
ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
သောကြာနေ.၊ဂျူလိုင်လ ၂၄ ရက် ၂၀၀၉ ခုနှစ်
နိုင်ငံတနိုင်ငံရဲ့ စစ်တပ်တခု ဖွဲ့စည်းပုံ၊ ဗျူဟာချပုံ၊ ပုံဖော်တွေအားလုံးဟာ စစ်ရေးအတွေးအခေါ် Military Doctrine အပေါ် မူတည်ပါတယ်။
ဂျပန်တော်လှန်ရေးစစ် (၁၉၃၇-၁၉၄၅) ခုနှစ်က အတွေ့အကြုံပေါ် မူတည်ပြီး တရုတ်တပ်နီတော်ဟာ မော်စီတုံးရဲ့ ပြည်သူ့စစ်ပွဲ အတွေးအခေါ်
People’s War Doctrine ကို လက်ခံကျင့်သုံးခဲ့တယ်။ ဒီအတွေးအခေါ်ရဲ့ အခြေခံက ရန်သူကို ကျယ်ပြန့်တဲ့ တရုတ်ပြည်ကြီးရဲ့ သဘာဝ အနေ
အထားနဲ့ ကြီးမားတဲ့လူဦးရေ အားသာမှုကို အခွင့်ကောင်းယူပြီး ပြောက်ကျားစစ်နဲ့ အနိုင်ယူမယ်ဆိုတဲ့ အတွေးအခေါ် ဖြစ်တယ်။
မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်အုပ်စိုးတဲ့ နိုင်ငံဖြစ်တဲ့အတွက် နှစ်စဉ်ကျင်းပတဲ့ တပ်မှူးများ ညီလာခံဟာ အရေးပါတဲ့
အစည်းအဝေး ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လမှာ ကျင်းပတဲ့ တပ်မတော် အစည်းအဝေးမှာ ထိုအချိန်က ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်
စန်းယုက တပ်မတော်စစ်ရေး အတွေးအခေါ်သစ် New Military Doctrine ကို လိုအပ်ရင် ရှာဖွေသင့်ပြီလို့ တင်ပြလာပါတယ်။ ဒုစစ်ဦးစီချုပ်
(ရေ) ဗိုလ်မှူးချုပ် သောင်းတင် ဦးစီးတင်ပြတာမှာ သောင်းကျန်းသူတိုက်ဖျက်ရေး နည်းလမ်းနဲ့ ဗျူဟာ People Militia (အရပ်သားစစ်သည်)
များကို သင်တန်းပေးရေးနဲ့ ပညာပေးရေးတို့ ပါဝင်ပါတယ်။ ဒီဆွေးနွေးမှုမှာ သောင်းကျန်းသူ နှိမ်နှင်းရေးနဲ့ ပြည်ပကျူးကျော်မှု (အကယ်၍ အင်
ဒိုချိုင်းနား စစ်ပွဲပြိုခဲ့သော်) တို့ ဖြစ်တယ်။ ဒုဗိုလ်မှူးကြီး သူရထွန်းတင်နဲ့ အဖွဲ့ကို နိုင်ငံခြားသို့ စေလွှတ်လေ့လာစေခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှစပြီး
“ပြည်သူ့စစ်” (People’s War) ကို တပ်မတော်ရဲ့ စစ်ရေးအတွေးအခေါ် Military Doctrine အဖြစ်ခံယူခဲ့ပါတယ်။
ဒီပြည်သူ့စစ် စစ်အတွေးအခေါ်ရဲ့ သောင်းကျန်းသူ ဆန့်ကျင်ရေး၊ စစ်ဆင်ရေးအပိုင်းကို ၁၉၆၆ ခု ဇန္နဝါရီလကနေ မတ်လအထိ ဗကပ တို့
ရဲ့ မြစ်ဖျားခံဒေသတိုင်းမှာ စမ်းသပ်ခဲ့ပါတယ်။ ၁၉၆၈ ခု တပ်မတော် အစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့တာကတော့ ပြည်သူ့စစ် အတွေး
အခေါ်နဲ့ ဆက်စပ်နေတဲ့ ဖြတ် ၄ ဖြတ် ဗျူဟာပါပဲ။ တပ်မတော်ဟာ အောက်မြန်မာပြည်နဲ့ မြန်မာပြည်အလယ်ပိုင်းမှာ ဖြတ် ၄ ဖြတ်နည်းကို
သုံးခဲ့ပေမယ့် အနောက်မြောက်ဒေသမှာတော့ တရုတ်ကွန်မြူနစ်တို့ရဲ့ ထောက်ပံ့မှုကြောင့် ရွှေ့ပြောင်းတိုက်ခိုက်တဲ့ သမရိုးကျစစ် (Mobile
Convention) နဲ့ ပြောက်ကျားစစ်ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ လေပေါ်ကနေ ဗုံးကြဲမှု၊ လေကြောင်း ကာကွယ်မှု၊ အမြောက်နဲ့ပစ်ပြီး ကာကွယ်
မှုတို့အပြင် ကတုတ်ကျင်းတိုက်ပွဲ (Trench Warfare) ဟာ စစ်ဗျူဟာရဲ့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့တပ်မတော် လက်ခံခဲ့တဲ့ People’s War လို့ခေါ်တဲ့ ”ပြည်သူ့စစ်” နဲ့ နိုင်ငံခြားကျူးကျော်မှုကို ရင်ဆိုင်ဖို့ ပြောက်ကျားစစ်ပွဲနဲ့ ပြည်တွင်းစစ်အတွက်
တန်ပြန်သူပုန် ဗျူဟာစစ်ဆင်ရေးတို့ဟာ ထုသုံးထု (Three Masses)၊ လူထု၊ အချိန်နဲ့ နယ်ပယ် Population, Time and Space နဲ့ “ပမာဏလေးရပ်“
(Four Strengths) လူထုအင်အား၊ ပစ္စည်းအား အချိန်နဲ့ စိတ်ဓာတ် Manpower, Material, Time and Morale တို့အပေါ် အခြေခံပါတယ်။
(မှတ်ချက် - ကျနော် မကြာခဏ ရေးပြခဲ့တဲ့ အတိုက်အခံတွေကို ချေမှုန်းတဲ့နေရာမှာ Time and Space အချိန်နဲ့ နိုင်ငံရေး လှုပ်ရှားမှု နယ်ပယ် -
Political Space တို့ကို ဗျူဟာအဖြစ် အသုံးပြုတယ်ဆိုတာကို သတိရစေလိုပါတယ်။ စစ်ဗိုလ်ဆိုတာ စစ်တွေး တွေးကြတာပါပဲ။)
ဒါပေမဲ့ ဒီစစ်အတွေးအခေါ်ကို ချမှတ်တဲ့ အဲဒီကာလက နိုင်ငံခြားကနေ ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ ဗျူဟာကျကျ ငြင်းဆိုမှု Strategic denial
နဲ့ တန်ပြန်ထိုးစစ်ဆင်နိုင်မှု - counter-offensive Capability တို့ကို ဖော်ထုတ်ထားခြင်း မရှိခဲ့သေးပါဘူး။
နောက်တဆင့် စစ်ရေးအတွေးအခေါ်ကို ဖော်ထုတ်ခြင်း
၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး စစ်ကောင်စီ (နဝတ) ကို ဖွဲ့စည်းအပြီး မကြာခင်မှာ စစ်ခေါင်းဆောင်တွေဟာ လက်ရှိစစ်အတွေးအခေါ်နဲ့
ဗျူဟာကို ပြန်လည်သုံးသပ်ပြီး စစ်တပ်ကို ခေတ်မီအောင် လက်နက်တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီအတွေးအခေါ်ဟာ နိုင်ငံခြားကျူးကျော်မှု သို့မ
ဟုတ် တဆင့်ခံ ကျူးကျော်မှုကို စိုးရိမ်ပူပန်မှုကြောင့်ပါ။ ၈၈၈၈ အရေးတော်ပုံကြီးအတွင်းမှာ မြန်မာ့ရေပိုင်နက်အတွင်းမှာ အမေရိကန် ရေတပ်သဘော
င်္တွေ ရောက်ရှိနေတာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို စော်ကားခြင်းလို့ စစ်ဗိုလ်တွေက ယူဆကြပါသည်တဲ့။ ဒါ့အပြင် စစ်အစိုးရဟာ နယ
်ခြားဒေသမှာရှိတဲ့ သူပုန်တွေကို နိုင်ငံခြား အင်အားကြီး နိုင်ငံတွေက အင်အားပြည့်အောင် ထူထောင်ပေးပြီး ရန်ကုန်မှာရှိတဲ့ စစ်အစိုးရသစ်ကို ယှဉ်ပြိုင
်ခိုင်းနိုင်တာကိုလည်း စိုးရိမ်ပူပန်ကြပါတယ်တဲ့။ ဒါ့အပြင် ၈၈၈၈ အရေးတော်ပုံကြီးအပြီးနဲ့ စစ်တပ်ကနေ အာဏာသိမ်းအပြီး ပေါ်ပေါက်ပြန့်နှံ့လာတဲ့ နိုင်င
ံရေးအဖွဲ့အစည်းတွေက နိုင်ငံခြားအကူယူပြီး နိုင်ငံခြားကနေ ဝင်ရောက်စွက်ဖက်ခြင်းသော်၎င်း၊ ဝင်ရောက်သိမ်းပိုက်ခြင်းဖြင့် စစ်အစိုးရ မတည်ငြိမ်ရန်
သော်၎င်း၊ ပြုတ်ကျရန်အတွက်သော်၎င်း ကြိုးစားအားထုတ်နေကြတယ်လို့ စစ်အစိုးရက ယုံကြည်နေကြပါတယ်တဲ့။ ဒီဖြစ်နိုင်စရာ၊ ထင်စရာ အန္တရာယ်
တွေကြောင့် စစ်ဗိုလ်ချုပ်တွေဟာ Siege mentality အဝိုင်းခံရနေကြရသလို ခံစားရတယ်လို့ ဆိုပါတယ်။
ဒီလို စစ်ဗိုလ်ချုပ်တွေရဲ့ ခေါင်းထဲမှာ ပြည်ပကနေ ဝင်ရောက်ကျူးကျော်နိုင်တဲ့ အန္တရာယ် ကြီးမားလာတာနဲ့အမျှ နဝတ စစ်ခေါင်းဆောင်တွေဟာ တပ်
မတော်ကို ခေတ်မီတဲ့ စစ်လက်နက်တွေ တပ်ဆင်ရုံသာမက စစ်အတွေးအခေါ် Military Doctrine ကိုပါ ခေတ်မီတိုးတက်လာအောင် ထပ်ဆင့်ဖြည့်စွက်
စေပါတယ်တဲ့။ ဒီစိတ်ဓာတ်ကြောင့် ၁၉၈၉-၁၉၉ဝ ခုနှစ်တွေမှာ လေယာဉ်ပစ် အမြောက်တွေနဲ့ တင့်ကားအစီး ၆ဝ ကို ဝယ်ယူခဲ့ပါတယ်။ ထိပ်တန်း စစ်
ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်မှာလည်း မော်စီတုံးရဲ့ မဟာဗျူဟာ တွေးခေါ်နည်းတွေဟာလည်း လွှမ်းမိုးလျက် ရှိပါတယ်။ မြန်မာလို ဘာသာပြန
်ထားတဲ့ မော်စီတုံးရဲ့ လက်ရွေးစင် စစ်အကြောင်း ရေးသားချက်တွေနဲ့အတူ လင်ပြောင်ရဲ့ ပြည်သူ့စစ် People’s War နဲ့ ချေဂွေဗာရားရဲ့ ပြောက်ကျား
စစ်ပွဲတို့ဟာ ၁၉၆ဝ နဲ့ ၁၉၇ဝ ခုနှစ်တွေအတွင်းက မဆလစစ်ဗိုလ်တွေအတွင်း အဖတ်အများဆုံး စာအုပ်တွေ ဖြစ်ကြပါတယ်။
၁၉၉၅ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ်အတွင်း တပ်မတော်က ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေး လေ့ကျင်ခန်းကို ကျင်းပခဲ့ပြီး ၁၉၉၈ ခုနှစ်လောက်မှာတော့ စစ်
ရေးအတွေးအခေါ်ဖြစ်တဲ့ “ပြည်သူ့စစ်“ People’s War ကတဆင့် တိုးတက်တဲ့ စစ်အတွေးအခေါ်ကို ဗိုလ်ချုပ်သန်းရွှေက “ခေတ်သစ်အခြေအနေအောက
်ရှိ ပြည်သူ့စစ်“ People’s War Under Modern Condition လို့ တရားဝင် ခင်ပွန်းတပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအတွေးအခေါ်နဲ့ နာမည်ကိုယ်တိုင်က တရုတ်
တွေဆီကနေ ဗြောင်ခိုးချထားတာ ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ အရင်က ပြည်သူ့စစ်မှာ မပါခဲ့တဲ့ ရန်သူကို ဗျူဟာကျကျ ငြင်းပယ်ခြင်း Strategic
Denial နဲ့ Counter Offensive Capabilities လို့ ခေါ်တဲ့ တန်ပြန်ထိုးစစ်၊ ဒီ ၂ ပိုင်းကို ထပ်ဖြည့်ထားခြင်းပင် ဖြစ်တယ်။ လူဗိန်းစကားနဲ့ပြောရရင် စစ်တပ
်က ကျူးကျော်လာတဲ့ နိုင်ငံခြားစစ်တပ်ကို ပမာဏတိုက်ပွဲတွေမှာ မထိန်းထားနိုင်ခဲ့ရင် ရပ်ရွာမြို့နယ်တိုင်းနဲ့ တပြည်လုံး အတိုင်းအတာအလိုက် တော်လှန
်ရေး တပ်ဖွဲ့တွေဖွဲ့ပြီး တော်လှန်ပြီး ရန်သူကို အထိနာစေပါမယ်။ ဒီလိုနဲ့ ရန်သူရဲ့ စိတ်ဓာတ်ကို အထိနာစေပြီး ရန်သူ ခြေကုန်လက်ပန်းကျလို့ ကစဥ့်ကလျား
ဖြစ်မှ လိုအပ်တဲ့ (အင်အား) ကို စုပြီး တန်ပြန်ထိုးစစ်ကို ဆင်နွဲလို့ ရန်သူကို အမိနိုင်ငံမြေကနေ မောင်းထုတ်ဖို့ အစီအစဉ် အတွေးအခေါ်ဖြစ်တယ်။
အတိုချုပ်ပြောရရင် အရင်က ပြည်တွင်းစစ်နဲ့ ပြည်တွင်းသူပုန်တို့ကိုပဲ အသားပေးခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ အခုအချိန်မှာ ပြည်ပရန်သူ (မှတ်ချက် -
အမေရိကန်လို့ သဘောပေါက်ပါ - စာရေးသူ) ကို ပိုအရေးပေးလာပြီး တရုတ်တို့ရဲ့ စစ်ရေးအတွေးအခေါ်ကို တိုက်ရိုက်ခိုးယူပြီး ပြည်ပရန်သူကို ပထမ
တင်းခံထား၊ တန်ပြန်ထိုးစစ်နဲ့ အနိုင်ယူမယ်ဆိုတဲ့ စစ်ရေးအတွေးအခေါ် ဖြစ်ပါတယ်။ ဒီအတွေးအခေါ်မှာ ရန်သူရဲ့ စိတ်ဓာတ်ကို ပြောက်ကျား စစ်ဆင်
ရေးနဲ့ တိုက်ဖျက်ပြီး ခုခံဖို့ ဖြစ်ပါတယ်။
ရှုပ်ထွေးကုန်မှာစိုးလို့ အသေးစိတ်ကို တင်ပြထားခြင်း မရှိပါ။
ဒီအတွေးအခေါ်ကို စိတ်ဝင်စားသူတွေ ရှိခဲ့ရင် ၂ဝဝ၉ ခုနှစ် ပထမပိုင်းက ထုတ်ဝေခဲ့တဲ့ မောင်အောင်မျိုး (Ph.D) ရဲ့ Buliding the Tatmadaw,
Myanmar Armed Forces Since 1948 ကို ဖတ်ရှုသင့်ပါတယ်။ မောင်အောင်မျိုးဟာ Australia National University (ANU) ကနေ Ph.D ဘွဲ့
ကို ရခဲ့ပြီး မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်တွေကို မွေးထုတ်ပေးနေတဲ့ Nation Defense College မှာ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒေါက်တာမောင
်အောင်မျိုးဟာ တခါတရံ မသိမသာ မြန်မာ့တပ်မတော်ကို ဖေးဖေးမမ တင်ပို့လေ့ရှိပေမယ့် ပညာရှင်သက်သက် မျက်စိနဲ့ကြည့်ရင် စာပေပညာရှင်
(Academic) တွေကြားမှာ မြန်မာ့တပ်မတော် အကြောင်းကို အသိဆုံးမှာ ဒေါက်တာ မောင်အောင်မျိုးလို့ ဆိုရပါမယ်။ အကြောင်းမှာ အတွင်းသိဖြစ်
လို့ပါ။ စာရေးသူရဲ့ အမြင်မှာ သူသိသမျှ မရေးရဲလို့ အပြစ်မရောက်ရုံသာ ရေးနိုင်ခြင်းလို့ ယူဆပါတယ်။ မြန်မာ့တပ်မတော်အကြောင်း စိတ်ဝင်စားပါရင်
သူ့ရဲ့ ရေးသားချက်တွေကို ဖတ်သင့်တယ်။ ANU ကနေ ထုတ်တဲ့ သူ့ရေးသားချက်တွေ ရှိပါသေးတယ်။ လက်တွေ့ရှုထောင့်ကနေ ကြည့်ရင်တော့ ဦး
အောင်ကျော်ဇောဟာ ကိုယ်တိုင် စစ်တိုက်လာသူ ဖြစ်ရုံမက နယ်စပ်မှာရှိတဲ့ တပ်ဖွဲ့တွေ အကြောင်းကို ကောင်းကောင်းသိရှိသူပါ။ ဒါ့အပြင် တရုတ်
ရေးရာကို ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဤပုဂ္ဂိုလ် ၂ ဦးထံမှ စာတွေ့လက်တွေ့ ရှုထောင့် ၂ ခုစလုံးကနေ ကြည့်ရှုလေ့လာသင့်တယ်လို့ ထင်လို့ပါ။
စစ်ဗိုလ်ချုပ်တွေဆီကနေ ခွင့်ပြုချက် မရလို့လား။ စိုးရိမ်စိတ်ကြောင့်လား မသိ၊ မောင်အောင်မျိုး မရေးခဲ့တာလေးတွေ ရှိပါသေးတယ်။ ဥပမာ -
စစ်ဗိုလ်ချုပ်တွေရဲ့ အနုမြူစီမံကိန်းနဲ့ အဝေးပစ် ဒုံးပျံပညာ ရှာဖွေစုဆောင်းခြင်းတို့ကို လုံးဝ ချန်လှပ်ခဲ့ပါတယ်။
ပထမ အီရတ်စစ်မှာ အီရတ်က ကူဝိတ်ကို သိမ်းပြီး၊ နောက်တဆင့် ဆော်ဒီအာရေးဗီးယားကို သိမ်းနိုင်တာကြောင့်၊ ဆော်ဒီကို ကာကွယ်ဖို့ အမေ
ရိကန်မှာ ၂ နိုင်ငံ နားလည်မှုအရ တာဝန်ရှိတာကြောင့် အီရတ်ကို ကူဝိတ်က မောင်းထုတ်ဖို့ အမေရိကန်က ဝင်တိုက်ခဲ့ရတယ်။ ပထမဘုရှ် (၄၁)
က အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားမို့ ဆဒမ်ကိုဖြုတ်ချဖို့ မကြိုးစားခဲ့ဘူး။ ဒါ အမေရိကန်ရဲ့ တာဝန်မဟုတ်ပါ။
ဒါထက် ပိုအရေးကြီးတာက အမေရိကန်ဟာ ကမ္ဘာ့အင်အားကြီးဆုံးနဲ့ အနုမြူဗုံးပိုင်ဆိုင်တဲ့ နိုင်ငံ။ ဒါကြောင့် လက်နက်အားကိုးနဲ့ ဗိုလ်ကျတဲ့ အမှု
အထူးသဖြင့် အနုမြူလက်နက် ထုတ်နိုင်စွမ်းရှိတဲ့ နိုင်ငံတွေကို ဗိုလ်မကျရပါ။
အတွေ့အကြုံအားနည်းတဲ့ ဒုတိယဘုရှ် (၄၃) လက်ထပ်မှာ အလေးအနက် စဉ်းစားခြင်းမရှိဘဲ အီရတ်ကို ဒုတိယအကြိမ် ဝင်တိုက်ခဲ့ပါတယ်။
ဒီကျူးကျော်မှုကို တရားဝင်မှုရှိအောင် Pre-emptive Doctrine ဆိုတဲ့ Weapon of Mass Destruction လို့ ခေါ်တဲ့ လူအများကို သေကြေစေ
နိုင်တဲ့ အနုမြူလက်နက်နဲ့ ဓာတုလက်နက်တို့၊ အစွန်းရောက် အကြမ်းဖက်သမားအင်အားစုတွေဆီ မကျရောက်စေရေးအတွက် ကြိုတင်ကာ
ကွယ်စစ်ကို ဆင်နွှဲနိုင်တယ်ဆိုတဲ့ အတွေးအခေါ် Doctrine ကို ချမှတ်ခဲ့ပါတယ်။ တချိန်ထဲမှာ မြောက်ကိုရီးယားက အမေရိကန်ရဲ့ စစ်ရေးဗိုလ်
ကျမှုရန်ကနေ ကာကွယ်ဖို့ဆိုပြီး အနုမြူဗုံး ထုတ်လုပ်နိုင်ရေးကို အားသွန်ဆောင်ရွက်ခဲ့ပါတယ်။
မြောက်ကိုရီယားနိုင်ငံမှာ စစ်သားဦးရေ သန်းနဲ့ချီပြီး အင်အားရှိတဲ့ စစ်တပ်ရှိတယ်။ အနုမြူနည်းပညာတွေကို နားလည်ရရှိထားပြီး ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်က စကားပြောတာကလွဲလို့ ဘာမှ အရေးမယူနိုင်ဘူး။ ဒါကြောင့် အမေရိကန်နဲ့ မသင့်မြတ်တဲ့ နိုင်ငံတွေရဲ့ အမြင်မှာ အမေရိကန်
စစ်ရန်က ကင်းဖို့ အနုမြူလက်နက်ရှိမှ ဖြစ်မယ်ဆိုတဲ့ အမြင်ရလာတာကြောင့် အီရန်ကလည်း အနုမြူဗုံးရဖို့ အားသွန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိတယ်။
ဒါဟာ ဘုရှ် (၄၃) ရဲ့ ပေါ်လစီရဲ့ အကျိုးသက်ရောက်မှုပဲ။ ဒီအခြေအနေမှာ သဘာဝဓာတ်ငွေ့က ရလာတဲ့ ‘ငွေ’ တွေနဲ့ ရွှင်မြူးနေတဲ့ နအဖ စစ်အစိုးရဟာ
လည်း အနုမြူပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်ရေးအတွက် စိတ်ကူးယဉ်လာပါတယ်။
တကယ်တော့ အနုမြူလက်နက် ထုတ်ဖို့ဆိုတာ ထင်သလောက်၊ ပြောသလောက် မလွယ်ကူလှပါ။
အနုမြူရူပဗေဒ ပညာရှင် Nuclear Physicists တွေ လိုအပ်သလို ပိုအရေးကြီးတာက နျူကလီးယား အင်ဂျင်နီယာတွေ လိုအပ်ပါတယ်။ နျူကလီးယား
လက်နက်ထုတ်ဖို့ Uranium ယူယေနီယံနဲ့ Plutonium ပလူတိုနီယံတို့ကို သန့်စင်စေရပါတယ်။ Plutonium က သိပ်မတည်ငြိမ်လှတဲ့အတွက် Uranium
ကို အသုံးများကြပါတယ်။ Uranium ကို သန့်စင်ရာမှာ U235 လို့ ခေါ်တဲ့ ယူရေနီယံ အိုက်ဆိုတုပ် Uranium Isotope ဟာ ၉ဝ ရာခိုင်နှုန်းကျော် သန့်စင်မှ
ဗုံးကို ထုတ်လုပ်လို့ရပါတယ်။ Uranium ကို သန့်စင်ရာမှာ ၂၆ဝဝ ဒီဂရီအထိ အပူပေးပြီး Centrifugal Force လို့ ခေါ်တဲ့ လည်ပတ်ရင်းက ရလာတဲ့ စွမ်းအားနဲ့
Mass ကိုမှီပြီး သန့်စင်တဲ့ Uranium ကို ခွဲထုတ်ကြရပါတယ်။ ဒီ Process လုပ်ငန်းစဉ်က မလွယ်ကူပါ။ ဒီသန့်စင်တဲ့စက် Centrifuge ပေါင်း ထောင်ချီလို့
ဆက်စပ်တည်ဆောက်ရပါတယ်။ ဒီစက်ကိရိယာတွေ အပူလွန်လာတဲ့ ပြဿနာကို အီရန်က ရင်ဆိုင်နေရလို့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို နှစ်နဲ့
ချီပြီး နောက်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။
အခုမှ နျူကလီးယားပညာကို စလုံးရေစကနေ သင်နေတဲ့ မြန်မာစစ်ဗိုလ်တွေ ဒီပညာကို ကျွမ်းကျင်တတ်မြောက် ကျော်လွှားဖို့ ကံကောင်းရင
်အနည်းဆုံး အနှစ် ၂ဝ ကြာပါမယ်။ ကိုရီးယားက ကွန်မြူနစ်အာဏာရှင် ကင်အီစွန်းဟာ အမေရိကန်က ဂျပန်ကို အနုမြူဗုံးကြဲပြီးကတည်းက
စိတ်ဝင်စားကာ အနုမြူပညာရရှိရေးကို ကြိုးစားခဲ့ပါတယ်။ အနှစ် ၆ဝ ကျော်မှ အနုမြူဗုံးကို အောင်မြင်အောင် ဖောက်ခွဲနိုင်ခဲ့ကြတာပါ။
အနုမြူဗုံးဆိုတာ ဖောက်ခွဲပြီးရုံနဲ့ မပြီးပါ။ Delivery System လို့ ခေါ်တဲ့ အနုမြူဗုံးကို သယ်ဆောင်မယ့် လက်နက်လိုအပ်ပါတယ်။ ဒါ့အပြင်
ဗုံးကို ဒုံးပျံထိပ်ဖူးမှာ တပ်ဆင်နိုင်ဖို့ “ကျုံ့” တဲ့ ပညာ Minimize လုပ်တတ်ဖို့ လိုပါတယ်။ မြောက်ကိုရီးယားက ဒုံးပျံပညာမှာ တတ်ကျွမ်းတယ
်လို့ ဆိုကြပါတယ်။ ဒါကြောင့် သန့်စင်ရာမှာ အခက်တွေ့တဲ့ ကိုရီးယားနဲ့ ပါကစ္စတန်တို့ ပညာအလဲအလှယ် လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပါကစ္စတန်ရဲ့ အနုမြူဗုံး ဖခင်ဟာ Metallurgist သတ္တုဗေဒပညာရှင်ဖြစ်ပြီး၊ ဥရောပမှာ အလုပ်လုပ်ရင်း Centrifuge သန့်စင်တဲ့ စက်နဲ့
ပညာကို ကောင်းကောင်း တတ်ကျွမ်းလာတဲ့ ပညာရှင်ဖြစ်တာကိုး။
အနုမြူဗုံး ပိုင်ဆိုင်လိုတဲ့ နအဖ စစ်ဗိုလ်ချုပ်တွေဟာ ဗုံးသယ်ဆောင်တဲ့ ဒုံးပျံပညာ Rocket-Missile Technology ကို အခုကတည်းက
ရုရှားနဲ့ မြောက်ကိုရီးယားမှာ ဆည်းပူးနေပုံရပါတယ်။ ဒုံးပျံမှာ ၂ မျိုး၊ ၂ စား ရှိပါတယ်။ တခုက မြေပြင်ကနေ လေယာဉ်ပစ်တဲ့ ဒုံးပျံပါ။
ဒါက SAM Surface-to-Air Missile ဒါက လေကြောင်း ကာကွယ်ရေးအတွက်ပါ။ နောက်မြေပြင်ပစ် ဒုံးပျံတွေ ရှိပါတယ်။ ဆိုဗီယက်က
ဒုံးကျည်တွေကို SCUD လို့ ခေါ်ပြီး တာတို-တာလတ်ဒုံးပျံတွေ ဖြစ်ကြပါတယ်။ Scud A (150km), Scud B (300km), Scud C (600km),
Scud D (700km) ဆိုပြီး Scud အမျိုးမျိုး ရှိပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၁၉၇၉ နဲ့ ၁၉၈ဝ ခုနှစ်တွေမှာ အီဂျစ်ကနေ Scud B ကို
လက်ခံရရှိပြီး Reverse Engineering လို့ ခေါ်တဲ့ ထုတ်လုပ်ပြီး ပစ္စည်းကနေ ထုတ်လုပ်ပုံကို ဖော်ထုတ်ပြီး ဒုံးပျံပညာကို ကူးယူခဲ့ပါတယ်။
ဒီအောင်မြင်မှုကြောင့် ၁၉၈၄ ခုနှစ်မှာ Hwasang-5 ဒုံးပျံကို ထုတ်လုပ်နိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ Hwasang-6 ကို ထုတ်လုပ်နိုင်ခဲ့တယ်။
၁၉၉၁ ခုနှစ်မှာ ကီလိုမီတာ ၅ဝဝ အထိ ရောက်နိုင်တဲ့အထိ အောင်မြင်ခဲ့ပြီး Rodong-1 ဒုံးပျံဟာ (1000km) အထိ ရောက်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ သယံဇာတ ပေါများတဲ့နိုင်ငံ မဟုတ်ပါ။ စီးပွးရေးတိုးတက်တဲ့ နိုင်ငံလည်း မဟုတ်ပါ။ စစ်အင်အား ကြီးမားတဲ့
နိုင်ငံ တနိုင်ငံသာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေရဖို့ ဘာမဆိုလုပ်မယ့် နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ဒုံးကျည်တွေကို
အီရန်၊ ဆီးရီးယား၊ လစ်ဗျားနဲ့ ယီမန်နိုင်ငံတွေဆီ Hwasong-5, Hwasong-6 ဒုံးပျံတွေကို ရောင်းချခဲ့ပါတယ်။ အီရန်နိုင်ငံက Hwasong-6
ဒုံးပျံကို တခါထုတ်လုပ်ပြီး Shahab-2 လို့ ခေါ်ပါတယ်။ အခု မြောက်ကိုရီးယားက Rodong-1 (Scud-D) ကို တည်ထောင်နိုင်ပြီး ကီလိုမီ
တာ ၁ဝဝဝ သွားတယ်လို့ ဆိုပါတယ်။ Rodong ဒုံးပျံပရိုဂမ်ကို အီရန်က ငွေကြေးထောက်ပံ့ပြီး Shahab-3 ဒုံးပျံအဖြစ် ပြန်ထုတ်နေတယ်။
ရှင်းတာက မြောက်ကိုရီးယားက ဒုံးပျံနည်းပညာကို ဖြန့်ဖို့ဝန်မလေးဘူး။ အစ္စရေးလ် (Israel) က ဖုံးကြဲဖျက်စီးခဲ့တဲ့ ဆီးရီးယားက အနုမြူစက်
ရုံဟာ မြောက်ကိုရီးယားက အကူအညီနဲ့ ဆောက်ခဲ့တာလို့ တတ်သိပညာရှင်တွေက စွပ်စွဲကြပါတယ်။ နိုင်ငံကြားငွေမာ (hard-currency)
ရရင်ပြီးရော ဘာမဆိုလုပ်ဖို့ ဝန်မလေးသူတွေကတော့ မြောက်ကိုရီးယားတွေပါပဲ။
မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ပြည်သူတွေကို ထမင်းဝအောင် မကျွေးနိုင်တာမို့ ပြည်သူတွေ ငတ်ပြတ်နေတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါကြောင့်
နအဖ ဗိုလ်ချုပ်တွေက နိုင်ငံခြားငွေနဲ့ ပေးချေစရာမလိုဘဲ ဆန်စပါး၊ ပဲနဲ့သော်လည်းကောင်း၊ ရေနံ (သို့မဟုတ်) ဓာတ်ငွေ့နဲ့သော်လည်းကောင်း
(ဘာတာ) စနစ်အရ ပေးချေနိုင်ပါတယ်။
ဒါ့ကြောင့် မြောက်ကိုရီးယားမှ ဒုံးပျံတွေဝယ်၊ ဒုံးပျံနဲ့ အနုမြူပညာတွေကို မြောက်ကိုရီးယားဆီက လွယ်လွယ်ဝယ်ယူလို့ ရနိုင်ပါတယ်။
ကျနော့်အမြင်အရ နအဖ အစိုးရဟာ အနုမြူဓာတ်ပေါင်းဖိုကို ရုရှားတွေဆီက ဝယ်ယူပြီး အနုမြူပညာကို ရှာဖွေနေစဉ် ဒုံးပျံနဲ့ ဒုံးပျံပညာကို
မြောက်ကိုရီးယားကနေ ဝယ်ယူဆည်းပူးထားပြီး အနုမြူဗုံးအဆင့်ရောက်လျှင် သယ်ဆောင်ရန် ဒုံးပျံတွေလည်း အဆင်သင့်ရှိပြီပေါ့။
အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ - သံယံဇာတ - လူဦးရေအရ နိုင်ငံကြီးတနိုင်ငံ ဖြစ်သင့်ပါတယ်။ လွပ်လပ်
ရေးရပြီးကာစ ပြည်တွင်းစစ် ဝိုင်းဝိုင်းလည်နေတဲ့ ကြားက - ပါလီမန်ဒီမိုကရေစီ ခေတ်က မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေ
ကြားမှာ- ချမ်းသာတဲ့ နိုင်ငံ၊ တိုးတက်တဲ့ နိုင်ငံ၊ အလားအလာ အရှိဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ထိုင်း-မလေး
ရှား-စင်္ကာပူ-အင်ဒိုနီးရှား နိုင်ငံတို့ဟာ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကြောင့် ဆုတ်ယုတ်သွားတဲ့ ကာလမှာ တရှိန်ထိုး တိုးတက်လာကြရာ
မှာ အခုကာလမှာတော့ အနောက်နိုင်ငံတွေကတောင် အလေးပေးဆက်ဆံရတဲ့ နိုင်ငံတွေအဖြစ် ရပ်တည်လျက် ရှိနေပါပြီ။ အင်ဒိုနီးရှားနိုင်ငံ
ဆိုရင် ဂျီ (၂ဝ) G (20) လို့ ခေါ်တဲ့ စီးပွားရေးအရ အရေးပါတဲ့ ကမ္ဘာ့ထိပ်သီးနိုင်ငံတခုအဖြစ် အသိအမှတ်ပြုခံနေရပါပြီ။ အနှစ် ၄ဝ ကျော်
မြန်မာမာစစ်ဗိုလ်တွေရဲ့ တကိုယ်ကောင်းဆန်မှုနဲ့ စီးပွားရေးကိုင်တွယ်မှု ကမောက်ကမတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး
နိုင်ငံအဖြစ် ကျဆင်းဆုတ်ယုတ်လျက်ရှိပါတယ်။
အမှန်က စီးပွားရေး တိုးတက်အောင်မြင်လာပါမှ မိမိရဲ့ ဒေသအတွင်း အင်အားကြီးတဲ့၊ ရိုသေလောက်တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားသင့်ပါတယ်။
တချိန်က ဝန်ကြီးချုပ်ဦးနုဟာ ချူအင်လိုင်းနဲ့ နေရူးတို့အကြား စေ့စပ်ပေးရသူ ဖြစ်ခဲ့ဖူးတာပဲ။ ဘက်မလိုက်အုပ်စုမှာ မြန်မာနိုင်ငံဟာ ခေါင်း
ဆောင်နေရာ ရခဲ့ဖူးတာပဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဆင်းရဲမှု အခြေအနေကြောင့် ဒေသတွင်းနိုင်ငံ အငယ်တွေဖြစ်တဲ့ လော (လာအို) နဲ့
ကမ္ဘောဒီးယား နိုင်ငံတွေကတောင် ဒေသဆိုင်ရာ စည်းဝေးပွဲတွေမှာ နအဖ စစ်ဗိုလ်ချုပ်တွေကို အရေးတယူ လေးလေးစားစား မဆက
်ဆံကြတော့ပါဘူး။ ဉာဏ်နည်းပြီး မောက်မာစိတ်ပြင်းတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ စီးပွားရေးအောင်မြင်အောင် လုပ်ပြီး ပြည်သူတွေလည်း
ထမင်းဝ၊ နိုင်ငံလည်း ဝံ့ကြွားနိုင်၊ လူရိုသေ ရှင်ရိုသေ ဘဝရောက်အောင် မကြိုးစားချင်ကြ။ တိုင်းပြည်ရတနာတွေကို ရောင်းစားပြီး စစ်တပ
်ကို ကြီးသထက်ကြီးအောင် ထောင်၊ အနုမြူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ရေး လမ်းကြောင်းကို လိုက်လျက်ရှိကြပါတယ်။
တနည်းအားဖြင့် လူမိုက်တို့ အတွေးအတိုင်း လက်နက်အားကိုးနဲ့ တိုင်းပြည်နဲ့လူမျိုးကို နှိပ်စက်နေရတာကို အားမရ၊
အနုမြူလက်နက်ကိုင်ပြီး ဒေသအတွင်း လမ်းမတော်ဖိုးတုတ် (လူမိုက်) လုပ်ဖို့ ကြိုးစားလျက်ရှိပါတယ်။
ဒုံးပျံလက်နက်များနှင့် အနုမြူဗုံးပိုင်ဆိုင်ခွင့်ရလာသော နိုင်ငံသည် ထိုအနုမြူဒုံးပျံများအား လုံခြုံစွာ ထိန်းသိမ်းရန်နှင့် မတော်တဆ ပစ်ခတ်မှု
သော်လည်းကောင်း၊ လူဆိုးဗိုလ်ချုပ် (Rogue-General) (သို့) ဗိုလ်ချုပ်တဦးဦးက ရူးပြီး ပစ်မိန့်မပေးနိုင်အောင် ထိန်းသိမ်းရန် တာဝန်ရှိလာ
ပါသည်။ အမေရိကန်စနစ်တွင် အမေရိကန်သမ္မတကပဲ ပစ်မိန့်ပေးနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်သမ္မတအနီးတွင် လျှို့ဝှက်ကုတ် (code)
များ သယ်ဆောင်ထားသည့် စစ်ဗိုလ်တဦး အမြဲရှိနေရပါသည်။ လူနှစ်ဦး ပြိုင်တူဖွင့်မှ အနူမြူလက်နက်များကို လက်နက်တပ်ဆင်နိုင်ပါသည်။
အမေရိကန်စနစ်မှာ အနုမြူလက်နက်များကို ကုန်းမှပစ်ရန်၊ ရေမှပစ်ရန်၊ လေမှပစ်ရန်ဆိုပြီး ခွဲထားပါသည်။ ထို့ကြောင့် ကြည်းတပ် ရေတပ်
လေတပ်ပိုင် အနုမြူလက်နက်များရှိသလို ကိုယ့်ဆိုင်ရာဌာနအတွက် (Research & Development) ဟုခေါ်သည့် သုသေသနပြုမှုနှင့် ဖော်
ထုတ်တည်ဆောက်မှုကို ဆိုင်ရာဌာနများက ဦးစီးဆောင်ရွက်ရပါသည်။
တရုတ်စနစ်တွင်မူ အနုမြူလက်နက်အားလုံးသည် Second Artillery Corp ဒုတိယ အမြောက်တပ်အစု အောက်မှာရှိပါသည်။ အနုမြူလက်
နက်အတွက် သုတေသနနှင့် ဖော်ထုတ်မှု၊ လက်နက်တပ်ဆင်မှု၊ ဖြန့်ဝေမှုအားလုံးသည် ဤဌာနအောက်တွင် ရှိပါသည်။ နအဖ စစ်ဗိုလ်ချုပ်
များ ခိုးချထားသော စစ်အတွေးအခေါ် Military Doctrine ဖြစ်သည့် ခေတ်သစ်အခြေအနေအောက်ရှိ ပြည်သူ့စစ် People’s War Under
Modern Condition အရ အကယ်၍ ရန်သူစစ်တပ်များ ဝင်တိုက်ခဲ့လျှင် ခံစစ်ဖြင့် တင်းခံပြီး၊ ပြောက်ကျားစစ်ဖြင့် ရန်သူ၏ စိတ်ဓာတ်ကို
ချေမှုန်းကာ ရန်သူအား တန်ပြန်ထိုးစစ်ဖြင့် တိုင်းပြည်မှ မောင်းထုတ်ရန် ဖြစ်ပါသည်။ ဤအတွေးအခေါ်အရ ရန်သူများ၏ ထိုးစစ်ကို တင်း
ခံရာ၌ တရုတ်စစ်သည်နှင့် စစ်လက်နက်ပစ္စည်း ဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန်Tunnel-War-Fareဟုခေါ်သောလှိုဏ်ခေါင်းတူးစစ်ဆင်ရေးကို
ထည့်သွင်းဖော်ထုတ်ကြပါသည်။
ယခုခေတ်ကို information-age သတင်းအသိပညာ ခေတ်ဟု ခေါ်ပါသည်။ ရန်သူ၏ အနေအထား၊ ကိုယ့်တပ်များ၏ အခြေအနေကို တိုက်
ပွဲကိုဦးစီးရသော ဗိုလ်ချုပ်များက ချက်ချင်းသိရှိနိုင်၍ အဆုံးအဖြတ် အမိန့်ပေးနိုင်စွမ်း ရှိပြီဖြစ်၏။ ထို့ကြောင့် ယနေ့ စစ်အတွေးအခေါ်သစ်တ
ခုမှာ Network Centric Warfare ဟု ခေါ်ပါသည်။ ကွန်ပြူတာ တခုနှင့် တခု ဆက်သွယ်ထားသည်ကို Network သတင်းကွန်ယက် ဟု ခေါ်
သည်။ ဤသတင်းကွန်ယက်ကို ဗဟိုပြုသော စစ်တိုက်နည်းဟု အဓိပ္ပာယ်ရပါသည်။
ယခင်က စစ်တပ်တခုတွင် အရေးကြီးဆုံးမှာ Command & Control ဟု ခေါ်ပါသည်။ ယခုခေတ်စနစ်တွင် Command, Control,
Communication, Computers and Intelligence (C4I) System စနစ်ဟု ခေါ်ပါသည်။ ဥပမာ ဒုတိယ ကမ္ဘာစစ်က ဌာနချုပ်မှ အမိန့်ကို
ရှေ့တန်းစစ်မျက်နှာသို့ အမိန့်ပေးရာတွင် ရေဒီယိုကိုသာ သုံးကြရပါသည်။ ရန်သူက ကြားဖြတ်နားထောင်သော် နားမလည်နိုင်ရန် Military
Code ဟု ခေါ်သော စစ်ဘက်ဆိုင်ရာ စကားဝှက်စနစ်ကို သုံးရပါသည်။ ဒုတိယကမ္ဘာစစ်က အမေရိကန်ဖက်က ဂျပန်တို့၏ စစ်သုံးစကားဝှက
်လို ဖောက်နိုင်၍ ပုလဲဆိပ်ကမ်းကို ဦးစီးတိုက်ခိုက်ခဲ့သော ရေတပ်ဗိုလ်ချုပ် ရာမာမိုတို၏ လေယာဉ်ပျံကို ပစ်ချကာ ကလဲ့စားချေနိုင်ခဲ့ပါသည်။
အမေရိကန်တို့က အမေရိကန် နာဗါဟို ရက်ဒ်အင်ဒီယန်း American-Navaho-Red-Indian များကို ပစိဖိတ်စစ်မျက်နှာတွင် အသုံးပြုခဲ့ရာ
ဂျပန်တို့က ဘာပြောနေမှန်း မသိကြပါ။ မြန်မာနိုင်ငံ၏ အနောက်မြောက်တွင် ကွန်မြူနစ်များ ကြီးစိုးစဉ်က ၎င်းတို့၏ ဌာနချုပ်တွင် အင်ဒိုနီးရှား
ကွန်မြူနစ်နှင့် အခြားကွန်မြူနစ်များ လေ့လာရန် ရောက်ရှိနေရာ အချို့စစ်ပွဲများတွင် အင်ဒိုနီးရှားလို ဆက်သွယ်ကြရာ မြန်မာစစ်ဗိုလ်တွေ ဦး
နှောက်ခြောက်ဖူးသည်ဟု ကွန်မြူနစ် ဌာနချုပ်သို့ ရောက်ခဲ့ဖူးသော နိုင်ငံခြားသားသတင်းသမားတဦးက ပြန်ပြောဖူးပါသည်။
ယနေ့ခေတ်တွင် Encryption ဟုခေါ်သော သိပ္ပံနည်းအရ တီထွင်ထားသော စကားဝှက်ကို Data Transmission ဟု ခေါ်သော သတင်းပို့ဆောင်
ချက်တွင် ထည့်သွင်းထား၍ လုံခြုံသော ဆက်သွယ်မှု Secure Transmission စနစ်ကို သုံးကြပါပြီ။ ဆက်သွယ်ရာတွင် ဝေဟင်မှ Satellite ဂြိုလ်တု
များမှလည်းကောင်း၊ တခုနှင့်တခု ဝါယာနှင့် ဆက်သွယ်၍လည်းကောင်း အသုံးပြုကြပါသည်။ တခုနှင့်တခု ဝါယာနှင့် ဆက်သွယ်ရာတွင် Fiber Optic
Cable များကို အသုံးပြုကြရပါသည်။ ဥပမာ - လေယာဉ်ပစ်စနစ်များတွင် ကျူးကျော်လာသော လေယာဉ်ကို ရေဒါ (Radar) စခန်းများက ကြိုတင်သိရှိနိုင
်၍ ပစ်မှတ်ကို ရေဒါက လေယာဉ်ပစ် ဒုံးပျံများကို သတင်းပေးပို့ရပါသည်။ လျှပ်တပြက်အတွင်း ပစ်မှတ်ကိုချိန်၍ သတင်းပို့ရသဖြင့် တချို့လေယာဉ်ပစ်စနစ်
များတွင် ဆက်သွယ်မှုမှာ Fiber Optic Cable များဖြစ်သလို C4I စနစ်တွင်လည်း ဤကေဘယ်များကိုပင် အသုံးပြုရပါသည်။ ထို့ကြောင့် ကေဘယ်များကို
လုံခြုံသော လှိုဏ်ခေါင်းများတွင် သွပ်သွင်းထားတတ်ပါသည်။
ဒုတိယအီရပ်စစ်ပွဲမဖြစ်ခင်အီရပ်တို့၏စစ်သုံး-Fiber-Optic-Cable များကိုတပ်ဆင်ခဲ့သူများ မှာတရုပ် ကုမ္ပဏီများဖြစ်သည်။ ထို့ကြောင့်ဒုတိယအီရပ်စစ်ပွဲ
အပြီး တရုတ်စစ်တပ်ကပြန်လည်သုံးသပ်မှုပြုရာတွင် အားနဲ ချက်များကိုကောင်းကောင်းသုံးသပ်နိုင်ခဲ့သည်။ Fiber Optic Cable လိုင်းများလုံခြုံရေးကိုသ
ဘောပေါက်ခဲ့ ကြသည်။
ကျနော်သည် မြို့ပြအင်ဂျင်နီယာဘွဲ့ကို မြန်မာပြည်မှ ရခဲ့၍ ဘွဲ့လွန်ကို အမေရိကားမှရကာ ဆက်သွယ်ရေး ကဏ္ဍတွင် ၂၅ နှစ်ကျော်ကျော် အတွေ့အကြုံရ
ခဲ့ပါသည်။ ထို့ကြောင့် ဒီဗီဘီ DVB TV က နအဖ၏ လှိုဏ်ခေါင်း (Tunnel) များအကြောင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ DVB က ရရှိထားသော သတင်းဓာတ
်ပုံများတွင် နအဖတို့၏ Fiber Optic Cable မြေပုံ ပါရှိပါသည်။ အဆင့်ဆင့် မြန်မာတပြည်လုံး Fiber Optic Cable များ ချရန် ပြထားသော မြေပုံဖြစ်သည်။
အရပ်သားဆက်သွယ်ရေးတွင်လည်း Fiber Optic Cable ကို သုံးလေ့ရှိပါသည်။ သို့သော် မြန်မာနိုင်ငံမှ ပြင်ပကိုဆက်သွယ်ထားသော ဆက်သွယ်ရေးလင်ခ့်
(Link) သည် ကမ္ဘာ့အဆင့်အတန်းနှင့် ပြောရလျှင် လွန်စွာနှေးပါသည်။ ဂျက်လေယာဉ်ခေတ်တွင် နွားလှည်းနှင့် ခရီးသွားသည့်အဆင့်ပဲ ရှိပါသေးသည်။ စစ်
တပ်အတွက်သုံးသော ဆက်သွယ်ရေး Network မှာ သီးသန့်ဖြစ်ပါသည်။
Fiber Optic Cable ချရသော စရိတ်မှာလည်း မသေးလှပါ။ နအဖ အစိုးရသည် ၎င်းတို့၏ Fiber Optic Cable Network တချို့ကို လုံခြုံစိတ်ချရစေရန်
လှိုဏ်ခေါင်းများထဲတွင် ချထားရန်စီစဉ်နေပုံရသည်။
မောင်အောင်မျိုး၏ စာအုပ် ဒုတိယအခန်းဖြစ်သော စစ်ရေးအတွေးအခေါ်နှင့် ဗျူဟာအခန်း၏ နောက်ဆုံးကောက်ချက်တွင် -
While the Tatmadaw continue to train its troops in anti-guerrilla warfare for counter-insurgency , it has been taking necessary
measures for “ guerrilla warfare ” and “ tunnel warfare to deal with external threat - ဟုဆိုထားပါသည်။
ဆိုလိုသည်မှာ ပြည်တွင်းအန္တရာယ်အတွက် တန်ပြန်ပြောက်ကျား စစ်ဆင်ရေးကို တပ်မတော်တွင် ဆက်လက်၍ သင်တန်းပို့ချပြင်ဆင်နေသော်လည်း
ပြည်ပအန္တရာယ်အတွက် ပြောက်ကျားစစ်နှင့် လှိုဏ်ခေါင်းစစ်အတွက် လိုအပ်သော ပြင်ဆင်မှုများကို တချိန်ထဲမှာ ဆောင်ရွက်လျက်ရှိသည်ဟု ကောက်ချက်ချထားပါသည်။
ထို့ကြောင့် နအဖ စစ်အစိုးရသည် မြန်မာပြည်တပြည်လုံးတွင် လှိုဏ်ခေါင်းများ တူး၍ နိုင်ငံခြားမှ ကျူးကျော်စစ်ကို ခုခံရန် ငွေအကုန်အကျခံ၍ ပြင်ဆင်လျက်ရှိသည်။
မောင်အောင်မျိုး၏ အဆိုအရ မြန်မာ့တပ်မတော်သည် Electronic warfare နှင့် Information Warfare လျှပ်စစ်နှင့် သတင်းစစ်ပွဲကိုလည်း စိတ်ဝင်စား
သည်ဟု ဆိုပါသည်။ ယနေ့ခေတ်တွင် ကွန်ပြူတာများသည် မရှိမဖြစ်သော ကိရိယာများ ဖြစ်သလို ဆက်သွယ်ရေးသည် လွန်စွာအရေးကြီးပါသည်။ ထို့
ကြောင့် ခေတ်ပေါ် ဗုံးတခုမှာ အဆောက်အဦးများကို ဖျက်ရန်မဟုတ်ဘဲ Electromagnetic radiation ကြောင့် လျှပ်စစ်ပစ္စည်းများ အလုပ်မလုပ် လောင်
ကျွမ်းအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ electromagnetic bomb (e-bomb) ဟုခေါ်ပါသည်။
ထို့ပြင် ယ္ခုခေတ်တွင် ဗုံးများသည်လေထဲမှအရမ်း ကြဲခြသည့်ဗုံးများမဟုတ်တော့ပါ။ Precision Bomb ဟုခေါ်သော ပစ်မှတ်ကိုတိတိကျကျပစ်နိုင်သောဗုံး
များ ဖြစ်သည် ထိရောက်မှုရှိရန် GPS (Global Positioning System) ဂြိုလ်တုမှ တဆင့်အသုံးပြုကြရပါသည်။ ထို့ကြောင့် GPS ဂြိုလ်တုနှင့်ဆက်သွယ်မှု
ကိုဖျက်စီးသော GPS Jammer စစ်သုံးပစ္စည်းများပေါ်လာပါသည်
စစ်လေယဉ်များပျံသန်းရာတွင် Ground Control ဟုခေါ်သော မြေပြင်မှ ရန်သူ့လေယဉ်များကိုရေတာနှင့်ရှာ၍ ထိန်းကြောင်းပေးရပါသည်။ အမေရိကန်
လေတပ်တွင်ဤစံနစ်တခုလုံးကိုလေယဉ်ပေါ်တင်ထားသော AWAC (Airborne Warning And Control System) လေယဉ် များရှိပါသည် ထို့ကြောင့်
AWACS Jammer များပေါ် လာပါသည်
Information Warfare ဆိုသည်မှာရန် သူ့ Network အတွင်း ဝင်၍ သတင်းစုဆောင်းခြင်း - သတင်းမှားပေးခြင်း၊ အမိန့်အမှားပေးခြင်း ဖျက်ဆီးခြင်း
တို့ ဖြစ်သည်။
(မှတ်ချက် - ရှုပ်ကုန်မည်ဖြစ်၍ အသေးစိတ် မရှင်းသည်ကို ခွင့်ပြုပါ)
ဤအတွက်ကြောင့် နအဖ စစ်အစိုးရသည် ကွန်ပြူတာဘွဲ့ပေးထားသော စစ်ကျောင်းများနှင့် အင်ဂျင်နီယာဘွဲ့ ပေးထားသော စစ်ကျောင်းများကို
ထူထောင်ထားခြင်း ဖြစ်သည်။ လက်စမ်းသည့်အနေဖြင့် အတိုက်အခံ သတင်းဌာန ဝက်ဆိုက်များကို မကြာခဏ ဝင်ရောက်တိုက်ခိုက်ခြင်းလည်း
ဖြစ်နိုင်စရာ ရှိပါသည်။
မကြာသေးခင်က တရုတ်ပြည်ဟိုင်နန်ကျွန်းတွင် ရေငုပ်သဘောင်္များ သိုလှောင်ရန် ရေအောက်လှိုဏ်ခေါင်းများကို အမေရိကန်တို့က သိရှိခဲ့ကြရ၍
ပွက်လောရိုက်ခဲ့ပါသည်။ မြောက်ကိုရီးယားတို့ကလည်း တရုတ်ပုံစံကို ကူးယူ၍ လှိုဏ်ခေါင်းများတူးကာ ပြင်ဆင်ခဲ့ကြပါသည်။ ယခုအခါ မြန်မာစစ်
တပ်ကလည်း တရုတ်နှင့် မြောက်ကိုရီးယား ပုံစံကို အတုခိုး၍ ပြင်ဆင်လျက်ရှိပါသည်။
အတိုက်အခံသတင်းဌါနများလက်ခံရရှိခဲ့သောဗိုလ်ချုပ်ရွှေမန်း၏မြောက်ကိုရီးယားလျှိ့ဝှက်ခရီးမှတ်တမ်းတွင် လည်း မြန်မာစစ်တပ်က GPS
Jammer နှင့် AWACS Jammer များကိုစိတ်ဝင်စားကြောင်းဖေါ်ပြခဲ့ပါသည်
လက်ရှိ မြန်မာစစ်တပ်၏လှိုဏ်ခေါင်းစီမံကိန်းသည်ပထမအဆင့်မျှပင်ရှိပါသေးသည်။ Command And Control Centers အမိန့်ပေးနှင့်ကွပ်
ကဲမှုဌါနများ ၊ ဆက်သွယ်ရေးစနစ်များနှင့် Logistic ဖြည့်စီးမှုများ အတွက်သာ ရှိပါသေးသည်။ ဖေါက်ထားသည့်လှိုဏ်ခေါင်းများမှာကျင်းမြောင်း၍
ကွန်ကရစ်အထူမှာမပြောပလောက်ပါ။ တရုတ်နှင့်မြောက်ကိုရီးယားတို့ကဲ့သို့ စစ်လေယျဉ်များပါသိုလှောင်လိုပါက စက်ကြီးများအကူနှင့်နက်နက်
ကျယ်ကျယ်တူးရပါမည်။ ဗိုလ်ချုပ်ရွှေမန်း၏မြောက်ကိုရီးယားလျှိ့ဝှက်ခရီးမှတ်တမ်းအရမြန်မာစစ်တပ်ကစက်ကြီး များကိုကိုင်တွယ်နိုင်ရန်သင်တမ်း
ပေးပြီးပြီ၊စက်ကြီးများကိုမဝယ်ရသေးဟုဖေါ်ပြထားပါသည်။ နောက်အဆင့်တွေ အတွက်ပြင်ဆင်ထားသည်မှာထင်ပေါ်ပါသည်။
DVB၏အဆိုအရ လက်ရှိလှိုဏ်ခေါင်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ေးဒ်ါလာ (၉) ဘီလျံ (သန်း၉ဝဝဝ) ကျော်သည်ဟုဆိုပါသည်။ ဤသ
တင်းသာမှန်ခဲ့သည်ရှိသော်
ပြည်သူတွေဆင်းရဲတွင်းနက်နေသောကမ္ဘာ့အဆင်းရဆုံးနိုင်ငံတခုဖြစ်သောမြန်မာနိုင်ငံ သည်လှိုဏ်ခေါင်းများအတွက်ဤမျှငွေဖြုန်းရက်သည်မှာအံ့
သြစရာပင်
ဘိုဘိုကျော်ငြိမ်း
bnyein@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it
(မှတ်ချက်) စစ်အတွေးအခေါ်ကိုစိတ်ဝင်စားသူများအတွက်သာ
တရုတ်စစ်တပ်ကခိုးချထားတဲ့မြန်မာစစ်တပ်ရဲ့စစ်ရေးအတွေးအခေါ်ဟာမျိုးဆက် (၂) ခုလောက်နောက်ကျကျန် ရစ်ခဲ့ပါပြီ။ တရုတ်ရဲ့အ
တွေးအခေါ်က တိုင်ဝမ်ပြသနာကြောင့်အမေရိကန်နဲ့ထိပ်တိုက်တွေ့နိုင်တယ်လို့ ယူဆ ထားပါတယ်။ တိုင်ဝမ်ကိုအခြေခံတဲ့အတွက် Local
Wars ဆိုတဲ့အသုံးအနှုံးကိုရွေးသုံးထားပါတယ်။
တရုတ်ကြီးကတိုးတက်လာတဲ့စစ်ရေးလက်နက်တွေအပေါ်မှီပြီး၎င်းတို့ရဲ့စစ်ရေးအတွေးအခေါ်တွေကို တိုးတက် သတ်မှတ်ခဲ့ပါတယ်
Local wars under high-tech conditions ကနေ
Local wars under the condition of Informationalization လို့ပြောင်းလဲသတ်မှတ်ခဲ့ပါပြီ
မြန်မာစစ်တပ်က
Under Modern Conditions ပဲရှိပါသေးတယ်
တရုတ်တွေရဲ့စစ်ရေးအတွေးအခေါ်ကို လွှမ်းမိုးထားတဲ့အတွေးတခုကလည်း မော်စီတုံး ပြောသွားတဲ့
You fight your way and I fight my way
မင်းနည်းနဲ့မင်းတိုက်
ငါ့နည်းနဲ့ငါတိုက်မယ်
ဆိုတဲ့ အတွေးဖြစ်တယ် လို့လည်းဆိုကြပါတယ်
တိန်လျောက်ပိန်လမ်းညွှန်သွားတာကိုတော့
24 Character Strategy - တရုတ် အက္ခရာ (၁၂) ခု ဗျူဟာလို့အမည်တွင်ခဲ့ပါသည်တဲ့
အင်္ဂလိပ်လိုကတော့
Observe calmly; secure our positions; cope with affairs calmly; hide our capabilities and bide our time;
be good at maintaining a low profile; and never claim leadership
ဗမာလိုတော့
အေးအေးငြိမ်ငြိမ် ကြည့်မြင်သုံးသပ်ပါ
ငါတို့၏နယ်မြေအနေအထားလုံခြုံပါစေ
ကိစ္စများကိုအေးအေးငြိမ်ငြိမ်ကိုင်တွယ်ပါ
ငါတို့၏ စွမ်းဆောင်နိုင်ချက်ကို ဖုံးကွယ်ထားပြီး အချိန်ကိုဆွဲကစားပါ
လူမသိအောင် ရိုးရိုးကုပ်ကုပ်နေနိုင်မှုမှာ ထက်မြက်ပါစေ
ဦးဆောင်မှုကိုဘယ်သောအခါမှနေရာယူမကြော်ငြာပါနဲ့
ဒါကြောင့်တရုတ်ကြီးက စစ်အင်အားကိုတဖြေးဖြေးတိုးချဲ့ပြီး တချိန်မှာ စစ်မတိုက်ရဘဲ တိုင်ဝမ်ကို သိမ်းသွင်းပါလိမ့်မယ်။ တိန်လျောက်
ပိန်ရဲ့ အမျှော်အမြင်ကြီးမားပုံက ကြောက်စရာပါပေ။ တရုတ်ကြီးက ဟောင်ကောင်ကိုပြန်လည်သိမ်းပိုက်အပြီး တနိုင်ငံထဲမှာစံနစ်(၂)ခု
One Country (2) systems ဆိုတဲ့ပေါ်လစီ ကိုချမှတ်ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အဖွဲ့အစည်းများတွင်တရုတ်ကြီးကဟောင်ကောင်မဲ နှင့် (၂) မဲရနေ ပါသည်။
အချိန်နဲ့အနိုင်ယူပြီး တိုင်ဝမ်ကိုသိမ်းသွင်းပြီးရင် တိုင်ဝမ်မဲပိုလာပါမည်၊ တိုင်းပြည်တပြည်၊ မဲ (၃) မဲနှင့် လူလည် လုပ်ပါလိမ့်မည်။
ဖြစ်နိုင် မဖြစ်နိုင်စဉ်းစားစရာ
ဤ ခေတ်မီ စစ်လက်နက်ပစ္စည်းများနှင့် ခေတ်မီ တပ်မတော်ကို တည်ထောင်ရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပါ။ စစ်လက်နက်ပစ္စည်းများကို ဈေးကြီးပေးဝယ်ရုံနှင့် မရပါ။
သုံးတတ်အောင် နောက်ဆုံးပေါ် အတတ်ပညာများကို တတ်မြောက်ရုံနှင့်မရ - ကျွမ်းကျင်ရပါသည်။ ထို့အပြင် ပစ္စည်းဆိုသည်မှာ အဆင်သင့် ဖြစ် အောင် ထိန်းသိမ်းထားရပါ
တယ်။ လွယ်သောကိစ္စမဟုတ်ပါ။ ထိုင်းနှင့် တင်းမာချိန် ထိုင်းမှ F15 လေယာဉ်များ မြန်မာလေပိုင်နက်ထဲဝင်လာသည်ကို မသိလိုက်ကြရ။ ထို့ကြောင့် ထိုင်းကို အံတုနိုင်ရန်
လေယာဉ်ပစ် SAM Surface to Air Missiles များနှင့် ဆိုဗီယက်လုပ် သုံးပြီးသား MIG-29 များကို မြန်မာစစ်တပ်က ဝယ်ယူခဲ့သည်။ ယနေ့ MIG29 လေယာဉ် ဘယ်နှစှ်စီး
ရုတ်တရက် ထပျံနိုင်သော အခြေအနေရှိပါသလဲ။ ထို့ပြင် MIG-29 လေယာဉ်များသည် အလွန်လေး၍ လောင်စာဆီအလွန်စားပါသည်။ တိုက်လေယာဉ် မောင်းသမားဆိုသည
်မှာ လက်ရည်တက်အောင် အစဉ်မပြတ် အမောင်းကျင့်ရပါသည်။ ထို့ပြင် Dog Fight ဟု ခေါ်သော တိုက်လေယာဉ်ချင်း ထိပ်တိုက်တွေ့သော် ယှဉ်ပြိုင်တိုက်နိုင်ရန် Dog Fight
နည်းနာများကို သင်ကြားလေ့ကျင့်ရပါသည်။ MIG29 များနှင့် လေ့ကျင့်ဖို့ နေနေသာသာ ဓာတ်ဆီအကုန်မခံ၍ လည်းကောင်း၊ အပြင်တွင် ဓါတ်ဆီရောင်းစားနေရ၍ လည်းကောင်း
မှန်မှန်ပင် မပျံနိုင်ပါ။ ထိုနည်းတူ SAM ဆိုသည်မှာလည်း တိတိကျကျ ဖြစ်နိုင်ရန် မီးကုန်ယမ်းကုန် ကျင့်ကြရပါသည်။ SAM များကို လေ့ကျင့်ရာမှာလည်း ကုန်ကျစရိတ် မသေးပါ။
ထို့ကြောင် ငွေကုန်ခံ၍ ဝယ်ထားသော SAM များနှင့် MIG-29 လေယာဉ်များမှာ ဟန်သာရှိ၍ တကယ်ထိရောက်မှုမရှိဟု နားလည်သူပညာရှင်များက ကောက်ချက်ချကြပါသည်။
နအဖ စစ်တပ်သည် လက်နက်မရှိသော ပြည်သူများကို ရက်ရက်စက်စက် ပစ်ရန်နှင့် သူပုန်များကို တိုက်ရန် အဆင့်ပဲရှိပါသည်။ ပြည်တွင်းစစ်ကို ကြိတ်တိုက်လာသည်မှာ ကြာပြီ
ဖြစ်၍ သူပုန်နှင့်တိုက်ရာတွင် အတွေ့အကြုံရှိသည်မှာ အမှန်ပင်။ သို့သော် ကြည်းတပ်၊ တင့်ကားတပ် ၊အမြောက်တပ် လေယာဉ်တပ် စုပေါင်းညှိနှိုင်း၍ တပ်မအလိုက် တိုက်ရသော
တနည်းအားဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်တပ်ချင်း တိုက်ပွဲအတွေ့အကြုံ မရှိပါ။ မြန်မာနိုင်ငံတွင် အမှုထမ်းခဲ့သော အမေရိကန် စစ်သ်ံမှူးတဦးနှင့် ဤအကြောင်း
ကို ဆွေးနွေးဖူးပါသည်။ Low Intensity warfare ဟု ခေါ်သော သူပုန်နှင့် တိုက်ပွဲမျိုးတွင် မြန်မာစစ်တပ်သည် အတွေ့အကြုံရှိသည်။ တိုက်ရည်ခိုက်ရည် ရှိသည်ဟု ဆိုပါသည်။
သို့သော် တပ်တပ်ချင်း ရင်ဆိုင်တိုက်ရသည့် တိုက်ပွဲမျိုး မတိုက်တတ်ဟု ဆိုပါသည်။
၁၉၉၅ ၊ ၁၉၉၇ နှင့် ၁၉၉၈ ခုနှစ်တို့တွင် ပြောင်းလဲလာသော စစ်ရေးအတွေးအခေါ်ကို စမ်းသပ်ရန် ကြည်း ရေ လေ စုပေါင်းလေ့ကျင့်ပွဲကို လုပ်ခဲ့သည်ဟု ဆိုပါသည်။ တပ်မ ၅ ခု
အောက်တွင် တပ်သား ၃ဝဝဝဝ ကျော် ပါဝင်၍ 76mm, 105mm, 120mm, 155mm အမြောက် ၁ဝဝ ကျော် အာမတ်ကားနှင့် တင့်ကား ၃ဝဝ ကျော် လေယာဉ်အုပ်စု ၆ စု ရေ
ယာဉ် အစီး ၃ဝ ကျော် ပါဝင်ခဲ့သည်ဟု ဆိုပါသည်။ နောက်ထပ် လေ့ကျင့်ကြောင်း မကြားရတော့ပါ။ ထိုင်းစစ်တပ်ဆိုလျှင် Cobra ဟုခေါ်သော ပူးတွဲစစ်ဆင်ရေးကို အမေရိကန်
စစ်တပ်နဲ့ မှန်မှန်ပူးတွဲ လေ့ကျင့်ကြသည်။
စုစည်းခိုင်မာ လေ့ကျင့်မှု အားကောင်းသော စစ်တပ်ဖြစ်ရန် ဖွဲ့စည်းမှုနှင့် ခေါင်းဆောင်မှု လိုအပ်ပါသည်။ ကျနော့်အမြင် ပြောရလျှင် မြန်မာ့တပ်မတော် အင်အားကောင်းဆုံးအချိန်
မှာ ဗကပတို့ အားကောင်းသော ၁၉၈ဝ ခုနှစ်များဟု ထင်မိသည်။ ပြည်ပမှ အန္တရာယ်ကို ရင်ဆိုင်နေရချိန် အုပ်ချုပ်ရေးကို မဆလပါတီက တာဝန်ယူချိန်ဖြစ်သည်။ ၁၉၈၈ ခုနှစ် စစ်
တပ်က အာဏာသိမ်းအပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအားလုံးကို စစ်ဗိုလ်ချုပ်များ တိုင်းမှူးများကသာ ခြယ်လှယ်ခွင့်ရသဖြင့် လာဘ်စားခွင့် ပိုမိုရရှိလာကြရာ စာရိတ္တလည်း ပို
မိုပျက်စီးလာကြပါသည်။ ထို့ကြောင့် တာဝန်ရှိသော ဗိုလ်ချုပ်များသည် မိမိတပ် ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး အဆင်သင့်ဖြစ်ရေးတို့တွင် စိတ်မဝင်စားကြပါ။ မိမိ ရာထူးရှိသည့်ကာလ
တွင် ရသမျှစားထား ဆိုသည်မှာ လက်ရှိ နအဖ ဗိုလ်ချုပ်များ၏ ကျင့်စဉ်ဖြစ်လာပါသည်။ ထို့ကြောင့် စက္ကူပေါ်တွင် စစ်တပ်အင်အား ရှိသော်လည်း ယခု နအဖ စစ်တပ်တွင် တပ်ရင်း
အင်အားမှာ တချို့တပ်များတွင် တဝက်ပင်မရှိပါ။ စစ်တိုက်မထွက်ခင် စစ်ဗိုလ်များကအတင်း လူလိုက်စုနေရသည်ဟု ဆိုပါသည်။ စည်းကမ်းပျက်၍ တပ်ရင်း ဖွဲ့စည်းပုံ ဖရိုဖရဲ ဖြစ်နေ
ပုံကို ကြားသိရသည်မှာ ယုံနိုင်စရ်ာပင်မရှိပါ။
စိတ်ဓာတ်ပျက်ပြား၊ စည်းကမ်းမရှိ၊ ဖွဲ့စည်းပုံပျက် သင်ကြားအားနဲလျက်ရှိသော နအဖစစ်တပ်သည် လက်နက်မရှိသော ပြည်သူနှင့် ညီညွတ်မှုမရှိ၍ အင်အားမရှိသော လက်နက်ကိုင်
တိုင်းရင်းသားတပ်များကိုသာ ဗိုလ်ကျနိုင်ပါမည်။ လက်နက်အားသာ၍ လေ့ကျင့်မှု အားကောင်းသော Professional Army တကယ့်စစ်တပ်ကို တိုက်ခိုက်နိုင်စွမ်းအား ရှိမည်မဟုတ်
ပါ။ မြန်မာ့ရေတပ်မတော်သည် ဘင်္ဂလားဒေ့ရှ် ရေတပ်ကိုပင် မယှဉ်နိုင်ပါ။ တရုတ်မှဆေးသုတ်ပြီး ညာရောင်းထားသော သဘောင်္များမှာလည်း Armour ဟု ခေါ်သော သံချပ်ကာ အ
စွမ်းမရှိကြပါ။ ကျည်တချက်ထိလျှင် ထုတ်ချင်းပေါက် ပေါက်မည်သာ ဖြစ်သည်။ ယနေ့ နအဖ တပ်မတော်သည် နိုင်ငံခြားတပ်များကို မပြောနှင့် လက်ရှိ ”ဝ” တပ်ကိုပင် နိုင်အောင်
တိုက်နိုင်မည့်အခြေအနေ ရှိပုံမရပါ။
အမေရိကန်၏ စွမ်းအား
တရုတ်တပ်မတော်၏ စစ်ရေးအတွေးအခေါ် (Military Doctrine) ကို အမေရိကန်စစ်တပ်က ကောင်းကောင်းသိပါသည်။ တရုတ်တို့၏ Tunnel Warfare လှိုဏ်ခေါင်းများကို
လည်း ကောင်းကောင်း လေ့လာထားပါသည်။ ထို့ကြောင့် အမေရိကန်ရေမတော်ကTunnel Warfare Center ကို Chinalake, California တွင်၂ဝဝ၁ ခုနှစ်က ဖွင့်လှစ်ခဲ့ပါ
သည်။ အီရတ်စစ်ပွဲတွင် ဆဒန်ဟူစိန်၏ ကွန်ကရစ်ဘန်ကာများကို ဖြိုခွဲရန် GBU (28) ကို ထွင်ခဲ့ကြပြီး၊ ယခုပို အစွမ်းထက်သော GBU-43/B Massive Ordnance Air Blast
Bomb (MOAB) ကို လက်ဝယ်ရှိနေပါပြီ။ သာမန်အားဖြင့် လေယာဉ်မှပစ်သော ဗုံးသည် 2000lb (ပေါင် ၂ဝဝဝ) ဆိုလျှင်ပင် အကြီးဆုံးမျှပင် ဖြစ်ပါသည်။ BLU-02B/C-130
ဗုံး- အတိုကောက် - Daisy Cutter ဟု ခေါ်သော ဗုံးသည် 15,000lbs (ပေါင်၁၅,ဝဝဝ) ရှိပါသည်။ ယခု MOAB ဟု ခေါ်သော ဗုံးသည် (22,600lbs) ရှိ၍ (18,700lbs) သက်
သက်မှာ ရမ်းအားဖြစ်သည်။ ပေ ၄၅ဝ (သို့) Nine City Blocks ကို ဖျက်ဆီးနိုင်ပါသည်။ ထို့ပြင် Tactical Nuclear Weapons ဆိုသည်များလည်း ရှိပါသေးသည်။ ဤလက်နက်
များမှာ အရွယ်အားဖြင့် သေးငယ်သော်လည်း ဂျပန်ကို ကြဲခဲ့သည့် အနုမြူဗုံးထက် အဆပေါင်းများစွာ ပြင်းထန်ပါသည်။ ထို့ပြင် ယခုအခါတွင် Precision Guidance ဟု ခေါ်
သည့် ပစ်မှတ်ကို တည့်တည့်ထိအောင် ပစ်နိုင်သော စနစ်များ တည်ရှိနေပါပြီ။ ထို့ပြင် 2nd Generation Precision Bombs ဟု ခေါ်သော လက်နက်များသည် ပစ်ပြီးမှ ပစ်
မှတ်ကို ပြောင်းနိုင်သည့် စွမ်းအား ရရှိနေပါပြီ။ ယ္ခု MOAB ဗုံးသည် Precision Guidance ဗုံးဖြစ်သည်။ တလုံးဆိုတလုံးထိရောက်စွာပစ်နှတ်ကိုထိနိုင်စွမ်းရှိသည်။
ထို့ကြောင့် အမေရိကန်ကသာ တကယ်တိုက်ခိုက်လာပါသော် နအဖ လှိုဏ်ခေါင်းများသည် ကာကွယ်နိုင်စွမ်း မရှိပါ။
ထို့ကြောင့် နအဖဗိုလ်ချုပ်များသည် လွဲမှားစွာ ဖြုန်းတီးနေသည်ကို နအဖ စစ်တပ်မှ စစ်ဗိုလ်များကို သိစေချင်ပါသည်။
မိမိတပ်ကို ဖျက်မည့် ကက (ကြိုင်)
ယနေ့ လက်ရှိအုပ်ချုပ်ရေးတွင် ဒေါ်ကြိုင်ကြိုင်၏ ဝင်ရောက်စွက်ဖက် လွှမ်းမိုးမှုသည် ကြီးစိုးလာကာ ယဉ်ကျေးမှု (Culture) သဖွယ် ဖြစ်လာပါသည်။ တပ်မမှူးကတော်
သည် မိမိခင်ပွန်း လက်အောက်ရှိ တပ်ရင်းမှူးကတော်များကို ခိုင်းစားနိုင်ရုံမက တပ်ရင်းမှူးများကိုပင် ခိုင်းနိုင်လာပါသည်။ ထိုနည်းတူ တိုင်းမှူးကတော်က လက်အောက်ခံ
တပ်မမှူးကိုပါ ခိုင်းနိုင်သည့် စရိုက်အကျင့် ဖြစ်လာပါသည်။ တပ်တွင် အပို Chain of Command ဆင့်ကဲဆင့်ကဲအုပ်ချုပ်မှုမှာ အပို ပါဝင်လာပါသည်။ ထို့ကြောင့် ကက
(ကြည်း) နှင့် အပြိုင် ကက(ကြိုင်) ဟု တပ်ထဲတွင် ပြောင်လှောင် ခေါ်ပြောလာကြသည်ဟု ဆိုကြပါသည်။ ဤသတင်းမှာ မည်မျှမှန်ကန်သည်ကို အတတ်မပြောနိုင်ပါ။
မှန်ခဲ့သည်ရှိသော် တပ်ထဲတွင် စာရိတ္တသာမက အုပ်ချုပ်ရေးနှင့် စည်းကမ်းအပိုင်းတွင်ပါ ယိုယွင်းလာခြင်းဟု ဆိုနိုင်ပါသည်။ အုပ်ချုပ်ရေးနှင့် စည်းကမ်းပျက်လာသော
စစ်တပ်များ၏ စွမ်းအားသည် စက္ကူပေါ်တွင်သာ ကြည့်ကောင်းကြ၍ နဖူးတွေ့ ဒူးတွေ့တိုက်ကြပြီဆိုလျှင် တချိုးထဲ ထွက်ပြေးကြပါလိမ့်မည်။
စစ်တပ်တွင် ”စိတ်ဓာတ်” သည် အလွန်အရေးကြီးပါသည်။ ဗီယက်နမ် စစ်ပွဲတွင် မြောက်ဘက်မှ တပ်သားများနှင့် တောင်ဘက်မှ တပ်သားများမှာ စိတ်ဓာတ်ရေးရာအရ
လွန်စွာ ကွာခြားကြပါသည်။ တောင်ဘက်မှ စစ်ဗိုလ်များက တကယ်လက်တွေ့တွင် မရှိသော စစ်သားများကို စာရင်းလိမ်ပြ၍ လစာထုတ်နေသူများဖြစ်ရာ -ဘယ်မှာစွန့်စား
ဝံ့မှာလဲ? တချိန်က စတုတ္တအကြီးဆုံးဖြစ်သော ဆဒမ်၏ တပ်များသည် ပထမ အီရတ်စစ်ပွဲတွင် လက်နက်ချ အညံ့ခံခဲ့ကြသည်မှာ လူမြင်စရာပင် မကောာင်းပါ။ စိတ်ဓာတ်
ဆိုသည်မှာ ခေါင်းဆောင်ပေါ် မူတည်ပါသည်။ တိုင်းပြည်ကို တကယ်ချစ်၍ ရိုးသားမှုကို အခြေခံသော ဗိုလ်ချုပ်အောင်ဆန်း ဦးစီးခဲ့သော မြန်မာ့တပ်မတော်နှင့် ယနေ့ န
အဖ တပ်မတော်ကို နှိုင်းယှဉ်ကြည့်ပါ။ ယနေ့စစ်တပ်နှင့် စစ်သားတို့ စိတ်ဓာတ် ပျက်စီးနေပုံမှာ ယုံနိုင်စရာ မရှိပါ။
AOC Artillery Operation Command
လက်ရှိပြည်တွင်းမှ စစ်ဗိုလ်တဦး၏ ပြောပြချက်အရ မြန်မာစစ်တပ်တွင် အမြောက်တပ်ပွဲ Artillery Operation Command - AOC ကို ဖွဲ့စည်းခဲ့ပါသည်။ နအဖ ဖွဲ့စည်းပုံအရ
Military Operation Command - MOC - စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၊ Regional Operation Command - ROC ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဆိုတာများကို ဖွဲ့
စည်းခဲ့ပါသည်။ အကြမ်းဖျင်း ပြောရရင် ၎င်းတို့မှာ တပ်မများဖြစ်သည်။ ROC သည် အင်အားမပြည့်သောတပ်မဟုဆိုနိုင်ပါသည်။
စစ်တက္ကသိုလ် DSA တွင် ပထမ စုစည်း ပညာသင်ပြီးမှ နောက်ဆုံး ကြည်းတပ်၊ ရေတပ်၊ လေတပ်ကို ရွေးချယ်၍ ဗိုလ်လောင်းများကို ခွဲထုတ်ပေးပါသည်။ ယခု စစ်တပ်တက္က
သိုလ်တွင် AOC အတွက် ဗိုလ်သပ်သပ် ခွဲထုတ်နေသည်ဟု ဆိုပါသည်။ မည်မျှအထိ ဤ သ်တင်း မှန်ကန်သည်ကို မသိရပါ။ အကယ်၍ မှန်ကန်ခဲ့သော် နအဖ စစ်တပ်သည်
တရုတ်တို့၏ ပုံစံဖြစ်သော အနုမြူလက်နက်အားလုံးကို ဒုတိယ အမြောက်တပ်အစု (2nd Artillery Corps) အောက်တွင် ထားသကဲ့သို့ AOC အောက်တွင် ထားဖွယ်ရှိပါသည်။
SAM များနှင့် SCUD ဒုံးပျံများနှင့် နည်းပညာကို ပိုင်ဆိုင်ခဲ့သော် အဆင်သင့်ဖြစ်ရန် ဖွဲ့စည်းမှုကို အရင်ကြိုဖွဲ့ထားခြင်း ဖြစ်နိုင်ပါသည်။
နအဖ စစ်တပ်ရွေးသည့် လမ်း
နအဖ ဗိုလ်ချုပ်များသည် တရုတ်တို့ကို အဖေခေါ်ရာမက တရုတ်တို့၏ စစ်ရေးအတွေးအခေါ်နှင့် ဖွဲ့စည်းပုံတို့ကိုပါ ခိုးချလျက်ရှိပါသည်။ သို့သော် တရုတ်တပ်မတော်ကို နက်နက
်နဲနဲ လေ့လာပုံမပေါ်ပါ။ တိန်လျှောက်ပိန်ကြောင့် တရုတ်ပြည်ကြီး ပြောင်းလဲခဲ့သလို - တရုတ်တပ်မတော်သည်လည်း ပြောင်းခဲ့ပါပြီ။မော်စီတုံးလက်ထက် က ”အာဏာ” သည်သာ
အဓိကဖြစ်၍ - တရုတ်တပ်မတော်ကို ”နိုင်ငံရေး” မှန်ကန်မှုအတွက် အရေးပေးခဲ့ပါသည်။ ထို့ကြောင့် တရုတ်တပ်မတော်သည် စစ်သားသက်သက် စစ်တပ်ဖြစ်သော Professional
Army မဖြစ်ခဲ့ရပါ။ နအဖနည်းတူ တရုတ်စစ်တပ်က စီးပွားရေးတွင် ပါဝင်ခဲ့ကြရပါသည်။ တရုတ်စစ်တပ်ပိုင် ကုမ္ပဏီ အများအပြား ရှိပါသည်။ စစ်တပ်စစ်သား ဆိုသည်မှာ စစ်ရေးတခု
တည်းသာ ထူးချွန်အောင် စူးစူးစိုက်စိုက် အချိန်ပေး လေ့ကျင့်ရပါပြီ။ လိုအပ်ငွေ ဘတ်ဂျက်ကို အစိုးရက ချမှတ်ပေး နိုင်ပါပြီ။ ယခု တရုတ်စစ်တပ်သည် Professional စစ်တပ်ဖြစ်ရေး
ကို ရှေးရှုလျက် ရှိပါသည်။
တိန်လျှောက်ပိန်၏ ဉာဏ်ပညာကြီးမှုနှင့် လမ်းညွှန်မှုကြောင့် လက်ရှိ တရုတ်ပြည်ကြီးသည် တဟုန်ထိုး အောင်မြင်လျက်ရှိသည်။ အာဏာရှင်စနစ်ကို ကိုင်စွဲထားသော်ငြားလည်း တ
ရုတ်ခေါင်းဆောင်များသည် တရုတ်ပြည်နှင့် တရုတ်လူမျိုးကို ချစ်သောခေါင်းဆောင်များ ဖြစ်ကြသည်။ တရုတ်ပြည်တွင် ခြစားမှု Corruption ရှိသော်လည်းတိုးတက်မှုကိုထိခိုက်သည်
အထိပေါ်ပေါ်ထင်ထင်မဖြစ် မြန်မာနိုင်ငံကဲ့သို့ ယဉ်ကျေးမှုအဆင့် အဖြစ်လက်ခံသည့်အခြေအနေဆိုးအထိမရောက်။တိုးတက်မှု၏နောက်တဆင့်(Next-Phase)တွင်ပြဿနာရှိ နိုင်
သော် လည်း တိန်လျှောက်ပိန်ကအစ - ဒီပြဿနာကို ကိုင်တွယ်ရမည်ကို နားလည်ခဲ့ကြသည်။
တရုတ်ဗိုလ်ချုပ်များကလည်း တိုင်းပြည်ချစ်စိတ်နှင့် တိုင်းပြည်ကာကွယ်ရေးကိုသာ ဦးစားပေးလာကြသည်။ တကယ် တရုတ်ရာဇဝင်ကို ပြန်လေ့လာလျှင် တရုတ်တို့ကို အနောက်နိုင်ငံ
နှင့် ဂျပန်တို့က အနိုင်ကျင့် ဗိုလ်ကျခဲ့သည်မှာ မခံချင်စရာပါပေ။ သို့သော် လက်ရှိ တရုတ်ခေါင်းဆောင်များသည် အတွေ့အကြုံ ရှိကြသည်။ စိတ်ရှည်ကြသည်။ လူ့အခွင့်အရေး မျက်စိ
နှင့်ကြည့်လျှင် (မူ) မရှိကြပါ။ သို့သော် တရုတ်နိုင်ငံအကျိုးအတွက် စိတ်ရှည်ရှည်နှင့် တိုင်းပြည်ထူထောင် - စစ်တပ်ကို ထူထောင်ပြီး ရေရှည် တဖြည်းဖြည်း ဝါးမြိုမည့် လမ်းစဉ်ဖြစ်သည်။
တချိန်က အမေရိကန်က ထိုင်ဝမ်ကို မထိနဲ့ ပေါ်လစီကို ကျင့်သုံးခဲ့သည်။ ၁၉၉ဝ နှစ်ဦးစ သမ္မတ ကလင်တန်လက်ထက်အထိ အမေရိကန်လေယာဉ်တင် သဘောင်္ကိုလွတ်၍ ခြိမ်း
ခြောက်နိုင်ခဲ့သည်။ ယနေ့ အခြေအနေ ပြောင်းသွားပြီး၊ တရုတ်ဗိုလ်ချုပ်တဦးက အမေရိကန်ဗိုလ်ချုပ်တွေကို ပြောခဲ့သည်။ အရင်က ခင်ဗျားတို့ ထိုင်ဝမ်နဲ့ ပတ်သတ်ပြီး ခြိမ်းခြောက်
ခဲ့ကြတယ်။ ဒါ ခင်ဗျားတို့ လုပ်နိုင်လို့ လုပ်ခဲ့ကြတာ၊ အခု ခင်ဗျားတို့ မလုပ်နိုင်တော့ဘူးလို့ ဆိုခဲ့သည်။
အမေရိကန်ရေတပ်တွင် လေယာဉ်တင် သင်္ဘောသည် အဓိကကျသည့် တိုက်စစ်လက်နက်ဖြစ်သည်။ ထို့ကြောင့် လေယာဉ်တင် သင်္ဘောကို ကာကွယ်ရန် ရေငုပ်သင်္ဘောနှင့် အခြား
သဘောင်္များ ခြံရံ၍ Squadron သင်္ဘော အုပ်စုအဖြစ် တည်ရှိသည်။ Aegis System ဟု ခေါ်သော ပတ်ဝန်းကျင် ရေပေါ်ရေအောက် သင်္ဘောများကို ရေဒါဖြင့် ရှာဖွေ၍ ခံစစ်အတွက်
ပြင်ဆင်ထားကြရသည်။ အမေရိကန်တို့က လုံခြုံပြီဟု ယူဆခဲ့သည်။ ၂ဝဝ၉ ခုနှစ် အစပိုင်းလောက်က တရုတ် ရေငုပ်သင်္ဘောတစင်းက အမေရိကန်တွေ မသိအောင်ကပ်ကာ လေ
ယာဉ်တင် သင်္ဘောနားကပ်၍ ရေပေါ်-ပေါ်ပြခဲ့သည်။ အမေရိကန်ရေတပ်မှာ ဆူညံသံများ ထွက်လာသည်။ တရုတ်စစ်တပ်၏ တိုးတက်မှုပင် ဖြစ်သည်။
ဤသို့ တရုတ်စစ်တပ် တိုးတက်လာသည်မှာ တရုတ်အစိုးရ ချမ်းသာလာသည်နှင့်အမျှ ကာကွယ်ရေးအတွက် ငွေသုံးလာနိုင်သည်။ တရားဝင် တရုတ်၏ စစ်ဘတ်ဂျက်မှာ ၆ဝ ဘီလျံ
(သန်းပေါင်း ၆ သောင်း) ဖြစ်သည်။ အမေရိကန်၏ ခန့်မှန်းချက်က ဘီလျံ ၈ဝ ဟု ထင်သည်။ အမေရိကန်၏ ကာကွယ်ရေး ဘတ်ဂျက်မှာ ဘီလျံ ၅ဝဝ ကျော်သည်။ အီရတ်နှင့် အာဂ
တန်စစ်စရိတ်တို့ မပါ ပါ။ ကမ္ဘာတွင် ဒုတိယ အများဆုံး ဖြစ်သည်။ထို့အပြင် တရုတ်စစ်တပ်တွင် အခြားတာဝန်များ မရှိ။ စစ်တပ်ထူထောင်ရေးသာ ဖြစ်သည်။
မြန်မာဗိုလ်ချုပ်များသည် (အာဏာ) လောဘကြီးကြသည်။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ အားလုံး ဗိုလ်ချုပ်များက အုပ်စိုးထားသည်။ အုပ်ချုပ်ရေးလည်း တကယ်နားမလည်။
အမိန့်အာဏာနှင့် အုပ်ချုပ်လိုသည်။ စီးပွားရေးတွင်လည်း လက်ညှိုးထိုးရောင်းချရန်သာ သိသည်။ စီးပွားရေးအကြောင်း နားမလည်။ လာဘ်ယူရင်း ပျော်မွေ့လာကြရာ တိုင်းပြည်နှင့်
လူမျိုးကို ချစ်ရမှန်းပင် မသိတော့။ လူမှုရေးတွင်လည်း ထိုနည်းလည်းကောင်းပင်။ ထို့ကြောင့် နအဖ ဗိုလ်ချုပ်များသည် စစ်တပ်တည်ထောင်ရေး တခုထဲကို အရေးမပေးနိုင်။ စိတ်
ဓာတ် ပျက်ပြားလာသည်နှင့်အမျှ တိုင်းပြည်နှင့်အတူ စစ်တပ်ပါ ပျက်စီးလာခဲ့ပြီ။ ဘယ်ပညာမဆို စာတွေ့တခုနှင့် မရပါ။ လက်တွေ့ လိုပါသည်။ အတွေ့အကြုံဆိုတာ အလွန်အရေး
ကြီးပါသည်။ မြန်မာနိုင်ငံသည် စစ်တပ်ကြီးစိုးရာ နိုင်ငံဖြစ်ခြင်းကြောင့် အရပ်ဘက်တွင် လုပ်ခွင့် မရရှိခြင်းကြောင့် အတွေ့အကြုံမရှိ ဖြစ်နေကြရသည်။ ထို့ကြောင့် လိုအပ်သော အ
တွေ့အကြုံ ရင့်ကျက်သည့် အတတ်ပညာရှင်များ မမွေးထုတ်နိုင်ပါ။ အားလုံး စစ်ဘက်ကကြီး အာဏာနဲ့ ဦးဆောင်ဖို့ ကြိုးစားလျှင် အလယ်ခေါင်တွင် အဆံချောင်ဖို့ များပါသည်။ငွေ
တွေကုန်ပြီး အလဟဿဖြစ်ဖို့ များပါသည်။
နအဖ ဗိုလ်ချုပ်များကတော့ ဒီအထိ နက်နက် တွေးချင်ပုံမရပါ။ ငွေနှင့် အာဏာသုံး၍ ဘာမဆိုရမည် ထင်ပုံရပါသည်။ စောင့်ကြည့်ကြပါ။ မြောက်ကိုရီးယားလို ပြည်သူတွေသာငတ်
- ကမ္ဘာ့ချဉ်ဖတ်နှင့် အနုမြူဗုံးကြီးကိုင်ပြီး ငတ်နေကြမည့်အဖြစ်ကို မြင်ယောင်ပါသေးသည်။
တိုင်းပြည်ကို ချစ်သော၊ လူမျိုးကို ချစ်သော စစ်ဗိုလ်ချုပ်များ အရှိကို အရှိအတိုင်း မြင်နိုင်ပြီး လိုအပ်သလို သုံးသပ်နိုင်ကြပါစေသော်။
၆၂ နှစ် ကြာခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကို မမေ့နိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းကို သတိရလိုက်ပါပိ။
တိုင်းပြည်ချစ်သောဗိုလ်ချုပ်ကိုတမ်းတမိခြင်းပါ
ကိုးကား
Building the Tatmadaw, Myanmar Armed Forces Since 1948 by Maung Aung Myo
Unpublished paper of Maung Aung Myo
ANU published papers by Maung Aung Myo
Military Power of the People’s Republic of China, Annual report to Congress, Office of the Secretary of Defense.
Theater Ballistic Missiles and China’s doctrine of ‘Active Defense’ by Martin Andrew, China Brief Volme:6, Issue:6
Chinese Nulcear Forces and U.S. Nuclear war planning, Hans M Kristensen, Robert S. Norris, and Matthew G. McKinzie
China Nuclear Forces: Operation, Training, Doctrine, Command, Control and Campaign Planning by Larry M. Wortzel
China Nuclear Doctrine, Savita Pande, Research Fellow, IDSA Strategic Analysis
Report on General Shwe Mann secret trip to North Korea
ဘိုဘိုကျော်ငြိမ်း
bnyein@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it
အပိုင်း (၂) တရုတ်ကို အတုယူခိုးချနေသော နအဖ စစ်တပ်
အပိုင်း (၃) ဖြစ်နိုင်၊ မဖြစ်နိုင် ဆန်းစစ်ခြင်း
အကိုးအကား
- Building the Tatmadaw, Myanmar Armed Forces Since 1948 by Maung Aung Myo
- Unpublished paper of Maung Aung Myo
- ANU published papers by Maung Aung Myo
- Military Power of the People’s Republic of China, Annual report to Congress, Office of the Secretary of Defense.
- Theater Ballistic Missiles and China’s doctrine of ‘Active Defense’ by Martin Andrew, China Brief Volme:6, Issue:6
- Chinese Nulcear Forces and U.S. Nuclear war planning, Hans M Kristensen, Robert S. Norris, and Matthew G. McKinzie
- China Nuclear Forces: Operation, Training, Doctrine,Command, Control and Campaign Planning by Larry M. Wortzel
- China Nuclear Doctrine, Savita Pande, Research Fellow, IDSA Strategic Analysis
No comments:
Post a Comment