ်။ တရုတ်ငါးဖမ်းလုပ်ငန်းနှင့် အရေးကြီးဆက်နွယ်တဲ့ ပြဿ နာရပ်တွေကို သြဂုတ်လ ၅ ရက်နေ့မှာ ဂျိမ်းစ်ဖောင်ဒေးရှင်းမှ တ ရုတ်ပြည်မှတ်တမ်းအကျဉ်းချုပ်စာစောင်မှာ လိုင်းဂိုးစတိန်း ဆောင်း ပါးမှာ ဖော်ပြပါရှိထားလေရဲ့။
တရုတ်ပြည်ရဲ့နှစ်စဉ် ငါးဖမ်းမှုနှုန်းထားဟာဖြင့် တခြားသောအိမ်နီးချင်း ယှဉ်ပြိုင်ဖက်တွေထက်စာရင် လေးဆနှုန်းပိုမိုများပြားခြင်း၊ ဂျ ပန်၊ အမေရိကန်နှင့် အခြားသောပစိဖိတ်ဒေသတွင်း နိုင်ငံတွေထက်စာရင်လည်း ပိုမိုများပြားရသည့် ရင်းခံအကြောင်းတရားက နှစ်စဉ် နှစ်တိုင်းလိုလို အလွန်အကျွံငါးဖမ်းခြင်းနှင့် တခြားသော ပြဿနာရပ်ပေါင်းစုံရပ်တွေကြောင့် နွေဦးကာလပိုင်းမှာ တောင်တရုတ်လယ် ကမ်းရိုးတန်းတလျှောက် ဗီယက်နမ်နှင့် အခြားသောငါးဖမ်းသူတွေ အပြင်းပွားရာရေပိုင်နက်ဖြစ်သည့် အချက်အခြာကျရာနေရာမှာ ငါး ဖမ်းခြင်းကို တရားဝင်ဆိုင်းငံ့ထားလိုက်သည့်အတွက် များမကြာမီနှစ်ကာလတွေမှစ၍ တရုတ်ပြည်ဟာငါးဖမ်းမှုနှုန်းထား လျော့ကျသွား တယ်လို့ဆိုရမယ်။
ဗီယက်နမ်ဟာ ခေတ်မှီရေယာဉ်နှင့် လေယာဉ်တွေကို ရုရှဆ်ီမှဝယ်ယူတိုးချဲ့ထားကြောင်း ရုရှမီဒီယာတွေရဲ့ ထုတ်ဖော်ပြောဆိုချက် ကြောင့် တခြားသောပြဿနာရပ်တွေပါ ပတ်သက်ဆက်နွယ်မှုရှိနေတယ်လို့ဆိုရမယ်နဲ့တူတယ်။ ဗီယက်နမ်ရေတပ်အင်အားတိုးချဲ့ လာခြင်းဟာ တောင်တရုတ်ပင်လယ်နှင့် မလ္လကာရေလက်ကြားတလျှောက်မှာရှိသော အကျိုးစီးပွားဆိုင်ရာတွေနဲ့ တရုတ်ရေယာဉ် တွေရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်လုပ်ဆောင်ခြင်းဖြစ်တယ်လို့ တချို့သောတရုတ်သတင်းမီဒီယာတွေရဲ့ထုတ်လွှင့်ချက်တွေမှာဖော်ပြပါ ရှိထားတယ်။ ဗီယက်နမ်အနေဖြင့် ရုရှလုပ်ခေတ်မှီလက်နက်တွေကို ၀ယ်ယူထိန်းသိမ်းထားခြင်းမရှိကြောင်းနဲ့ သြဂုတ်လအတွင်းထုတ် ပြန်သည့် ရုရှရဲ့ထောက်ပြပြောဆိုချက်တွေဟာဖြင့် မှန်ကန်မှုမရှိကြောင်း ပဋိပက္ခတွေ အထိုက်အလျောက်တည်ငြိမ်မှုရှိသွားပြီလို့ထင် မြင်ယူဆရကြောင်းကာကွယ်ပြောဆိုသွားတယ်။
ဒီနှစ် အစောပိုင်းအတွင်း တရုတ်ရေပိုင်နက်အနီး တရုတ်စစ်ရေယာဉ်တွေနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့် အမေရိကန်ရေတပ်ကင်း ထောက် စစ်သင်္ဘောရဲ့ ပြုမူလုပ်ဆောင်ချက်နဲ့ပတ်သက်လို့ တရုတ်သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ သတင်းအသံထုတ်လွှင့်ချက်တွေ မှာမကျေနပ်ကြောင်းထုတ်ဖော်ပြောဆိုခြင်း အလျဉ်းမရှိသော်ငြား သြဂုတ်လ၂၆-၂၇ ရက်နေ့ တရုတ်-အမေရိကန် တွေ့ဆုံဆွေးနွေး ရေးစကားဝိုင်းမှာ ရေပိုင်နက်လုံခြုံရေးနဲ့ပတ်သက်လို့ တရားဝင်မှတ်တမ်းမှတ်ရာတွေဖြင့် ဝေဖန်ပြောဆိုတိုက်ခိုက်သွားခဲ့တယ်။ ဒီနှစ် အစောပိုင်းကာလ ကမ်းရိုးတန်းတလျှောက် အငြင်းပွားနေတဲ့ရေပိုင်နက်မှာ အမေရိကန်အနေဖြင့် ဝေဟင်နှင့်ရေပြင်နယ်နိမိတ်ပိုင်နက် တွေမှာ စစ်ရေးအရစုံစမ်းထောက်လှမ်းမှုတွေကို အဆုံးသတ်လျော့ချလုပ်ဆောင်ပေးဖို့ရာအတွက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်တွေကို အစိုးရပိုင်သတင်းမီဒီယာတွေမှာ တိုက်ရိုက်ကိုးကားထုတ်လွှင့် ဖော်ပြပါရှိထားတယ်။
သြဂုတ်လ ၂၈ ရက်နေ့ထုတ် တရုတ်နေ့စဉ်သတင်းစာမှာ ဖော်ပြပါရှိထားတာက အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ကြေငြာချက်မှာ တရုတ်စစ်ရေယာဉ်တွေနဲ့ အမေရိကန် ကင်းထောက်ရေယာဉ်တို့ရဲ့ ဒီနှစ် နှစ်ဝက်မတိုင်မီအစောပိုင်းအတွင်း ထပ်တ လဲထိပ်တိုက်တွေ့ဆုံမှုနှင့် တရုတ်-အမေရိကန် ရေတပ်တို့ရဲ့မတော်တဆ ထိပ်တိုက်တွေ့ဆုံမှုကြောင့် တရုတ်အပေါ်ထားရှိကျင့်သုံး သည့် အမေရိကန်ရဲ့ကင်းထောက်စုံစမ်းရေး စ်ီမံချက်ပြောင်းလဲဖော်ဆောင်သွားရမှာဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဘောရပ်ခံအမြင်တွေကို ရည်ညွှန်းကိုးကား ဖော်ပြပါရှိထားတယ်။
ဒီစစ်ဆင်ရေးတခုလုံးဟာ အဆုံးသတ်မှာတော့ တဖြည်းဖြည်းလျော့ကျသွားပြီးရပ်ဆိုင်းသွားမှာဖြစ်တယ်။ လွတ်လပ်သည့် ရေပိုင်နက် အတွင်းသွားလာရာဝယ် မလိုလားအပ်သော အခန့်မသင့်ထိခိုက်မှုတွေကို သတိထားရှောင်ကြဉ်ရမှာဖြစ်ကြောင်း အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူရဲ့ထုတ်ဖော်ပြောဆိုချက်ကြောင့် အမေရိကန်အစိုးရရဲ့ သဘောထားရပ်တည်ချက်ဟာ ပြောင်းလဲမှုမရှိကြောင်း တ ရုတ်နေ့စဉ်သတင်းစာမှာ ထုတ်နှုတ်ဖော်ပြထားတယ်။
အမေရိကန်အနေနဲ့ ဒီပဋိပက္ခရဲ့ အတိမ်အနက်အပေါ်ဂရုမပြုမိပုံကို အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကောမတီရဲ့အဖွဲ့ငယ် ဖြစ်သော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာနရဲ့လက်အောက်မှ အဖွဲ့ငယ်၏ ဥက္ကဋ္ဌဖြစ်သူ အထက်လွှတ်တော်အမတ် ဂျိမ်းစ်ဝက်ဘ် မီး မှောင်းထိုးပြသခဲ့တယ်။ ဗီယက်နမ်ကို ထောက်ပံ့ကူညီမှုတွေပေးဖို့နှင့် အရှေ့တောင်အာရှနိုင်ငံတွေအနေဖြင့် တရုတ်သြဇာချဲ့ထွင်လာ ခြင်းအပေါ်ခုခံရင်ဆိုင်နိုင်ဖို့ရာအတွက် အိုဘားမားအုပ်ချူပ်ရေးကာလအတွင်း သိမ်မွေ့သည့် ထုတ်ပြန်ကြေငြာချက်တွေသုံးစွဲပြီး ဗီ ယက်နမ်ကို ထောက်ပံ့ကူညီမှုပေးဖို့နှင့် အရှေ့တောင်အာရှဒေသတွင်း တရုတ်သြဇာချဲ့ထွင်လာခြင်းအပေါ် ခုခံရင်ဆိုင်နိုင်ဖို့ရာအ တွက် အထောက်အထားခိုင်လုံစွာဖြင့် တင်ပြထုတ်ဖော်ပြောခြင်း၊ နိုင်ငံတကာဥပဒေထုံးတမ်းတွေနှင့်အညီ ပြုမူလုပ်ဆောင်ခြင်းကို တ ရုတ်ပြည်ကောက်ချက်ချ သုံးသပ်ရာဝယ် အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေဖြင့် သဘောတူညီခြင်း အလျဉ်းမရှိတာက ရေ ကြောင်းသွားလာရေးနှင့်ပတ်သက်၍ ကြန့်ကြာမှုရှိအောင်လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် အမေရိကန် ကုမ္ပဏီတွေနဲ့ ဗီယက်နမ်တို့ရဲ့ တောင်တရုတ်ပင်လယ်တွင်း ပူးပေါင်းလုပ်ဆောင်မှုကို တရုတ်ပြည်မှ ခြိမ်းခြောက်လာနိုင်ဖွယ်ရှိကြောင်း ဝေဖန်ထောက်ပြပြောဆိုချက် တွေကို ၀က်ဘ် ကြေငြာချက်ထဲမှာ ထည့်သွင်းဖော်ပြ ပါရှိထားတယ်။
တရုတ်-အရှေ့တောင်အာရှ ဆက်ဆံရေး ၃
အာဆီယံ ဒေသဆိုင်ရာအစည်းအဝေးအတွင်း အမေရိကန် တက်ကြွစွာပါဝင်လှုပ်ရှားလုပ်ဆောင်မှု
ထိုင်းနိုင်ငံမှာ ဇူလိုင်လအတွင်း ကျင်းပပြုလုပ်သည့် အာဆီ ယံဒေသတွင်း နိုင်ငံခြားရေး ဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲ မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနှင့် ချစ်ကြည် ရင်းနှီးစွာဖြင့် အတူပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်အတွက် ကမ္ဘာ့မိသားစု အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုကို လက်ခံရ ယူနိုင်ခဲ့ တယ်လို့ တရုတ်ရေးရာ ကျွမ်းကျင်းသူတွေ တရုတ်နေ့စဉ် သတင်းစာမှာ အရှေ့တောင်အာရှဒေသတွင်း ပြဿနာရပ် တွေနဲ့ ပတ်သက်ပြီး ကောက်နှုတ်ဖော်ပြထားသလို တ ရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေမှ မီးမောင်းထိုး ထုတ် ဖော် ပြသခဲ့ကြတယ်။ အမေရိကန် အစိုးရတာဝန်ရှိသူတွေ လာရောက်လည်ပတ်ခြင်း ရည်ညွှန်းဖော်ဆိုချက်ကတော့ ဒေသဆိုင်ရာ အဝန်းအဝိုင်းအတွင်းသို့ အင်အားကြီး စူပါပါဝါ တကျော့ပြန်ဝင်လာခြင်း သင်္ကေတအမှတ်အသားသရုပ်လို့ ဆိုရမှာပဲ။ ဆန့်ကျင်ဖက် ဆိုင်ရာ ရှုထောင့်အမြင်ကနေ သုံးသပ်အကဲဖြတ်ကြည့်မယ်ဆိုရင်တော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကနဦးအစောပိုင်းကာလများဆီ တုန်းက လာရောက်လည်ပတ်စဉ်မှာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ လက်ခံအသိအမှတ်ပြုမှုဟာ အတော်လေးကို ကွာဟမှုရှိတယ် လို့ဆိုရမှာပဲ။
တရုတ်ပြည်ရဲ့ တိုက်ရိုက်ရောထွေးထုတ်လွှင့်မှု လုပ်ဆောင်ချက်နောက်ကွယ်မှ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှ ဒေ သတွင်း ဝင်ရောက်နေရာယူလုပ်ဆောင်မှုတွေဟာ တပြိုင်နက်တည်းဆိုသလို ထွက်ပေါ်လာသည့်အတွက် ဇူလိုင်လ ၂၃ ရက်နေ့ထုတ် တရုတ်နေ့စဉ်သတင်းစာမှာ ဝေဖန်ဆန်းစစ်ထားသည့်အဆိုအရတော့ တရုတ်ပြည်နဲ့ အင်အားချိန်ခွင်လျှာညှိနှိုင်းဖို့ရာဆိုတဲ့ ရင်းခံအ ကြောင်းတရားသာလျှင်ရှိတော့တယ်။ တရုတ်ရေးရာကျွမ်းကျင်သူတွေရဲ့ ကိုးကားဖော်ပြချက်တွေမှာတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံ တို့ရဲ့ အင်အားချိန်ခွင်လျှာညှိနှိုင်းမှုအပေါ် အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ စိုးရိမ်ကြောင့်ကြခြင်း အလျဉ်းကင်းမဲ့ရခြင်းက ဒီအင် အားကြီးနှစ်နိုင်ငံနှင့် ဆက်ဆံရေးမှတဆင့် ရရှိလာမယ့် အကျိုးအမြတ်ရလဒ်အဖြစ် စီးပွားရေးဆိုင်ရာ အကျပ်အတည်းနဲ့ ဇလဗေဒ ဆိုင်ရာ ပြဿနာရပ်အခင်းအကျင်းတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့်အရေးက ပိုအလေးကဲတယ်လို့ ဆိုရမှာပဲ။ အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်၊ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ခိုင်မာသည့်ဆက်ဆံရေးတရပ်အဖြစ် ပုံဖော်ဖန်တီးယူရာ ဝယ် တရုတ်ပြည်ရဲ့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံအများစုအနေဖြင့် တရုတ်ပြည်အပေါ် အလေးထား အသိအမှတ်ပြုမှုကို ဖွင့်လှစ်ဖော် ထုတ်ပြသခြင်းမှ အပေါင်းလက္ခဏာရပ်အသွင်ဆောင်သည့် သဏ္ဌာန်မှနေချဉ်းကပ်လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဟီလာရီ ကလင်တန်ရဲ့ မှတ်ချက်ချထုတ်ဖော်ပြောဆိုခဲ့တယ်။
တရုတ်ပြည်ရဲ့တိုက်ရိုက်ထုတ်လွှင့်ချက်တွေမှာ အရှေ့တောင်အာရှနိုင်ငံတွေအပေါ် တရုတ်ပြည်ရဲ့အလေးကဲမှုနှင့် အားနည်းချို့ယွင်း ချက်တွေကို ထင်ဟပ်ပေါ်လွင်စေသည့်အတွက် ဒေသတွင်းသို့ အမေရိကန်ပြည်ထောင်စု အလုံးအရင်းနဲ့ဆိုသလို ဝင်ရောက်လာခြင်း ကိုရင်ဆိုင်ကြုံတွေ့ရခြင်းဖြစ်တယ်။ တရုတ်-အာဆီယံ ရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၆ဝ ဘီလီယံနှင့် အမေရိကန်-အာဆီယံ ဒေါ်လာ ၁ဝဝ ဘီလီယံ ရင်းနှီးမြုပ်နှံချိန်မှာ တရုတ်-အာဆီယံ ကုန်သွယ်မှုပမာဏအတိုင်းအတာဟာ ဒေါ်လာ ၂၃၁ ဘီလီယံရှိသည့်အတွက် ဒေါ်လာ ၁၇၈ ဘီလီယံသာရှိသည့် အမေရိကန်-အာဆီယံ ကုန်သွယ်မှုအတိုင်းအတာပမာဏထက် သာလွန်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့ ထုတ် တရုတ်နေ့စဉ်သတင်းစာမှာ ကိုးကားဖော်ပြပါရှိထားသည့်အတွက် အကောင်းမြင်ရှုထောင့်မှနေ တွေးတောလက်ခံလို့ရတယ်ဆို ရမှာပဲ။ သြဂုတ်လ ၂၁ ရက်နေ့ထုတ် တရုတ်နေ့စဉ်သတင်းစာမှာ တရုတ်ရေးရာကျွမ်းကျင်သူတွေ လားရာတဖက်မှ ဝေဖန်သုံးသပ် ထားတာက တောင်တရုတ်ပင်လယ်အတွင်း မကြာသေးမီကမှဖြစ်ပွားခဲ့သည့် ရေပိုင်နက်အငြင်းပွားမှုပြဿနာရပ်ဝယ် တရုတ်ပြည် အနေနဲ့ အနှုတ်လက္ခဏာဆောင်သည့် ဆိုးကျိုးတွေအတော်လေးကို လွှမ်းမိုးမှုရှိနေသည့်အတွက် ဒေသဆိုင်ရာအတွင်းသို့ အမေရိ ကန်ပြည်ထောင်စု လွှမ်းမိုးခြယ်လှယ်ဖို့ရာ တကျော့ပြန်ဝင်လာခြင်းဖြစ်တယ်လို့ ကောက်နှုတ်ဖော်ပြထားသလို အာဆီယံအဖွဲ့ဝင် နိုင်ငံ တွေအနေဖြင့်လည်း ဝမ်းပမ်းတသာလက်ခံကြိုဆိုခြင်း မရှိခဲ့ကြဘူးဆိုရလိမ့်မယ်။
အာဆီယံဒေသဆိုင်ရာအတွင်း တရုတ်ပြည်ရဲ့စိတ်အားထက်သန်မှုစိတ်သုန်းနေခြင်း
တရုတ်-အာဆီယံ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်
အတိတ်ကာလနှစ်များဆီတုန်းက တရုတ်သတင်းအသံလွှင့်ထုတ်လွှတ်ချက်တွေဟာ တသမတ်တည်းလို့ဆိုရမှာဖြစ်သော်ငြား သြဂုတ် လ ၂၁ ရက် တရုတ်နေ့စဉ်ထုတ်သတင်းစာမှာ အာဆီယံဒေသတွင်း ညှိနှိုင်းမှုမရသည့် ရည်ရှည်ကြုံတွေ့နေရသော ပြဿနာရပ်တွေ ဟာ အရှေ့တောင်အာရှနိုင်ငံတွေအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့လုံခြုံရေးအတွက် စုစည်းမှုရှိလာခြင်းတို့ကြောင့် နှစ်သက်ကျေနပ်အားရ မိကြောင်း ပွင့်ပွင့်လင်းလင်းနဲ့အတိအလင်း ထုတ်ဖော်ပြောဆိုထားတယ်။ ၁၉၉ဝ ပြည့်လွန်နှစ်တွေ ဒေသဆိုင်ရာအတွင်းသို့ တရုတ် ပြည် တက်ကြွစွာဖြင့် ချဉ်းနင်းဝင်ရောက်လာခဲ့သည့် တလျှောက်လုံးဆိုသလိုမှာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အားနည်းယိုယွင်း ချက်တွေအပေါ် တရုတ်ပြည် ရှုမြင်သုံးသပ်ရာဝယ် သတင်းမီဒီယာတွေနှင့် အဆင့်မြင့်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေရဲ့ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံတွေအပေါ် အာရုံစိုက်အလေးပေးမှု လျော့တိလျော့ရဲဖြစ်ခြင်း ဂရပ်ဖ်မျဉ်းကွေးဆိုင်ရာ သင်္ကေတဖော်ပြချက်တွေအရ နိုင်ငံ အများစုဟာ တည်ငြိမ်မှုမရှိခြင်း၊ ထိပ်သီးဆွေးနွေးပွဲတွေကို ရွှေ့ပြောင်းကျင်းပရခြင်းတို့ကြောင့် ပြဿနာရပ်အလုံးစုံကို ဖြေရှင်းနိုင်စွမ်း မရှိဘူးဆိုတာ သိသာထင်ရှားလွန်းတယ်။
သြဂုတ်လ ၁၅ ရက်နေ့ ဗန်ကောက်မှာ လက်မှတ်ရေးထိုးခဲ့သည့် တရုတ်-အာဆီယံရင်းနှီးမြုပ်နှံမှု သဘောတူညီချက်ဟာ လုပ်ရိုးလုပ် စဉ် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လားရာသင်္ကေတတရပ်လို့တော့ဆိုနိုင်ကောင်းပါရဲ့။ တရုတ်နိုင်ငံပိုင်သတင်းမီဒီယာတွေရဲ့အဆိုအရ ဒီသ ဘောတူညီချက်ဟာ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဇုံတရပ် အပြီးသတ်ညှိနှိုင်းမှုအဆင့်အမှတ်အသားသရုပ်အဖြစ် ဇန် နဝါရီလ ၁ ရက်နေ့မှာ စတင်အကျူံးဝင်သက်ဆိုင်မှာဖြစ်တယ်။ အစောပိုင်းကာလ ဆယ်စုနှစ်တွေတုန်းက သဘောတူညီမှုတွေကနေ တဆင့် နောက်ဆက်တွဲ လိုက်လျောညီထွေကိုက်ညီမှုရှိလာဖို့ရာအတွက် တရုတ်-အာဆီယံနိုင်ငံတွေကြား ချက်ချင်းလက်ငင်းဆိုလို ပုံ ကြီးချဲ့သတင်းထုတ်ပြန်ခြင်းနှင့် တရုတ်အာဏာပိုင်တွေရဲ့ဒေသဆိုင်ရာအတွင်း အပေါင်းလက္ခဏာဆောင်သည့် ဆက်ဆံရေးတရပ်ထူ ထောင်ခြင်းဆိုသည့် သုံးသပ်ချက်တွေနဲ့သာလျင်အဆုံးသတ်ရစမြဲလို့ဆိုရမှာပဲ။ တရုတ်ပြည်အနေနဲ့ အရှေ့အာရှထိပ်သီးအစည်းအ ဝေးနဲ့ ခြောက်ကြိမ်မြောက် တရုတ်-အာဆီယံ တွေ့ဆုံဆွေးနွေးပွဲတွေမှာတော့ အာဆီယံအပေါ်အပေါင်းလက္ခဏာဆောင်သည့်အလေး ပေးမှုမျိုးမှုဖြင့် ချဉ်းကပ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သြဂုတ်လ ၂၁ရက်နေ့ ထုတ်နှုတ်ဖော်ပြချက်တွေမှာ ထည့်သွင်းဖော်ပြထား တယ်။
တရုတ်-အရှေ့တောင်အာရှဆက်ဆံရေး ၎
မဲခေါင်မြစ်ဝှမ်း ရေကာတာ
မဲခေါင်မြစ်ဝှမ်း ဒေသတွင်းနိုင်ငံတွေမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဟီလာရီကလင်တန် ဇူလိုင်လတွင်း ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ် သည့် အာဆီယံဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေး နွေးပွဲသို့ တက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံပိုင် သ တင်းဌာနတွေမှာ ထုတ်နှုတ်ဖော်ပြ ပါရှိထားတယ်။ ဒီတွေ့ဆုံဆွေး နွေးပွဲမှနေ ထွက်ပေါ်လာမယ့် နောက်ဆက်တွဲ အဆက်အစပ်ဟာ အနောက်ဥရောပနှင့် ဒေသတွင်းနိုင်ငံတွေအပေါ်မှာ တရုတ်ပြည်ရဲ့ မဲခေါင်မြစ်ဝှမ်းဒေသတွင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဟာ တခြားသောနိုင်ငံတွေအပေါ် အကျိုးသက်ရောက်မှု တစုံတရာရှိ လာနိုင်မလားဆိုတာနဲ့ တရုတ်ပြည်ဟာ မဲခေါင်မြစ်ဝှမ်းဒေသဆိုင် ရာ ကော်မရှင်မှာ ပူးပေါင်းဆောင်ရွက်ဖို့ရာ ငြင်းဆန်ကန့်ကွက်ခြင်း နဲ့ မြစ်ဝှမ်းဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှာ အကန့်အသတ်ဘောင်အတွင်းမှသာ ကိုယ်တိုင်လွတ်လပ်စွာ ပြုမူလုပ်ဆောင်လို တာကတော့ ဖြစ်နိုင်ချေအလားအလာရှိတယ်။
စင်ကာပူ အခြေစိုက် မိုက်ကယ်ရစ်ချတ်ဆန် ဂျူလိုင်လအတွင်း ယေးလ်ဂလိုဘယ် အွန်လိုင်းမှာ အကြံပြုရေးသားထားတာက တရုတ် ပြည်ရဲ့ ရေအားလျှပ်စစ်ဆည်စီမံကိန်းဟာ တရုတ်ပြည် မြစ်ကြောင်းတလျှောက်မှာရှိတဲ့ ကမ္ဘောဒီးယား ငါးဖမ်းလုပ်ငန်းတွေကို ဆိုးကျိုး တွေဖြစ်ပေါ်လာနိုင်စေခြင်း၊ ဗီယက်နမ် စပါးစိုက်ခင်းတွေကို ရေထောက်ပံ့ပေးဖို့ရာနှင့် မြစ်စီးဆင်းရာ တလျှောက်နိုင်ငံတွေအတွက်ပါ အခရာကျလှတယ်။ မြစ်ရေစီးဆင်းမှုကို ထိန်းချူပ်ထားခြင်းဟာ တိုက်စားမှုဆိုးကျိုးတွေကို ကာကွယ်ဖို့ရာနှင့် မဲခေါင်မြစ်ဝှမ်းဒေသ တွင်း ရေလွှမ်းမိုးမှု အန္တရာယ်စက်ကွင်း သံသရာနှင့် စွမ်းအင်လုံလောက်မှုတွေကိုပါ ဖြည့်တင်းပေးနိုင်လိမ့်မယ်လို့ တရုတ်ပြည်ရဲ့ အ ကြောင်းပြပြောဆိုချက်ကို ရစ်ချတ်ဆန် ကောက်နှုတ်ဖော်ပြထားတယ်။ သူ့ သဘောထားအမြင်တွေအရ အရှေ့တောင်အာရှ နိုင်ငံ ငယ်လေးတွေအနေနဲ့ တရုတ်ပြည်အပေါ် ရန်ငြိုးဖွဲ့လုပ်ရပ်မျိုးတွေကို လုပ်ဆောင်ခြင်းငှာ မစွမ်းသာသလို (သို့) လုပ်လိုသည့် ဆန္ဒမရှိ ခြင်းကြောင့် သူတို့ရဲ့မကျေလည်မှု၊ မဲခေါင်မြစ်ဝှမ်းဒေသ ကော်မရှင်အတွင်း လမ်းညွှန်ချက်နဲ့ နှိုင်းယှဉ်စဉ်းစားချက်တွေအပေါ်မှာ တ ရုတ်ပြည်ရဲ့သဘောမတူ ကန့်ကွက်မှုတွေ၊ မြစ်ဝှမ်းဒေသတွင်း နိုင်ငံအများစုရဲ့ အကျိုးစီးပွား ယှဉ်ပြိုင်လာမှုတွေမှ ဒေသတွင်းဆိုင်ရာ ဘုံသဘောတူညီချက်တွေကို ကြိုးပမ်းဖော်ထုတ်သွားရမှာ ဖြစ်တယ်။
တရုတ်-သြစတေးလျ ပွတ်တိုက်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှု
သြစတေးလျ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ စက္ကူဖြူကာကွယ်ရေး ကြေငြာချက်ကြောင့် တရုတ်ပြည်ရဲ့အနှုတ်လက္ခဏာဆောင် တုန့် ပြန်မှု အပါအဝင်၊ သြစတေးလျ သတ္ထုတွင်းလုပ်ငန်းပိုင်ရှင်တွေ တရုတ်ပြည်မှာ ရင်းနှီးမြုပ်နှံဖို့ လေလံပြိုင်ဆွဲရာမှာ ရှုံးနိမ့်သွားခြင်း၊ သြ စတေးလျ သတ္ထုတွင်းလုပ်ငန်း အမှုဆောင်အရာရှိကို ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေပေါက်ကြားမှုနှင့် တရားစွဲဆို ဖမ်းဆီးအ ကျဉ်းချထားခြင်း၊ Uighur တက်ကြွလှုပ်ရှားသူတွေ သြစတေးလျသို့ အလည်ပတ်သွားရောက်ခြင်းနှင့် တရုတ်ပြည်သို့ စုံစမ်းထောက် လှမ်းဖို့ စေလွှတ်လိုက်သူ သြစတေးလျ နိုင်ငံသားတွေကို ပြစ်ဒဏ်ချမှတ်ခြင်း စသည့်အကြောင်းချင်းရပ်များစွာတွေကြောင့် များမကြာ မီ လတွေအတွင်း ဆက်ဆံရေး ယိုယွင်းပျက်ပြားခဲ့ရခြင်းဖြစ်တယ်။
တရုတ်သံအမတ်ကြီး Canberra အလည်ပတ်သွားရောက်ချိန် လှိုက်လှဲပျူငှာစွာ လက်သင့်ကမ်းကြိုဆိုသည့်အတွက် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီဟုထင်ရပေမယ့် နှစ်ဖက်သတင်းမီဒီယာတွေမှ အဆိုးမြင်တုန့်ပြန်လုပ်ဆောင်မှုတွေကြောင့် နှစ်အနည်းငယ်အ တွင်း ထူးခြားသည့်ပြောင်းလဲမှုအဖြစ် ထင်ဟပ်ပေါ်လွင်စေတယ်။ သြစတေးလျမှ Uighur တက်ကြွလှုပ်ရှားသူကို ပြည်ဝင်ခွင့်ဗီဇာ အာမခံထုတ်ပေးခြင်းနှင့် သြစတေးလျ ရုပ်ရှင်ပွဲတော်မှာ သူမရဲ့ဘဝဇာတ်ကြောင်း ရုပ်သံလွှင့်ပြခဲ့သည့်အတွက် ဒီအကြောင်းရင်းရပ် တွေနဲ့ ပတ်သက်ပြီး သြစတေးလျအပေါ် တရုတ်ပြည်ရဲ့ဖိအားပေးမှုနဲ့ ပတ်သက်၍ သြစတေးလျ သတင်းအသံလွှင့်ဌာနတွေမှ မကျေ လည်မှုတွေကို ထုတ်ဖော်ပြသခဲ့တယ်။
တရုတ်သတင်းမီဒီယာတွေကလည်း တုန့်ပြန်သည့်အနေဖြင့် သြဂုတ်လ ၂၅ ရက်နေ့ တရုတ် နေ့စဉ် သတင်းစာ ရှေ့မျက်နှာစာမှာ ထည့်သွင်းဖော်ပြပါရှိထားတာက သြစတေးလျသို့ တရုတ်ခရီးသွားလာသူတွေရဲ့ ပြည်ဝင်ခွင့် ဗီဇာကို ၈ဝ% ထိ လျော့ချပြီးခဲ့တဲ့ သုံးလ အတွင်း လျော့ချသတ်မှတ်လိုက်တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ရေချိန်အမှတ်ဟာ အောက်ဆုံးအဆင့်ထိ ကျရောက်သွားခဲ့ရတယ်။ ဒီဆောင်းပါးမှာ ကောက်နှုတ်ဖော်ပြပါရှိထားတာက တရုတ်ရေးရာ ကျွမ်းကျင်သူတွေရဲ့အမြင်မှာ ပီကင်းနဲ့ ဆက်ဆံရေးယိုယွင်းပျက်စီး သွားရသည့်အတွက် သြစတေးလျ အနေနဲ့ တစုံတရာ ပြန်လည်ပေးဆပ်မှုတွေပြုရလိမ့်မယ်။ တရုတ် ကျောင်းသားတွေနဲ့ တခြားသော အာရှသားတွေ သြစတေးလျနိုင်ငံမှာ အသတ်ခံရခြင်းနှင့် ပျောက်ကွယ်သွားရပုံတွေကို ခေါင်းစီးတပ်ထားတဲ့ သြစတေးလျမှာ ကျောင်း သားတွေကို စိုးရွံ့ထိတ်လန့်မှုတွေမှ ရုန်းထွက်မရအောင် ထိန်းချုပ်ထားတယ်တဲ့ဆိုတဲ့ ခေါင်းစီးစာတမ်းပါ ဆောင်းပါးအကြောင်းအရာ တွေကို နောက်ရက် တရုတ်နေ့စဉ်သတင်းစာမှာ ထည့်သွင်းဖော်ပြထားပြီး ဒီခြိမ်းခြောက်မှုကြောင့် တရုတ်ကျောင်းသား ၁၂ဝ,ဝဝဝ ဟာ သြစတေးလျ နိုင်ငံတကာပညာရေးဈေးကွက်မှာ ဒေါ်လာ ၁.၅ ဘီလီယံ သိသာထင်ရှားစွာလျော့ကျသွားရလိမ့်မယ်။
အခြားတဖက်က ကုန်သွယ်ရေးဆိုင်ရာဆက်ဆံမှုတွေကတော့ ဆက်လက်ရှိနေဦးမှာပါ။ သြစတေးလျ သတင်းမီဒီယာတွေကတော့ သြဂုတ်လတွင်း ပစိဖိတ်ကျွန်းဆွယ် အစည်းအဝေးကို လက်သင့်ကမ်းကြိုဆိုကြပြီး တရားမဝင် သံတမန်ရေးနည်းလမ်းတွေအရ တ ရုတ်နဲ့ ထိုင်ဝမ်ကြား ကာလတစုံတရာ အတိုင်းအတာအတွင်း အပစ်အခတ်ရပ်စဲဖို့ရာ သဘောတူညီထားခြင်းမှ အင်အားကြီး နိုင်ငံနှစ် နိုင်ငံ သံတမန်ရေးဆိုင်ရာ နည်းလမ်းတွေနဲ့ ထိန်းချူပ်လုပ်ဆောင်ခြင်း၊ အကူအညီပေး ထောက်ပံ့မှုတွေမှ အကျင့်ပျက်ခြစားမှုတွေ ပ ပျောက်ဖို့ရာနဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေ ကောင်းမွန်သည့်အစိုးရတရပ်အဖြစ် ရပ်တည်နိုင်ဖို့ရာအတွက် သြစတေးလျမှ ကြိုးပမ်းအား ထုတ် လုပ်ဆောင်သွားမှာဖြစ်တယ်။ စက်တင်ဘာလ အတွင်း အမေရိကန် ပစိဖိတ် စစ်ဗိုလ်ချုပ်နှင့် သြစတေးလျ ကာကွယ်ရေးဌာနမှ အကြီးအကဲတို့ရဲ့ ထုတ်ပြန်ကြေငြာချက်မှာ သုံးပွင့်ဆိုင် စစ်ရေးလေ့ကျင့်မှုပြုဖို့ရာအတွက် တရုတ်ပြည်ကို ဖိတ်ခေါ်ထားကြောင်း၊ တ ရုတ် သံအမတ်ကြီး သြစတေးလျသို့ လာရောက်တွေ့ဆုံခြင်းဟာ အပေါင်းလက္ခဏာဆောင်တဲ့ အစပျိုးလုပ်ဆောင်ဖြစ်ကြောင်းနဲ့ တ ရုတ်ပြည်မှ ပူးပေါင်းလုပ်ဆောင်မယ်လို့ ထုတ်နှုတ်ဖော်ပြထားတယ်။
သုံးသပ်ချက်
အာဆီယံ + ၃ နဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေကို အောက်တိုဘာလ မှာလက်ခံကျင်းပပြီး အေပက် ထိပ်သီးဆွေးနွေးပွဲကို နိုဝင် ဘာလမှာ လက်ခံကျင်းပနိုင်လိမ့်မယ်လို့ တရုတ် ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်နဲ့ နာမည်ကြီး သတင်းမီဒီယာတွေ စောင့်ကြည့် အကဲခတ် မျှော်လင့်ထားခဲ့ကြတယ်။ ဒီအကြောင်းချင်းရာ ဖြစ်ရပ်တွေမှ တရုတ်ပြည်နဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ဆက်ဆံရေး အခြေအ နေကို လေ့လာအကဲဖြတ် သုံးသပ်နိုင်မှာဖြစ်တယ်။ အမေရိကန်ရဲ့တက်ကြွတဲ့ ခြေလှမ်းသစ်တွေနဲ့အတူ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အရှေ့တောင်အာရှ ဒေသတွင်း မြူဆွယ်မက်လုံးတွေပေးခြင်းအပေါ် တရုတ်ပြည်ရဲ့တုန့်ပြန်ကောက်ချက်ချမှုအရတော့ သမ္မတ အိုဘားမား အရှေ့တောင်အာရှဒေသကို နိုဝင်ဘာလအတွင်း အလည်အပတ်ရောက်ရှိလာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး အ ရှေ့တောင်အာရှဒေသတွင်း အမေရိကန်ရဲ့ အုပ်ချူပ်ရေးဆိုင်ရာ မူဝါဒအသစ်နဲ့ ချဉ်းကပ်လုပ်ဆောင်ခြင်းအပေါ် တရုတ်အာဏာပိုင် တွေရဲ့အမြင်မှာ ဘယ်ပုံနည်းနာတွေနဲ့ ရှုမြင်သုံးသပ်လာနိုင်သလဲ။
Reference: Center For Strategic & International Studies
Comparative Connections
A Quarterly E-Journal on East Asian Bilateral Relations
China-Southeast Asia Relations
Myanmar, South China Sea Issues
Robert Sutter, Georgetown University
Chin-Hao Huang, University of Southern California
http://csis.org/publication/comparative-connections-v11-n3-china-southeast-asia-relations
No comments:
Post a Comment