Friday, August 7, 2009

“အသံ ညီ ပြီး အလုပ် တူ ဖို့” အတွက် “အမြင် တူ ပြီး အတွေး ညီ ကြပါစို့”

မောင်ရွှေ
၂၀၀၉ခုနှစ်၊ ဇူလိုင်လ(၁)ရက်
၁။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုအရှေ့ ထွက်ခွင့်ကြုံလိုက်တဲ့ အချိန်၊ နအဖရဲ့ တရားစွဲမှုကို ရင်ဆိုင်နေရတဲ့ ဘ၀မှာဘဲ
မြန်မာနိုင်ငံရေး အခြေအနေ ပြောင်းလဲ သွားနိုင်အောင် ဆောင်ရွက် ပေးနေပါ တယ်။ နအဖရဲ့ မတရားတဲ့ အမိန့် အာဏာများနဲ့ ပျက်ဆီးနေတဲ့ တရာ
းစီရင်ရေး စနစ်များကို နိုင်ငံတကာ အလယ်မှာ ကွက်ကွက် ကွင်းကွင်း မြင်လာအောင် ပြသနိုင်ခဲ့ပါတယ်။ ဒီအခြေအနေမှာ မြန်မာ့ ဒီမိုကရေစီအရေး
လက်တွဲညီညီ ဆောင်ရွက်ကြဖို့ အတွက် ဆရာဦးဝင်းတင်က အလွန် အဓိပ္ပါယ်ရှိတဲ့ စကားနှစ်ခွန်း ပြောခဲ့ပါပြီ။ “နိုင်ငံရေးသစ်” နဲ့ “အလုပ်တူဖို့
အသံတူဖို့လိုပြီ” ဆိုတဲ့ စကားတွေပါ။

၂။န၀တ၊ နအဖလက်ထက် အနှစ် (၂၀)ကျော် ကာလအတွင်း တိုင်းပြည်မှာ ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားဖို့ ကြိုးပမ်းခဲ့ရတဲ့ သမိုင်းဖြစ်စဉ်
တွေကို ပြန်ကြည့်ရင် ဒီစကားလုံးတွေဟာ အလွန် အဓိပ္ပါယ်ရှိနေတာကို စေ့စေ့တွေးလေ ပိုပီပြင်လာလေပါဘဲ။ အလုပ်တူဖို့၊ အသံတူဖို့အတွက်
နည်းလမ်းများကို စဉ်းစားကြည့်တဲ့အခါ အတွေး၊ အမြင်တွေ တူညီဖို့က ဆုံချက် နေရာမှာ ရှိနေ တယ်လို့ ယူဆမိပါတယ်။ ဒီမိုကရေစီဆိုတာ လ
ူထုအတွက် လူထုကိုယ်တိုင် လူထုအားနဲ့ ဆောင်ရွက်ကြရတဲ့ အလုပ်တစ်ခုမို့ မြန်မာဒီမိုကရေစီအရေးမှာလည်း ဆုံချက် ဖြစ်တဲ့ အမြင်လည်း တူညီ၊
အတွေးလည်း တူညီနိုင်ဖို့အရေး လူထုအတွက် အထောက်အကူတစ်ခု ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ယခုဆောင်းပါးကို ရေးမိပါတယ်။

အာဏာရှင်စနစ်တိုက်ဖျက်ရေး

၃။ယနေ့ မြန်မာ့နိုင်ငံရေး မြင်ကွင်းကို ကြည့်ရင် အာဏာရှင်စနစ်ကို တည်မြဲနေအောင် ဘက်စုံထောင့်စုံကနေ ကြိုးပမ်း နေကြတဲ့ နအဖစစ်အုပ်စုရဲ့
လှုပ်ရှားမှုတွေ၊ အာဏာရှင်စနစ်က လွတ်မြောက်ပြီး တိုင်းပြည်မှာ ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးလာစေဖို့ နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားနေသူများရဲ့ လှုပ
်ရှားမှုတွေကို အထင်းသား တွေ့ရမှာ ဖြစ်ပါ တယ်။ ၁၉၆၂ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင် စနစ် ပေါ်ပေါက်ခဲ့ရတဲ့ အချိန်က
စပြီး ယနေ့ အချိန်အထိ ကျနော်တို့ တိုင်းပြည်ကို အာဏာရှင်စနစ် လက်အောက်က လွတ်မြောက်အောင် ကြိုးစားခဲ့ကြတဲ့ သမိုင်းမှာ တော်လှန်ရေး
အသွင်နဲ့ ပြောင်းလဲဖို့ ကြိုးစားခဲ့ကြသလို တဖြည်းဖြည်း ဆင့်ကဲဆင့်ကဲ ပြောင်းလဲလာစေဖို့ ကြိုးပမ်း ခဲ့ကြသူများကိုလည်းတွေ့မြင်နိုင်ပါတယ်။

၎။ တဖြည်းဖြည်း ပြောင်းလာနိုင်မလားလို့ ကြိုးစားခဲ့သူများ တဖြည်းဖြည်းခြင်း ဘေးရောက်သွားတာကို ရာစုနှစ် တ၀က်နီးပါး ရှိလာပြီဖြစ်တဲ့
ကျနော်တို့နိုင်ငံက အာဏာရှင်စနစ်အတွင်းမှာ တွေ့ခဲ့ရပေါင်း များလှပါပြီ။ အယူအဆ မတူသူကို လက်မခံ၊ အလိုတော်ကျ လုပ်မည့်သူများကိုသာ
နေရာပေး၊ အရာရာကို သံသယနဲ့ ကြည့်ကြတဲ့ အာဏာရှင်တွေရဲ့ အနားမှာ ပြုပြင်ပြောင်းလဲလိုသူများဟာ ကြာကြာနေလို့ မရနိုင်ပါဘူး။ ကြာကြာ
နေသွားတဲ့ သူတွေကလည်း အစကသာ ပြုပြင်ရေးစကား ပြောပြီး နောက်ပိုင်းမှာ အာဏာရှင်ရဲ့ လက်ဝေခံများ အဖြစ် ပြောင်းလဲ သွားကြပါတယ်။
တော်လှန်ရေး အသွင်နဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တာတွေကို ကြည့်ရင် လူထုအားနဲ့ ပြောင်းလဲဖို့ ကြိုးစားခဲ့မှုတွေနဲ့အတူ လက်နက်ကိုင် တော်
လှန်ရေး နည်းလမ်းများနဲ့ ကြိုးစားမှုတွေကို ကျနော်တို့ နိုင်ငံမှာ အထင်အရှား မြင်တွေ့ခဲ့ရ ပြီးပါပြီ။ ဒါပေမယ့် အာဏာရှင်စနစ်က ခိုင်မြဲလျက် ဖြစ်ပါ
တယ်။ အာဏာရှင်စနစ် တိုက်ဖျက်ရေး ကြိုးပမ်းမှု နည်းလမ်းများ အနက် လူထု အင်အားကို အသုံးပြုလို့ လူထုတော်လှန်ရေး အသွင်နဲ့ အာဏာရှင
်စနစ် တိုက်ဖျက်ရေး လုပ်ငန်းများကို ဦးစားပေး လေ့လာသုံးသပ်သွားပါမယ်။

လူထုအားနဲ့ တော်လှန်ခြင်း

၅။ အာဏာရှင်စနစ်ကို လူထုအားနဲ့ တော်လှန်ဖို့ ကြိုးစားကြရာမှာ အဆင့်(၃)ဆင့်ကို အောင်မြင် ပြီးမြောက်ဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။
ပထမအဆင့် ကတော့ နိုင်ငံအတွင်း တစ်နေရာရာမှာ လူတန်းစားတစ်ခုက အစပြုတဲ့ ဆန္ဒပြုတောင်းဆိုမှု စတင် ဖြစ်ပွားခြင်းပါ။ ဥပမာ ကျောင်း
သားတစ်စု၊ သံဃာတစ်စု၊ အလုပ်သမားတစ်စု စသဖြင့်ပေါ့။ လူထုတော်လှန်ရေးရဲ့ ပထမအဆင့်သည် ရုတ်တရက်ပေါ်လာတဲ့ အခြေအနေတစ်ခု
Trigger တစ်ခု အပေါ် အခြေခံကာ စတင်ဖြစ်ပွားလေ့ ရှိပါတယ်။ အဲဒီအဆင့်မှာ အာဏာရှင်က နည်းမျိုးစုံသုံးပြီး နှိမ်နင်းပါတယ်။ သူ့ရဲ့ အယုံကြည
်ဆုံး တပ်ဖွဲ့တွေကိုထုတ်သုံးပြီး နှိမ်နင်းကြပါတယ်။ မနှိမ်နင်း နိုင်လို့ ဖြစ်စေ၊ အဲဒီ အင်အားသုံး နှိမ်နင်းမှုပေါ် လူထုက အမျက်ဒေါသ ထွက်လာလို
့ဖြစ်စေ၊ လူထုအတွင်း စည်းရုံး စုစည်းထားမှု အားကောင်း နေလို့ဖြစ်စေ လူတန်းစားအစုံ ထပ်မံပါဝင်လာပြီး နိုင်ငံတစ်ဝှမ်း လူထုအင်အားနဲ့ ဆန္ဒပြ
တောင်းဆိုမှုတွေ ပျံ့နှံ့ လာတဲ့အဆင့်ကို ဒုတိယအဆင့်လို့ သတ်မှတ်ပါတယ်။ ဒီအဆင့်ရောက်ရင် အာဏာရှင်များက တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့
ဆန္ဒပြ တောင်းဆိုမှုများ အတွက် သူ့ရဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့ စတာတွေကို တစ်နိုင်ငံလုံး ဖြန့်ထုတ် လိုက်ရ ပါတယ်။ အဲဒီဖြန့်ထုတ်လိုက်တဲ့ သူ့တပ်ဖွဲ့
တွေ၊ အစိတ်အပိုင်းတွေထဲက အချို့က လူထုနဲ့ ပူးပေါင်းပြီး အာဏာရှင်ကို အာခံလိုက်ကြတယ်၊ တဖန် အဲဒီ တပ်ဖွဲ့တွေနဲ့ အခြားတပ်ဖွဲ့တွေ အနှေးနဲ့
အမြန် ပူးပေါင်းမိလာကြပြီးတော့ လူထုနဲ့ စစ်တပ်ကပါ အာဏာရှင်ကို တော်လှန်လိုက်ကြတဲ့ အဆင့်ကို တတိယအဆင့် လို့သတ်မှတ်ကြပါတယ်။
အဲဒီ တတိယအဆင့်ကို အောင်မြင်စွာ ဆင်နွဲနိုင်မှသာ အာဏာလွဲပြောင်းမှုကို မြင်တွေ့ ရပြီး လူထုအားနဲ့ အာဏာရှင် စနစ်ကို ဖြုတ်ချတဲ့ လူထုတော
်လှန်ရေးတစ်ရပ် အောင်ပွဲခံလိမ့်မယ်လို့ ဆိုပါတယ်။

၆။အာဏာရှင်စနစ်ကို ပြိုလဲသွားအောင် လူထုအားနဲ့ တိုက်ဖျက် အနိုင်ယူနိုင်ခဲ့ကြတဲ့ နိုင်ငံများနဲ့ သူတို့ရဲ့ လူထုတော်လှန်ရေး ဖြစ်စဉ်များကို
ကြည့်ရင် အထက်ပါ အဆင့် (၃)ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်လို့ ဆိုကြပါ တယ်။ ရုရှဇာဘုရင်ဖြုတ်ချခြင်း (၁၉၁၇)၊ အီရန်ရှားဘုရင်ကိုဖြုတ်ချခြင်း
(၁၉၇၉)၊ ဖိလစ်ပိုင်အာဏာရှင် မားကိုစ် ဖြုတ်ချခြင်း (၁၉၈၆)၊ ရိုးမေးနီးယား အာဏာရှင် ချောင်ဆစ်စကူးကို ဖြုတ်ချခြင်း (၁၉၈၉)၊ စတဲ့ လူထု တော်
လှန်ရေး များက အထက်ကပြောတဲ့ အဆင့် (၃)ဆင့်ကို ဖြတ်ကျော်နိုင်ခဲ့လို့ အာဏာရှင်တွေ ပြုတ်ကျပြီး လူထုအောင်ပွဲရခဲ့တဲ့ သမိုင်းဝင် ဥပမာများ
ဖြစ်ပါတယ်။

၈၈၈၈ လူထုတော်လှန်ရေး

၇။၁၉၈၈ခုနှစ် အရေးအခင်းကို ကြည့်ရင် ပထမအဆင့်ကို ကျောင်းသားများ ဦးဆောင်မှုဖြင့် စတင်နိုင်ခဲ့ပါတယ်။ အဲဒီ လူထုတော်လှန်ရေးရဲ့
ပထမအဆင့် ဖြစ်ပွားလာခဲ့ရတဲ့ အချက်များ Triggers များကို ကြည့်ရင် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ပစ်ခတ် သတ်ဖြတ
်ခံရခြင်း၊ တံတားဖြူမှာ ဆန္ဒပြ ကျောင်းသား ကျောင်းသူများကို ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နုင်းခဲ့ခြင်းများ ဖြစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသ
ူတွေရဲ့ အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲဟာ တစ်စတစ်စ အရှိန် ကောင်းလာခဲ့တယ်။ တနည်းအားဖြင့် လူထု တော်လှန်ရေးရဲ့ ပထမအဆင့်
အောင်မြင်စွာ ပေါ်ပေါက် လာခဲ့ပြီး ဒုတိယ အဆင့်ကို ရောက်အောင် တွန်းတင် ပေးလိုက်ပါတယ်။

၈။၁၉၈၈ခုနှစ်၊ သြဂုတ်လမှာတော့ နိုင်ငံတစ်ဝှန်းလုံးက လူတန်းစားအစုံ ပါဝင်လာခဲ့၊ ဆန္ဒပြခဲ့ကြပြီး စက်တင်ဘာလ အတွင်းမှာတော့ အစိုးရ
ယန္တယားကို ရပ်ဆိုင်းသွားစေခဲ့တဲ့အထိဒုတိယအဆင့်ကို အောင်မြင်စွာ ရောက်ခဲ့ကြပါတယ်။ပြည်သူ့ရဲနဲ့၊ တပ်မတော်သားအချို့လည်း ဆန္ဒပြမှုမှာ
ပါဝင်လာခဲ့ကြပါပြီ။ အဲဒီလို တတိယအဆင့်အတွက် အစပျိုးနေချိန်မှာ အာဏာရှင်ဗိုလ်နေ၀င်းရဲ့ တဖက်လှည့် အာဏာသိမ်းခိုင်းမှုကို ကြုံတွေ့ခဲ့ရပြီး
တတိယအဆင့်ကို မရောက်နိုင်ခဲ့ပါ။တတိယအဆင့်ကို ပီပီပြင်ပြင် ရောက်မသွားအောင် ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါတစ်စုတို့ လုပ်ခဲ့တဲ့နည်းက
ခေါင်းဖြတ်မှု၊ စက်ရုံ အလုပ်ရုံ ဖေါက်ထွင်းမှု၊ ထောင်ဖေါက်မှုများ လုပ်လိုက်ပြီး တပ်မတော်ရဲ့ အမြင်မှာ လူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းများနဲ့
တိုင်းပြည် ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုကို အကြမ်းဖက် ဆူပူမှုအဖြစ် အသွင်ပြောင်းပေးကာ တပ်ကို တွေဝေ သွားအောင်၊ လူထုနဲ့ ပူးပေါင်းမှု
ဖြစ်မသွားအောင် ဟန့်တား လိုက်ပါတယ်။ တဖက်ကလည်း တိုင်းပြည် ငြိမ်သက်အောင် လုပ်ပေးဖို့ လိုနေပြီ၊ ဒီ့အတွက် တပ်မတော်က အာဏာ ရ
ယူပြီး နိုင်ငံကို ထိန်းသိမ်းမှ ဖြစ်တော့မယ် ဆိုတဲ့ စကားနဲ့ စည်းရုံးလိုက်ပြီး အဆုံးသတ် ရလဒ်အနေနဲ့ န၀တ အာဏာသိမ်းမှုကို တပ်ရင်းတပ်ဖွဲ့များက
လက်ခံအောင် လုပ်ယူလိုက်တာ ဖြစ်ပါ တယ်။
၉။အာဏာသိမ်းပြီးတဲ့နောက်မှာ တပ်မတော်နဲ့ လူထု ပိုဝေးသွားအောင် စကားနှစ်ခု ထဲ့လိုက်ပါတယ်။“တပ်မတော် ဖြိုခွဲသူ တို့ရန်သူ” နဲ့ “တပ်မ
တော်သာ အမိ၊ တပ်မတော်သာ အဖ” ဆိုတဲ့ စကားလုံးတွေပါ။ လူထုရဲ့ ဆန္ဒနဲ့ သဘောထားတွေ တပ်မတော်ကို အသိပေးဖို့ ကြိုးစားသူကို တပ်မ
တော် ဖြိုခွဲသူလို့ စွပ်စွဲဖို့ စီစဉ်လိုက် ခြင်းပါ။ တဖက်ကလည်း အာဏာရှင်ရဲ့ တပ်တွင်းစည်းရုံးရေးများ တွင်တွင်လုပ်ပြီး တိုင်းပြည် ပြုပြင် ပြောင်းလဲရေး
အတွက် လူထုရဲ့ ကြိုးပမ်းအားထုတ်မှုများကို အကြမ်းဖက်ဖြစ်စဉ်၊ တိုင်းပြည် ပြိုကွဲစေမယ့် လုပ်ရပ်များအဖြစ် ၀ါဒဖြန့်လိုက်ပါတယ်။ ပြင်ပကသတင်း
တပ်အတွင်းကို မစီးဆင်းနိုင်အောင်လည်း ထောင့်စုံကနေ ပိတ်ကြပါတယ်။ နောက်နောင် လူထု တော်လှန်ရေးများ ဖြစ်ပွားလာခဲ့ရင် အဆင့်(၃)ကို
ရောက်မလာနိုင်အောင် ကာကွယ်ထားခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် လူထု တော်လှန်ရေးများရဲ့ အောင်ပွဲခံနိုင်မယ့် အဆင့်ကို ကြိုတင်တားဆီး
ထားခြင်းပါ။

၁၀။၁၉၈၈အလွန် လူထုဆန္ဒပြမှုတွေကို လေ့လာကြည့်ရင် အများစုဟာ ပထမအဆင့်မှာဘဲ အာဏာရှင်ရဲ့ ရက်ရက် စက်စက် ဖြိုခွင်းတာ ခံခဲ့ကြရပ
ါတယ်။ ဒုတိယ အဆင့်ကို အတိုင်းအတာ တစ်ခုအတိ ရောက်လာတယ်လို့ ပြောလို့ ရတာ ၂၀၀၇ခုနှစ် ရွှေဝါရောင် အရေးအခင်း ဖြစ်ပါတယ်။ သံဃာ
များ၊ ကျောင်းသား/သူများနဲ့ ဒေသခံ လူထု အချို့ ပါဝင်ခဲ့ကြပြီး မြို့ကြီး အတော်များများမှာ ဖြစ်ပွား ခဲ့ပါတယ်။ ဒါပေမယ့် တတိယအဆင့် မရောက်
လိုက်ခင်မှာ ချေမှုန်းခံလိုက် ရပါတယ်။ ရလိုက်တဲ့ သင်ခန်းစာက လူထုအင်အားကို အခြေခံပြီး အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ စီစဉ်ကြမယ်ဆိုရင်
ပထမအဆင့်ဖြစ်တဲ့ လူတန်းစားတစ်ခုက နိုင်ငံတစ်နေရာမှာ အာဏာရှင်ကို ကန့်ကွက်ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားခြင်း၊ ဒုတိယအဆင့်အဖြစ်
နိုင်ငံတစ်ဝှမ်းက လူထုကြီး ပါဝင်လာစေခြင်း၊ တတိယအဆင့် လူထုနဲ့ တပ်မတော် ပူးပေါင်းစေခြင်း၊ စတဲ့ အဆင့်(၃)ဆင့်အတွက် နည်းလမ်းများကို
ရှာဖွေဖို့၊ ပြင်ဆင်ဖို့၊ အကောင်အထည် ဖေါ်ဖို့နဲ့ အဲဒီ အဆင့် (၃)ဆင့်ကို ဟန်ချက်ညီညီ ချိတ်ဆက် ပေးမယ့် Game Plan တစ်ခု ရှိနေဖို့ပါ။ တ
နည်းအားဖြင့် လူထုနဲ့ တပ်မတော် ပါလာနိုင်ချေ မရှိသေးပါက အဆင့်(၁)များမှာပင် ရပ်တန့်နေပြီး တော်လှန်ရေး မျိုးဆက်ပြုံးသွား နိုင်ချေနဲ့ ရင်
ဆိုင်ရ နိုင်ပါတယ်။

ယနေ့ကာလ နိုင်ငံတစ်ဝှမ်းက လူထုကြီးပါဝင်စေဖို့

၁၁။လူထုပါဖို့ဆိုရင် လူထုကဏ္ဍရဲ့ ယနေ့အခြေအနေကို လေ့လာ သုံးသပ်ကြရအောင်။ နအဖက လူထုကို အကြောက် တရား အောက်မှာ့
နေထိုင်ခိုင်းထားတာကို မြင်တွေ့နေရတော့ ရုရှ သိပ္ပံပညာရှင် ပါဗ်လော့ရဲ့ Condition Reflex ခေါ်တဲ့ ဇီဝကမ္မဆိုင်ရာ လေ့လာတွေ့ရှိချက်တစ်ခု
ကို ပြန်လည် သတိရမိ ပါတယ်။ သတ္တ၀ါတွေမှာ အမြင်၊ အကြား၊ အထိအတွေ့၊ အနံ့၊ အရသာဆိုတဲ့ အာရုံငါးပါးမှတဆင့် လှုံဆော်မှု (Stimulus)
တွေ အဖန်တလဲလဲ ရခဲ့ရင် အဲဒီ ထိတွေ့ယဉ်ပါးလိုက်ရတဲ့ အခြေအနေ တစ်ခုအပေါ် အသိမဲ့တုန့်ပြန်မှုတွေ ပေါ်ပေါက်လာတဲ့ အကြောင်းကို
လေ့လာ ဖေါ်ထုတ်ခဲ့တာပါ။ ယခုစာဖတ်သူအနေနဲ့ စိမ်းစားသရက်သီးကို ဆား၊ ငရုပ်မှုန့်များနဲ့ တို့စားဖို့ စိတ်ကူး ကြည့်စမ်းပါ။ စားလည်း စာ
းခဲ့ဖူးတဲ့၊ စိမ်းစားသရက်သီးကို ကြိုက်လဲကြိုက်တဲ့သူဆိုရင် ပါးစပ်ထဲမှာ တံတွေးတွေ အလိုလို ထွက်လာပါလိမ့်မယ်။ ဒါဟာ စိမ်းစားသရက်သီးကို
ဆားနဲ့ တို့စားခြင်း ဆိုတဲ့ အခြေအနေ (Condition) ကို စာဖတ်သူရဲ့ ခန္ဓာကိုယ်က မှတ်သားထားပြီးတော့ လိုအပ်တဲ့ တုန့်ပြန်မှုကို ခန္ဓာကိုယ်က
အလိုအလျောက် ဆောင်ရွက်ပေးခြင်းပါ။ တနည်းအားဖြင့် စိမ်းစားသရက်သီးအတွက် အသိမဲ့ တုန်ပြန်မှု Conditional Reflex ခန္ဓာကိုယ်မှာ ရှိ
နေပြီလို့ ပြောလို့ရပါတယ်။

၁၂။နိုင်ငံရေး နိုးကြားသူများ၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူများ၊ အတိုက်အခံပါတီဝင်များကို ရိုက်နှက်၊ သတ်ဖြတ်၊ နှစ်ရှည် ထောင်ဒဏ်ပေး
နေခြင်း၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ပင် ဖျက်ဆီးခြင်း၊ စတဲ့ အခြေအနေတွေကို အမြင်၊ အကြား အာရုံများကတဆင့် လ
ူထုအမှတ်သညာထဲကို အကြိမ်ပေါင်း များစွာ ရိုက်ထဲ့ ထားပါတယ်။ အဲဒီ အခြေအနေများ အတွက် လူထုအတွင်းမှာ ပေါ်လာခဲ့တဲ့ အသိမဲ့တုန့်ပြန
်မှုတွေက နိုင်ငံရေး၊ ဒီမိုကရေစီ အရေးတွေမှာ ကိုယ်တိုင် ပါဝင်ဖို့ စိုးရိမ် ကြောက်ရွံ့တဲ့ စိတ်များ ပေါ်ပေါက်လာခြင်းပါ။ ဒီအတွက်ကြောင့် တုတ်တွေ၊
ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ လုံထိန်းများက လူထုမြင်ကွင်းမှာ လေ့ကျင့်ခန်းများ လုပ်ပြလိုက်ရင်၊ လုံထိန်းတွေ၊ စစ်သားတွေ အပြည့်နဲ့ ကားတန်းကြီး
မြို့တစ်ပတ်လောက် မောင်းပြလိုက်ရင်ပဲ လူထုအတွင်းမှာ အကြောက် တရားများ အသိမဲ့စွာ ပေါ်ပေါက်လာကြရတာ ယနေ့ နအဖက လူထုအပေါ်
ဖန်တီးထားတဲ့ နိုင်ငံရေး နိုးကြားမှု အခြေအနေအပေါ် အကြောက်တရား များ ဖြစ်ထွန်းစေတဲ့ Conditional Reflex အခြေအနေ မှန်ပါ။ အဲဒီ အခြေ
အနေ ကို ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်က လူထုတော်လှန်ရေးရဲ့ အဆင့်(၂)ကို ရောက်မလာအောင် ကာကွယ် ဟန့်တား ထားတာ ဖြစ်ပါတယ်။

၁၃။ဒါပေမယ့် နအဖရဲ့ အဲဒီ အကြောက်တရား လှုံဆော်မှုတွေက လူထုအတွင်းမှာ မုန်းတီး နာကျည်းခြင်းများနဲ့ အမျက် ဒေါသတွေကို ယှဉ်တွဲ
ဖြစ်ထွန်း စေပါတယ်။ ဒီ့အတွက်ကြောင့် လူထုအားကို အခြေခံတဲ့ လူထု တော်လှန်ရေး တစ်ခု ဖြစ်ပေါ်လာဖို့ ယနေ့အချိန်မှာ မလွယ်ဘူးလို့ ဆိုနိုင
်ပေမယ့် လူထုရဲ့ အာဏာရှင်တွေအပေါ် ထားရှိတဲ့ အမျက်ဒေါသနဲ့ အမုန်းတရားတွေက ကြောက်ရွံ့ခြင်းကို ကျော်လွန်သွားပြီးဆိုရင်ဒေသစုံမှာ လ
ူတန်စား ပေါင်းစုံ ပါဝင်တဲ့ လူထုတော်လှန်ရေး အဆင့်(၂) လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ သာဓက တစ်ခုအဖြစ် ၂၀၀၇ခုနှစ် ရွှေဝါရောင်
တော်လှန်ရေးကာလ အခြေအနေကို ပြန်မြင်ယောင် ကြည့်ရင် ရဟန်းသံဃာတွေနဲ့ အစပြုပြီး တစတစနဲ့ ကျောင်းသားတွေများလာ၊ နောက်ပိုင်း
သောင်းသိန်းချီတဲ့ လူထုပါဝင်လာတာ မှတ်မိကြမှာပါ။

၁၄။လူထုရဲ့ ထိရောက်စွာ ပူးပေါင်းပါဝင်လာစေဖို့ ဆောင်ရွက်ကြရမည့် အလုပ်တစ်ခုက ကြောက်ရွံ့ခြင်းကို လျော့နည်းသွားစေဖို့ ဆောင်ရွက်
ခြင်းပါ။တနည်းအားဖြင့် အသိမဲ့ တုန့်ပြန်မှုတွေ ရှိနေတဲ့ အခြေအနေတစ်ခုနဲ့ တဖြည်းဖြည်းခြင်း ထိတွေ့ပေးခြင်း၊ Desensitization လုပ်ပေးခြင်းပါ။
ယနေ့ NLD ပါတီဝင်များ လုပ်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံဖြန့်ဝေခြင်းဟာ ကြောက်ရွံ့ခြင်းကို လျော့ပါးစေဖို့ ဆောင်ရွက်နေတဲ့ အလွန်
ဉာဏ်သွားတဲ့ Desensitization လုပ်ငန်းတစ်ခု လို့ ပြောပါရစေ။ စစ်အစိုးရ ရဲ့ ပုံနိုပ်ထုတ်ဝေရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနဲ့ ဘောင
်ခတ်ထားမှုကိုလည်း ကျော်လွှားသွားနိုင်ခဲ့ ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်သော စာရွက်စာတမ်းများ ကူးမပေးပါလို့ စာကပ်ထားပြီး စိုးရိမ်စွာနဲ့ အလုပ
်လုပ်နေ ကြရတဲ့ လုပ်ငန်းရှင်များကို အကူအညီ တောင်းရခြင်းမှလည်း လွတ်ကင်းပြီး အောင်မြင်စွာ လုပ်သွားကြတဲ့ အလုပ်တစ်ခုမို့ ဓါတ်ပုံဖြန့်ချီရေး
အတွေးပေါ်သူ များနဲ့ ဆောင်ရွက်နေသူများ အားလုံးကို လေးစား ချီးကျူးရပါတယ်။

၁၅။ဓါတ်ပုံဖြန့်တဲ့ နည်းလမ်းအပြင် အခြားသော Desensitization နည်းလမ်း များကိုလည်း ဉာဏ်ကွန့်ကာ ထပ်မံ ဆောင်ရွက်ကြဖို့ လိုပါတယ်။
Desensitization ကို ဘယ်လောက် အတိုင်း အတာ အထိ လုပ်ရမှာလည်း လို့မေးရင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို မတရားတဲ့ အမိန့်အာ
ဏာတွေကို တာဝန်အရ ဖီဆန်ကြမယ်ဆိုတဲ့ စိတ်ဓါတ်တွေ လူထုအတွင်းမှာ ကိန်းအောင်လာအောင် ဆောင်ရွက်နိုင်ပြီဆိုရင် လူထု တော်လှန်ရေး
အဆင့်(၁)ကနေ အဆင့် (၂)ကို ကူးပြောင်းသွားနိုင်ဖို့ အဆင့်သင့်ဖြစ်နေတဲ့ လူထုကြီး ရှိနေပြီလို့ ပြောလို့ရပါတယ်။၁၉၈၈ခုနှစ် အရေးအခင်းအပြီး
ကျောင်းတွေပြန်ဖွင့်တော့ ဗိုလ်ချုပ်ပုံရင်ထိုးလေးတွင် အင်္ကျီ၊ လွယ်အိတ်များမှာ တပ်ဆင်၊ ပင်နီတိုက်ပုံနဲ့ ကချင်ပုဆိုးဝတ်ဆင်ကာ တော်လှန်ချင်တဲ့
ခွန်အားကို တဖြည်းဖြည်းခြင်း ပြန်မွေးယူခဲ့ရတာ အမှတ်ရ နေပါသေးတယ်။ မိမိရဲ့ စိုးရိမ်စိတ်ကို ထိန်းချုပ်လာနိုင်တဲ့အပြင် မြင်ရသူတွေအတွက်လည်း
တော်လှန်ရေးသတ္တိတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။

၁၆။အဆင့်(၁)က အဆင့်(၂)ကို ကူးပြောင်းမှုသည် အချိန်တစ်ခု အမြဲလိုပါတယ်။ ဒါပေမယ့် အချိန်တိုလေ လူထု အထိအခိုက် နည်းလေ ဖြစ်တာမို့
အချိန်တိုတိုနဲ့ အဆင့်(၂)ကို ကူးပြောင်းနိုင်ဖို့လည်း စဉ်းစား စီစဉ်ဖို့ လိုပါလိမ့်မယ်။ အဲဒီအချိန်ကို လေ့လာတဲ့အခါ၁၉၈၈ခုနှစ် လူထုတော်လှန်ရေး
အဆင့်(၁)ရဲ့ အဓိက Trigger ဖြစ်တဲ့ ကိုဖုန်းမော် သတ်ဖြတ် ခံရတဲ့ မတ်လမှ လူထုတိုက်ပွဲ အဆင့်(၂)ရဲ့ အရှိန်အမြင့်ဆုံးကာလ စက်တင်ဘာလ
အထိ (၇)လ ကြာမြင့် ပါတယ်။

၁၇။ရွှေဝါရောင်အရေးအခင်းကို လေ့လာရင် အဆင့်(၁)ရဲ့ ပထမ Trigger က သြဂုတ်လ (၁၅) လောင်စာဆီဈေး မြင့်တင်လိုက်ခြင်းပါ၊ ဒုတိယ
Trigger က စက်တင်ဘာ (၅)ရက် ပခုက္ကူ အရေးအခင်း ဖြစ်ပြီး အဆင့်(၁)ရဲ့ အရှိန်အမြင့်ဆုံးရောက်သွားတာက စက်တင်ဘာ (၂၂) ရက်၊ ရန်
ကုန်မှာ သံဃာ ၂၀၀၀ခန့်နဲ့ မန္တလေးမှာ ၁၀၀၀၀ခန့် ဆန္ဒပြမှုများဖြစ်ပါတယ်။ ဒီနောက် (၂၄)ရက်နေ့မှာ အဆင့်(၂) အရှိန်ရလာခဲ့ပါပြီ၊ ရန်ကုန်
ဆန္ဒပြပွဲမှာ သံဃာနဲ့ လူထု စုစုပေါင်း တစ်သိန်းလောက်ရှိလာခဲ့ပါတယ်။ (၂၆)ရက်နေ့မှာ ပစ်ခတ်နိုမ်နင်းမှုတွေ နအဖ စတင်ပြုလုပ်ခဲ့ပြီး (၂၇)
ရက်နေ့မှာ ဘုန်းကြီးကျောင်းတိုက်များကို ၀င်စီးပြီး သံဃာများကို ဖမ်းဆီးခဲ့ကြခြင်းနဲ့ အဆင့်(၂)မှာပင် အဖြိုခွဲ ခံလိုက်ရပါတယ်။ရွှေဝါရောင်လ
ူထုတိုက်ပွဲရဲ့ အဆင့်(၁) Trigger ပေါ်ပေါက်ချိန်မှ အဆင့်(၂) အရှိန် တက်လာချိန်ဟာ အချိန်အားဖြင့် တစ်လခွဲကျော် ကြာပါတယ်။
၁၈။ဒီအချက်က ဘာကို ပြနေသလဲဆိုရင် လူထုအတွင်းမှာ အာဏာရှင်စနစ်ကို ရွံ့ရှာမုန်းတီးခြင်းက ၁၉၈၈ခုနှစ် ထက် များစွားပိုနေတယ်ဆ
ိုတာ ပြနေပါတယ်။ ဒုတိယက သံဃာတော်များရဲ့ ငြိမ်းချမ်းစွာနဲ့ မေတ္တာပို့၊ ပရိတ်တော်များ ရွတ်ဆိုပြီး အစိုးရတစ်ရပ်အနေနဲ့ လူထုအပေါ် ဆောင
်ရွက်ပေးသင့်တဲ့ အချက်များကို တောင်းဆို ဆန္ဒပြခဲ့ကြခြင်းကလည်း လူထုရဲ့ ပူးပေါင်းပါဝင်မှုကို အချိန်တိုအတွင်း ရရှိစေခဲ့တဲ့ အချက်တစ်ခု ဖြစ်ပါ
တယ်။ အဲဒီ အချက်များအပြင် ဘာသာရေး ခေါင်းဆောင်များ လူထုတော်လှန်ရေးမှာ ပါဝင်လာခြင်းက အောင်ပွဲကို ပိုမိုနီးကပ်လာ စေပါတယ်။ လူထု
လူတန်းစားအားလုံးရဲ့ ဆုံချက်တစ်ခုက ဘာသာရေးဖြစ်တာကြောင့် လူထုကြည်ညိုလေးစား တန်ဖိုးထား ကိုးကွယ်ကြရတဲ့ ဘာသာရေးခေါင်းဆောင်ရဲ့
သဘောထားမှတ်ချက်တစ်ခုဟာ သူကို အကြွင်းမဲ့ ယုံကြည် ကိုးကွယ်သူများကို ကောင်းစွာ လွှမ်းမိုးနိုင်တာကြောင့် လူထုတော်လှန်ရေးတွေမှာ ဘာသာ
ရေးခေါင်းဆောင်များရဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးတဲ့နေရာမှာ ရှိပါတယ်။ လူထုတော်လှန်ရေး အောင်ပွဲခံခဲ့တဲ့ ဖြစ်စဉ်များကို ကြည့်ရင် ဘာ
သာရေးခေါင်းဆောင်များက အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြတာ အမြဲတွေ့ရပါတယ်။

လူထုတော်လှန်ရေး အဆင့် (၃) တပ်မတော်ပါဝင်ခြင်း

၁၉။လူထုတော်လှန်ရေးရဲ့ အာဏာရှင်စနစ်အပေါ် အဆုံးသတ်အောင်ပွဲဟာ တပ်မတော်က ပူးပေါင်းပါဝင်မှ ဖြစ်မှာမို့လို့ အရေးအကြီးဆုံးနဲ့
ယနေ့ လူထုတော်လှန်ရေးမှာ ဖြည့်စွက်ရမယ့် ဟာကွက်တစ်ခုလို့ ဆိုခြင်ပါတယ်။အစဉ်အဆက်လည်း မအောင်မြင်သေးတဲ့ အဆင့်မို့ အခက်ခ
ဲဆုံး အဆင့်လို့ ဆိုရပါလိမ့်မယ်။ ဒီအတွက်ကြောင့် တပ်မတော်က ဘာကြောင့် မပါသေးတာလည်း၊ မပါနိုင်တာလည်း၊ လူထုတော်လှန်ရေးမှာ ပါဝင
်နိုင်ဖို့ အဟန့် အတားတွေက ဘာတွေလည်း၊ ဒီအဟန့်အတားတွေကို ဘယ်လို ကျော်လွှားနိုင်သလဲ၊ စတဲ့ မေးခွန်းတွေအတွက် အဖြေရှာဖို့
လိုအပ်နေပါပြီ။

၂၀။ တကယ်တန်းတော့ လူထုကလည်း အကြောက်တရားနဲ့ နေထိုင်နေရကြသလို တပ်မတော်သားများလည်း အကြောက် တရားအောက်မှာ
နေထိုင် နေကြရတာပါ။ အာဏာရှင်က သဘောမတွေ့ရင် အရပ်သားကို ပေးတဲ့ ပြစ်ဒဏ်ထက် ပိုကြီးတဲ့ ပြစ်ဒဏ်ကို တပ်မတော်သားကို ပေးပါတယ်။
ပိုဆိုးတာက တပ်မတော် ကို သတင်းလောကနဲ့ အဆက်ဖြတ်ပြီး အာဏာရှင်ရဲ့ တဖက်သတ် ၀ါဒဖြန့်မှုအောက်မှာ ထားရှိတာမို့ ပြင်ပ အခြေအနေကို
အမှန်အတိုင်း သိခွင့် အလွန်နည်းပါတယ်။ ဒီအချက်များအပြင် ခွဲထွက်လိုတဲ့ တပ်မတော်သားများ အစိုးရိမ်ဆုံးက သူတို့ ခွဲထွက်လာတဲ့အချိန် အခြား
တပ်တွေ ပါမလာဘဲ ထီးထီးဖြစ်ကာ ချေမှုန်းခံရမှာကို ဖြစ်ပါလိမ့်မယ်။ မိသားစုတွေပါ တနွယ်ငင် တစင်ပါ ဖြစ်ကြမှာမို့ သူတို့ရဲ့ အာဏာရှင်အပေါ်
ကြောက်ရွံ့စိုးရိမ်စိတ်ဟာ အရပ်သားများ ထက် မပိုရင်တောင် မလျော့နိုင်ပါ။ ဒီအချက်တွေက လူထုတော်လှန်ရေးမှာ တပ်မတော်ပါဝင်လာစေဖို့
ပထမ အဟန့် အတားတွေပါ။

၂၁။မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်ကြီးရားမို့စ်လို လူတစ်ဦး ပေါ်ထွက်လာခဲ့ရင် ဒီအဟန့်အတား ပျောက်ကွယ် သွားပါလိမ့်မယ်။ အာဏာရှင်ရဲ့
လက်ဝေခံဘ၀နဲ့ ရနေတဲ့ စည်းစိမ်ဥစ္စာနဲ့ ရာထူးအာဏာကို ဘ၀ရဲ့ အောင်မြင်မှုလို့ ထင်မှတ်နေကြတဲ့ ဗိုလ်ချုပ်တွေ၊ တပ်မတော်အရာရှိကြီး
တွေကို တကယ်စစ်မှန်တဲ့ ဘ၀အောင်မြင်မှုတွေအကြောင်း ဗိုလ်ချုပ်ကြီးရာမို့စ်နဲ့ ပမာနိုင်းပြီး ပြောပြသင့်ပါပြီ။ ဗိုလ်ချုပ်ကြီးရာမို့စ်ရဲ့ လူထုဘက
်က ရပ်တည်ချက်က ယနေ့ ဖိလစ်ပိုင်နိုင်ငံကို ဒေသအတွင်းနဲ့ ကမ္ဘာအလယ်မှာ လူရာဝင်စေခဲ့သလို တိုင်းပြည်ကိုလည်း ဖွံ့ဖြိုးမှု လမ်းကြောင်း
အမှန်ပေါ်ကို ရောက်စေခဲ့ပါပြီ၊ သူကိုယ်တိုင်လည်း ယနေ့အထိ နိုင်ငံ့အရေးအရာတွေကို ဆက်လက်ဦးဆောင်မှု ပေးလျက်ရှိသလို သူ့ရဲ့ ခေါင်း
ဆောင်မှုကိုလည်း ဖိလစ်ပိုင်နိုင်ငံရေးသမားတိုင်းက တန်ဖိုးထား လေးစား နေကြတာ၊ ဒီနေ့ ဗိုလ်ချုပ်ကြီး ရားမိုစ့်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အရေးအ
ရာများသာမက အရှေ့တောင်အာရှအသင်းကြီးရဲ့ ပဲ့ကိုင် လမ်းညွန်သူ တစ်ဦး အဖြစ်ပါ ဆောင်ရွက်ပေးနေရတစ်ဦး ဖြစ်နေကြောင်းကို ဗိုလ်သန်း
ရွှေ လက်အောက်က စစ်ဗိုလ်ချုပ်တွေ သိဖို့ နည်းလမ်းပေါင်းစုံနဲ့ ပြောပြသင့်ပါပြီ။

၂၂။ဗိုလ်နေ၀င်းရဲ့မျိုးဆက်တွေ ဘ၀ပျက်ချိန်၊ ဗိုလ်စောမောင် စိတ်ဝေဒနာခံစားခဲ့ရပြီး လူမသိ သူမသိ ဇာတ်သိမ်း ရချိန်၊ ဗိုလ်ခင်ညွန့်နဲ့ သူ့မ
ိသားစု၊ သူ့နောက်လိုက်များ ကျူပင်ခုတ် ကျူငုက်မကျန် အရှင်းလင်း ခံကြရချိန်မှာ ဗိုလ်ချုပ်ကြီးရာမိုစ့် ကသူ့ရဲ့ကောင်းမွေကို သူ့မိသားစု၊ သာ
းစဉ်မြေးဆက် လက်ဆင့်ကမ်းပေး နိုင်ခဲ့ပါပြီ။ မြန်မာပြည် က စစ်ဗိုလ်ချုပ်တွေ၊ အရာရှိကြီးတွေ တကယ်အားကျသင့်တာက ဗိုလ်ချုပ်ကြီးရားမိုစ့်လ
ို ဘ၀မျိုး ဖြစ်ကြောင်း သိစေသင့်ပါပြီ။ လူထုဖက်က ရပ်တည်တဲ့ ဗိုလ်ချုပ်ကြီးရာမိုစ့်အတွက် နိုင်ငံရေးအာဏာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို
လိုသလိုရေးဆွဲပြီး အတင်းသိမ်းပိုက်ဖို့ မလိုပဲ သူ့လက်ဝယ်ကို လူထုက လိုလိုချင်ချင် အပ်နှင်းကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်မှန်တဲ့
တပ်မတော်ခေါင်းဆောင်နဲ့ သူ့ရဲ့ လူထုအကြားက ယုံကြည်မှုကို ဖေါ်ပြပါ တယ်။

၂၃။ဒုတိယ အဟန့်အတားက အာဏာရှင်ရဲ့ တပ်မတော်အပေါ် ဆောင်ရွက်နေတဲ့ တဖက်သတ် ၀ါဒဖြန့်ချီ စည်းရုံးမှု များကို ပြင်ပက
တန်ပြန်ဆောင်ရွက်ဖို့ ခဲယဉ်းနေတာ၊ အားနည်းနေတာ၊ စတဲ့အချက်များ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ပြောကြားနေတဲ့ မိန့်ခွန်းများကို ကြည့်ရင်
သူ့အာဏာတည်မြဲရေးအတွက် တပ်မတော်နဲ့ ဒီမိုကရေစီ လိုလားသူ လူထုအကြား နားလည်မှုတွေ လွဲမှားအောင် ရန်တိုက်ပေးနေတာ အထင
်အရှားမို့ သူ့ရဲ့ ၀ါဒဖြန့်ချက် တစ်ခုခြင်းစီကို ကျနော်တို့ဖက်က စနစ်တကျ တန်ပြန် ချေဖျက်သင့်ပါတယ်။ တပ်မတော်သားတွေကို နားလည်
သဘောပေါက်လာအောင် စည်းရုံးနိုင်မှ လူထု တော်လှန်ရေး အဆင့်(၃)ကို ရောက်လို့ အာဏာရှင်စနစ် နိဂုံးချုပ်နိုင် ပါလိမ့်မယ်။

၂၄။ဗိုလ်သန်းရွှေလက်ထက် တပ်မတော်အင်အား ပိုမိုချဲ့ထွင်လာတာ၊ လက်နက်အသစ်တွေ ပိုမိုအသုံးပြုနိုင် လာခြင်းကို တပ်မတော်သား
အချို့က သဘောကျကောင်း ကျနေနိုင်ပြီး ယခင် တပ်မတော်ခေါင်းဆောင်များထက် ပိုတော်သူ၊ နိုင်ငံသစ်ကို တည်ဆောက်နိုင်သူလို့ ထင
်ကောင်း ထင်နေနိုင်ပါတယ်။ ဒီအချက်ကလည်း လူထု တော်လှန်ရေး မှာ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှုရဖို့ အဟန့်အတားတစ်ခု ဖြစ်နေနိုင်
ပါတယ်။ ဒီအတွက် ကျနော်တို့ နိုင်ငံ့စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ရှု့ထောင့်များကနေ တိုင်းပြည်အတွက် အကောင်းဆုံးလုပ်သင့်တာတွေကို
ချပြ သင့်ပါပြီ။ ဗိုလ်သန်းရွှေရဲ့ နိုင်ငံသယံဇာတများကို အသုံးထက် အဖြုန်းများနေတာကို ထိထိရောက်ရောက် ဖေါ်ထုတ်သင့်ပါပြီ။ တပ်မတော်
ကို ခေတ်မီအောင် တည်ဆောက်ရာမှာ ၀မရှိပဲ ၀ိလုပ်ခဲ့တဲ့ တချိန်က ဆိုဗီယက် ပြည်ထောင်စုနဲ့ ယနေ့ မြောက်ကိုရီးယားတို့ အကြောင်း တပ
်မတော် အသိုင်းအ၀န်းက သိအောင် ပြည့်ပြည့်စုံစုံ ဖေါ်ထုတ်ကြရအောင်ပါ။ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကို
တည်ဆောက်နိုင်မှသာ တကယ်ခေတ်မီတဲ့ တပ်မတော်တစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ် ဆိုတဲ့အကြောင်း ဗိုလ်သန်းရွှေကို ယုံကြည် ဆည်း
ကပ်နေသူများကို ပြောပြ ကြရအောင်ပါ။

၂၅။အထက်ပါ အချက်များအားလုံးကို ပြန်လည်စုစည်း သုံးသပ်ရရင် -
(က)လူထုအားကို အသုံးပြုပြီး အာဏာရှင်စနစ်ကို တော်လှန် ပြောင်းလဲကြမယ်ဆိုရင် အဆင့်(၃)ဆင့်ကို ကျော်ဖြတ်နိုင်မှသာ ဆုံးခန်းတိုင
် အောင်မြင်ခြင်းကို ရောက်ပါမယ်။
(ခ)အာဏာရှင်စနစ်လက်အောက်မှာ လူထုတော်လှန်ရေး အဆင့်(၁)ဖြစ်ပေါ်လာစေမည့် အကြောင်း အချက် Trigger တွေ ဆက်လက်
ပေါ်ပေါက်နေဦးမှာ ဖြစ်ပါတယ်။
(ဂ)ယနေ့လုပ်ကြရမည့် ပထမအလုပ်က လူထုကို အကြောက်တရားများ လျော့နည်းလာစေဖို့ လုပ်ငန်းများ ဖြစ်ပါတယ်။ ဒုတိယအလုပ
်က တပ်မတော်ကို လူထုနဲ့ လက်တွဲနိုင်ဖို့ စနစ်တကျ စည်းရုံးကြဖို့ ဖြစ်ပါတယ်။
(ဃ)အဆင့်(၂)နဲ့ (၃)အတွက် အခြေခံကောင်းတွေ ရထားပြီလို့ ယူဆပြီဆိုရင် အာဏာရှင်ကို လူထုအားနဲ့ စိမ်ခေါ် တိုက်ပွဲဝင်လို့
ရပါပြီ။

၂၆။တိုင်းပြည်ကို အာဏာရှင်တစ်ယောက်ရဲ့ လက်ဝယ်က ကယ်တင်နိုင်ဖို့အရေး နည်းလမ်းများစွာ ရှိတဲ့အနက် လူထုအားကို အသုံးပြုကာ
တော်လှန်ရေး ဆင်နွဲဖို့အတွက် တွေးမိတဲ့ အတွေးတွေ ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ်မှ ယနေ့တိုင် ဖြစ်ပေါ်ခဲ့တဲ့ လူထုတော်လှန်ရေး ဖြစ်ရပ်အသီး
သီးကို ပြန်လည်သုံးသပ်ကာ လုပ်ဆောင်သင့်တာကို တွေးတောမိခြင်း ဖြစ်ပါတယ်။ အဲဒီ အတွေးများကို ယနေ့နိုင်ငံရေး အခင်းအကျင်းထဲ
သွတ်သွင်းကာ ပြင်ပဖိအားများ၊ မြန်မာနိုင်ငံရေးလောကထဲက ဇာတ်ကောင်အသီးသီးရဲ့ လှုပ်ရှားမှုများကို အခြေခံပြီး မြန်မာ့ဒီမိုကရေစီအရေး
အမြင်နဲ့ အတွေးများကို ဆက်လက်တင်ပြပါဦးမယ်။ အသံညီပြီး အလုပ်တူကြဖို့ အမြင်တူပြီး အတွေးညီကြရအောင်။

၂၇။ ဆောင်းပါး အပိုင်း(၁)မှာ လူထုတော်လှန်ရေးကို သရုပ်ခွဲကြည့်ရင် အဆင့်(၃)ဆင့် ပါဝင်ကြောင်းနဲ့
မြန်မာ့ ဒီမိုကရေစီအရေးအတွက် လူထုအားနဲ့ အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ဖြစ်စဉ်များကို လေ့လာ ကြည့်ရင်း အများတောင်းတကြတဲ့
အောင်မြင်မှု ပန်းတိုင်နဲ့ ယနေ့ လက်ရှိအနေအထားတို့ အကြား လစ်ဟာနေတဲ့ ကွက်လပ်များကို ဖေါ်ထုတ်ရေးသားခဲ့ပါတယ်။
ယခု အပိုင်း(၂)ကတော့ အဲဒီ ကွက်လပ်နေရာများကို ဖြည့်စွက် နိုင်ကြဖို့အရေးကို ရှေးရှု့ပြီး ပေါ်လာတဲ့ အတွေးများ၊ ရှု့မြင်သုံးသပ်ချက်များကို ထပ်မံ တင်ပြသွားမှာ ဖြစ်ပါတယ်။

၂၈။ မြန်မာ့ဒီမိုကရေစီအရေး လူထုတော်လှန်ရေးကြီးရဲ့ ရှည်လျားတဲ့ ဖြစ်စဉ်နဲ့အတူ ပါဝင်ဆောင်ရွက်နေကြတဲ့
လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို လေ့လာကြည့်ရင် နိုင်ငံရေး ယုံကြည်မှု အသွေးအရောင်၊ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်တဲ့ နယ်ပယ်၊
အထူးပြု လေ့လာတဲ့ ကဏ္ဍ၊ ရည်မှန်းထားတဲ့ ပစ်မှတ်၊ စသည်တို့ဟာ သဘာဝကျစွာ စုံစုံလင်လင် ပါဝင်နေတာကို စာဖတ်သူများ မြင်တွေ့ပြီးသား ဖြစ်ပါတယ်။

ယခုလို ကွဲပြားခြားနားမှုတွေ ပါရှိနေခြင်းက လူထုတော်လှန်ရေးမှာ တဆင့်ပြီး တဆင့် ပြီးမြောက် အောင်မြင်သွားဖို့အတွက် လိုအပ်နေတဲ့ စုပေါင်းအား Collective Force တစ်ခု ရရှိနိုင်ဖို့
အကောင်းဆုံးအခြေအနေလို့ ယူဆမိပါတယ်။

စုပေါင်းအား ဆိုတာအတွက် တဆင့်တိုးလို့ တွေးကြည့်ပြန်တော့ အခြေအနေတစ်ရပ်အပေါ် တူညီတဲ့ ရှု့မြင်သုံးသပ်မှုတစ်ခု ရှိနေဖို့က မလွဲမသွေ လိုအပ်လာပြန် ပါတယ်။
ဒီ့အတွက် မြန်မာ့ဒီမိုကရေစီအရေးမှာ တူညီတဲ့ရှု့မြင်သုံးမှုတစ်ခု ဖြစ်ပေါ်လာရေးကို ရှေးရှု့ပြီး အောက်ပါ အတွေးပုံစံတစ်ခုကို တင်ပြချင်ပါတယ်။


A Mental Model သို့မဟုတ် အတွေးပုံစံတစ်ခု

၂၉။ အမြင်တူပြီး အတွေးညီ ကြဖို့အတွက် အသုံးဝင်မယ့် အတွေးပုံစံတစ်ခုလို့ ယူဆမိပါတယ်။ မြန်မာ့ဒီမိုကရေစီ အရေးကို ရှု့မြင်သုံးသပ်ရာမှာ
အဓိကအစိတ်အပိုင်းကြီး (၃)ခုကို မြင်တွေ့မိပါတယ်။ လူထု၊ မြန်မာနိုင်ငံရေး လောက၊ ပြင်ပရပ်ဝန်းဆိုပြီး အမည်ပေးလိုက်ပါတယ်။

ပြင်ပရပ်ဝန်းကနေ မြန်မာ့နိုင်ငံရေးလောကအပေါ် အကျိုးသက်ရောက်မှု များကို တွန်းအား Driving Forces များနဲ့ ဖိအား Pressures များလို့ ခွဲခြားရှု့မြင်ထားပါတယ်။
ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နည်းပညာအပြောင်းအလဲများက မြန်မာ့နိုင်ငံရေး လောကအပေါ် တွန်းအားများကို ဖန်တီးသူဖြစ်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊
နိုင်ငံတကာအဖွဲ့အစည်းများကိုတော့ မြန်မာ့နိုင်ငံရေး လောကကို ဖိအားပေးနေသူများအဖြစ် သုံးသပ်ထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံးတို့ကို ဒိုင်လူကြီးနေရာမှာ ရှိသူများလို့ မြင်မိပါတယ်။ မြန်မာ့နိုင်ငံရေးလောကထဲမှာတော့ Players များ
အများအပြားရှိနေပြီး အဓိကအားဖြင့် နအဖနဲ့ သူ့နောက်လိုက်များ၊ အတိုက်အခံ နိုင်ငံရေးပါတီများနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ တပ်မတော်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဆိုပြီး ခွဲခြားသုံးသပ် ထားပါတယ်။

၃၀။ လူထုကြီးဟာ အားလုံးရဲ့ အလယ်မှာ ရှိပါတယ်။ လူထုအတွက် အလုပ် လုပ်နေကြတာပါလို့ အားလုံးက ပြောနေကြသလို လူထုကလည်း ဘယ်သူ ဘာလုပ်နေတယ်ဆိုတာကို
မျက်ခြေမပြတ် မြင်တွေ့နေသူ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးလောကထဲက အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များရဲ့ ဆောင်ရွက်ချက်များဟာ လူထုအပေါ် အကောင်း အဆိုး အကျိုးသက်ရောက်မှုများ ရှိနေပြီး လူထုကြီးကလည်း
အဲဒီ ဆောင်ရွက်ချက်များကို ကောင်းတယ်/ ဆိုးတယ်၊ လက်ခံတယ်/ လက်မခံဘူး ဆိုတာ ဆုံးဖြတ်သတ်မှတ် ပေးမယ့်သူဖြစ်ပါတယ်။

မြန်မာနိုင်ငံရေးလောက အတွက် အပြောင်းအလဲတစ်ခု ဖြစ်လာစေဖို့ အဆုံးအဖြတ် ပေးနိုင်တဲ့သူဟာ လူထုကြီးဖြစ်ပြီး လွတ်လပ်စွာ ဆုံးဖြတ်ခွင့်များ အတွက် အစဉ်တစိုက
် တောင်းဆိုနေသူ ဖြစ်ပါတယ်။

ပြင်ပရပ်ဝန်းအပေါ် လေ့လာသုံးသပ်ခြင်း

၃၁။ ကမ္ဘာကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နည်းပညာ စတဲ့ ကဏ္ဍအသီးသီးမှာ ဖြစ်ထွန်း၊ ပေါ်ပေါက်၊ ပြောင်းလဲနေတဲ့ အခြင်းအရာများဟာ အဲဒီ ပြင်ပရပ်ဝန်းဆိုတဲ့
နယ်ပယ်ထဲမှာ ရှိနေကြပါတယ်။

စစ်အေးတိုက်ပွဲအပြီး ကမ္ဘာ့အင်အားချိန်ခွင်လျှာ အပြောင်းအလဲများ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အတွေးအခေါ် အယူအဆ အပြောင်းအလဲများ၊
ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံများ ပိုမိုများပြားလာမှုနဲ့အတူ Globalization စတဲ့ အခြေအနေများဟာ မြန်မာ့နိုင်ငံရေးလောကရဲ့ ပြင်ပရပ်ဝန်းထဲမှာ ရှိနေကြပါတယ်။
အဲဒီ အခြေအနေတွေကြောင့် ပေါ်ပေါက်လာတဲ့ တွန်းအားများက ဒီမိုကရေစီစနစ် ကျင့်သုံးဖို့၊ လူ့အခွင့်အရေးများကို တန်ဖိုးထား လေးစားဖို့၊ တံခါးဖွင့် ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးဖို့၊
ဗဟိုချုပ်ကိုင်မှု လျော့ချဖို့၊ ပုဂ္ဂလိက အခန်းကဏ္ဍကို မြင့်တင်ဖို့၊ ကုန်သွယ်ရေး လွတ်လပ်ခွင့်တွေ ကျင့်သုံးဖို့၊ စီးပွားရေး လူမှုရေးနဲ့ ပတ်ဝန်းကျင်ရေးရာ ကဏ္ဍတွေမှာ ရေရှည်တည်တံ့စေမယ့်
ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုဆောင်ရွက်ဖို့၊ စတဲ့အချက်များ ဖြစ်ပါတယ်။

၃၂။ အဲဒီ တွန်းအားများဟာ ၁၉၈၀ခုနှစ်များတတည်းက ကမ္ဘာတစ်ဝှမ်းလုံးမှာ သိသိသာသာ ပေါ်ပေါက်ခဲ့ပါတယ်။ ခေတ်အလိုက် ပေါ်ပေါက်လာစမြဲ တွန်းအားတွေကို လိုက်လျော်ညီထွေ
လက်ခံနိုင်စွမ်းရှိတဲ့ နိုင်ငံရေးစနစ်ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေမှာတော့ ပြုပြင်ပြောင်းလဲမှုတွေ သာသာယာယာ ဖြစ်ထွန်းခဲ့ပြီး အာဏာရှင်နိုင်ငံ အချို့မှာ လူထုအုံကြွမှုများနဲ့အတူ
သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။
ကျနော်တို့ နိုင်ငံရဲ့ ၁၉၈၈ခုနှစ် ပြုပြင် ပြောင်းလဲရေး တောင်းဆိုမှုကတော့ ယနေ့ထက်တိုင်အောင် မအောင်မြင်နိုင်သေးပဲ အထက်က တွန်းအားများဟာ မြန်မာနိုင်ငံရေးလောကအပေါ်
ယနေ့အထိ သက်ရောက်နေဆဲ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲလုပ်လို့ အစိုးရသစ် ပေါ်ပေါက်လာခဲ့ပြီးရင်လည်း အဲဒီအစိုးရအပေါ် ပြုပြင်ပြောင်းလဲရေး တွန်းအားများ ဆက်လက် ကျရောက်နေမှာဘဲ ဖြစ်ပါတယ်။
ထိရောက် အောင်မြင်တဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပေး နိုင်မှသာ ဒီတွန်းအားများ လျော့နည်း ပပျောက်သွားပါလိမ့်မယ်။

၃၃။ ၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့မှာ ‘န၀တ’က ဒီမိုကရေစီစနစ် ဖေါ်ဆောင်ပေးပါ့မယ်၊ စီးပွားရေး၊ ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးပါ့မယ်၊
စသည်ဖြင့် ဂတိတွေပေး၊ ကြေညာချက်တွေ ထုတ်ပြီး နိုင်ငံအာဏာ ရယူ ခဲ့ပါတယ်။
ဒါပေမယ့် အာဏာရှင်စနစ်နဲ့ ဆက်ပြီး စခန်းသွားနေတာကြောင့် ဒီမိုကရေစီ တောင်းဆိုသူ အတိုက်အခံ အဖွဲ့အစည်းများနဲ့ နအဖ(န၀တ) အကြား ပဋိပက္ခအသွင် ဆောင်လာပြီး
နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုမရှိတဲ့ နိင်ငံ၊ (Failed State) ဘ၀ကို ယနေ့ ရောက်ခဲ့ရပါပြီ။
နအဖကလည်း တရုပ်နဲ့ ရုရှကို အဖေကယ်ပါ၊ အမေကယ်ပါ လုပ်သလို့ ဒီမိုကရေစီစနစ် တောင်းဆိုကြသူများကလည်း အမေရိကန်နဲ့ သူ့အဖွဲ့သားများကို ကယ်ကြပါဦး၊
ဆောင်ရွက်ပေးကြပါဦးလို့ ပြောနေကြရတဲ့ အဖြစ်ပါ။ အဲဒီ Failed State ဘ၀ ရောက်ရခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ လက်ရှိတွန်းအားများအပြင် ပြင်ပရပ်ဝန်းမှာ ရှိသူများရဲ့
ဖိအားများ ပေါ်ပေါက် လာရပါတယ်။

၃၄။ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊၊ ကလေးစစ်သားပြဿနာ၊ အတင်းအကြပ် လုပ်အားပေးစေခိုင်းမှု ပြဿနာ၊ ရွေ့ပြောင်းနေထိုင်ကြရသူများအရေးနဲ့ ဒုက္ခသည် ပြဿနာ၊
စသည့် ပြဿနာများကို ဖြေရှင်းပေးဖို့၊ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို လေးစားဖို့၊ အကျဉ်းကျခံနေရတဲ့ အတိုက်အခံ နိုင်ငံရေးသမားများကို လွှတ်ပေးဖို့၊ အားလုံးပါဝင်တဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများကို ဆောင်ရွက်ဖို့ စတဲ့ အကြောင်း အရာများက နအဖအပေါ် သက်ရောက်နေတဲ့ ဖိအားများ ဖြစ်နေပြီး ထိရောက်တဲ့ ခေါင်းဆောင်မှုနဲ့
ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စတဲ့ အချက်များကလည်း အတိုက်အခံ အဖွဲ့အစည်းများအပေါ် ကြရောက်နေတဲ့ ဖိအားများ ဖြစ်ပါတယ်။

၃၅။ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်များမှာ သြဇာလွှမ်းမိုးနေတဲ့ အစိုးရများ၊ နိုင်ငံစုံ စီးပွားရေး ကော်ပိုရေးရှင်း ကြီးများ၊ အပြည်ပြည်ဆိုင်ရာ လူမှုဂရုဏာ အဖွဲ့အစည်းများ၊
အပြည်ပြည်ဆိုင်ရာ စံနှုန်းများအပေါ် အစိုးရများရဲ့ လိုက်နာဆောင်ရွက်မှုများအား ဖေါ်ထုတ်တင်ပြကြတဲ့ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာ့နိုင်ငံရေး စီးပွားရေး
ပြုပြင်ပြောင်းလဲမှုများအတွက် အရေးဆိုပေးနိုင်အောင် ဖွဲ့စည်းထားကြတဲ့ ကင်ပိန်း အဖွဲ့အစည်းများ၊ နိုင်ငံရေး/ စီးပွားရေး/ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတရား၊ အယူအဆ၊ သီအိုရီတွေ
ဖေါ်ထုတ် နေကြတဲ့ ကမ္ဘာ့တက္ကသိုလ်ကြီးများကို မြန်မာ့နိုင်ငံရေးလောကရဲ့ ပြင်ပရပ်ဝန်းမှာ အခြေချနေသူများ သတ်မှတ်နိုင်ပါ တယ်။
သူတို့ တစ်တွေဟာ ပြင်ပရပ်ဝန်းထဲမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်နိုင်စွမ်း ရှိသလို မြန်မာ့နိုင်ငံရေး လောကကို သက်ရောက်နေတဲ့
ဖိအားများကိုလည်း အတိုးအလျော့ လုပ်နိုင်စွမ်း ရှိပါတယ်။ မြန်မာ့နိုင်ငံရေးလောကထဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတာ မဟုတ်ပေမယ့် သူ့နည်း သူ့ဟန်နဲ့ မြန်မာ့နိုင်ငံရေးလောကထဲက
Players များ အပေါ်၊ မြန်မာ့နိုင်ငံရေးလောက တစ်ခုလုံး အပေါ် ဖိအားများ၊ အထောက်အပံ့ အကူအညီများ ပေးစွမ်းနိုင်သူတွေ ဖြစ်ကြပါတယ်။

၃၆။ မြောက်အမေရိက၊ ဥရောပ၊ သြစတြေးလျနဲ့ အရှေ့တောင်အာရှရှိ ဒီမိုကရေစီထွန်းကားနေတဲ့ နိုင်ငံတွေက အစိုးရများကို လက်ရှိ ပြုပြင်ပြောင်းလဲရေး တွန်းအားများအပေါ်
အပြုသဘောဆောင်သူများ၊ နအဖအပေါ် ဖိအား ပေးနေသူများ အဖြစ် မြင်တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာကလည်း ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီစနစ် ထွန်းကားရေးဟာ အမေရိကန်နဲ့
သူ့အဖွဲ့သားများရဲ့ အခြေခံကျတဲ့ အမျိုးသားရေး အကျိုးစီးပွား ဖြစ်ပါတယ်။ ဒါပေမယ့် ရုရှ၊ တရုပ်တို့နဲ့ ယှဉ်ပြိုင်နေတဲ့ပွဲမှာ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အခြေအနေနဲ့ ဒေသတွင်း
အင်အားချိန်ခွင်လျှာ ထိန်းညှိရေးတို့က သူတို့အတွက် ပိုမိုဦးစားပေးစရာ ဖြစ်နေကြပြီ။ ဒီအတွက်ကြောင့် အတိုက်အခံ အဖွဲ့အစည်းများ ထံက သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေး
ရလဒ်တွေကို မမြင်မတွေ့ နိုင်တော့ဘူးလို့ ယူဆလာခဲ့ရင် စစ်အုပ်စုနဲ့ ပိုမိုထိတွေ့ဖို့ ဦးတည်ကြလိမ့်မယ်လို့ ယူဆမိပါတယ်။

၃၇။ ၂၀၀၈ခုနှစ် လူထုဆန္ဒခံယူပွဲအပြီးမှာ နအဖနဲ့ ပိုမိုထိတွေ့ဆက်ဆံရေး လမ်းကြောင်းကို ဦးတည်လာခဲ့ခြင်းက ဒီအချက်က အထက်ပါ ယူဆချက်ကို သက်သေပြ နေပါတယ်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရမှုအပေါ် ပြန်လည်တိုးမြင့်လာတဲ့ အနောက်အုပ်စုရဲ့ ဖိအားများဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ စခန်းသွားရတော့မယ့်
မြန်မာပြည်အတွက် နောက်ဆုံးပိတ် ဈေးဆစ်ပေးတဲ့သဘောလို့ ယူဆမိပါတယ်။ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ၊ အတိုက်အခံ အဖွဲ့အစည်းများက ယနေ့ အခြေအနေကို အကျိုးရှိအောင်
အသုံးမချနိုင်ရင် နအဖနဲ့ ပိုမိုထိတွေ့ ဆက်ဆံရေး လမ်းကြောင်းကို ပြန်ရောက်သွားမှာ မလွဲဧကန် ဖြစ်မယ်လို့ ယုံကြည်မိပါတယ်။

၃၈။ ရုရှအစိုးရနဲ့အတူ အိမ်နီးနားချင်းတွေဖြစ်တဲ့ တရုပ်၊ အိန္ဒိယနဲ့ အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နဲ့ လာအို အစိုးရ များ ကတော့ ပြုပြင်ပြောင်းလဲရေး တွန်းအားများ အပေါ်မှာ မသိကျိုးကျွံ
ပြုနေသူများ အဖြစ် မြင်တွေ့ နေရပါတယ်။ တရုပ်နဲ့ ရုရှနိုင်ငံများရဲ့ မြန်မာပြည်အပေါ် သဘောထားကို ကြည့်ရင် သူ့တို့ရဲ့ အမျိုးသားရေး အကျိုးစီးပွားအတွက် အထောက်အကူ ဖြစ်စေမယ့်
အခြေအနေတစ်ခု မြန်မာပြည်မှာ ဖြစ်ထွန်းနေဖို့က ဦးစားပေး ဖြစ်ပြီး နအဖဟာ ဒီအခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထားပေးနိုင်သူလို့ ယူဆ ထားတဲ့အတွက် စစ်အစိုးရကို
ကျောထောက် နောက်ခံ လုပ်ပေးနေတဲ့ အခြေအနေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် နအဖ စစ်အစိုးရ အခက်အခဲ မတွေ့ရလေအောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒိုင်သူကြီးအလုပ်ကို ဟန့်တား ပိတ်ပင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၀
ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာပြီးတဲ့နောက် NLD ရုံးချုပ်ကို အရင်ဆုံး ရောက်လာပြီး ဂုဏ်ပြု စကားပြောခဲ့တဲ့ သံတမန်ဟာ တရုပ်သံရုံးကဆိုတာ မေ့ထားလို့မရပါဘူး။ ဆိုလိုတာက
တရုပ်၊ ရုရှအစိုးရ များဟာ ပြည်တွင်း နိုင်ငံရေးအင်အား ချိန်ခွင်လျှာကို ကြည့်ပြီး သူတို့ရဲ့ အမျိုးသားရေး အကျိုးစီးပွား အတွက် အလုပ်လုပ်ကြပါလိမ့်မယ်။ စစ်အာဏာရှင်များကို မျက်စိမှိတ်ပြီး
တသက်လုံး ထောက်ခံကြမယ့်သူများ မဟုတ်ပါ။ အတိုက်အခံများမှ အင်အားချိန်ခွင်လျှာ ပြောင်းအောင် စွမ်းဆောင်ပြနိုင်ရင် အတိုက်အခံများထံ လာရောက် ချဉ်းကပ်ကြမည့်သူများ ဖြစ်ပါတယ်။

၃၉။ ပြင်ပရပ်ဝန်းထဲမှာ အထက်က ဖေါ်ပြခဲ့တဲ့ အစိုးရများ၊ အဖွဲ့အစည်းများအပြင် မြန်မာ့ နိုင်ငံရေးလောကရဲ့ အခြေအနေများအပေါ် သြဇာလွှမ်းမိုးပြီး မြန်မာ့နိုင်ငံရေးလောကထဲက
Players များ လိုက်နာကျင့်သုံးရမယ့် ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်စွမ်းရှိသူ အဖွဲ့အစည်းများလည်း ရှိနေပါသေးတယ်။ ဒိုင်သူကြီးများလို့ ဆိုပါရစေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊
အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC)၊ အာဆီယံအဖွဲ့ စတာတွေဖြစ်ပါတယ်။ ပြင်ရပ်ဝန်းအတွင်းက ဒိုင်သူကြီးများရဲ့ ကဏ္ဍကို လေ့လာရင် လုံခြုံရေး ကောင်စီကို တင်ပြနေတဲ့ စစ်အစိုးရ
အပေါ် နည်းလမ်း အသီးသီးနဲ့ ပိတ်ဆို့အရေးယူရေး တောင်းဆိုမှုတွေ၊ စစ်အာဏာရှင် တစ်စုရဲ့ လူ့အခွင့်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းအရာများ အပေါ်
စနစ်တကျ ကျူးလွန်ဖေါက်ဖျက်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC) ကို တင်ပြရန် ပြင်ဆင်နေကြခြင်းများဟာ ဒိုင်သူကြီးဖြစ်သူရဲ့ အဆုံးအဖြတ် ကြောင့်
မြန်မာ့နိုင်ငံရေး လောကအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဘက်တော်သားများအတွက် အရေးသာစေဖို့ ကြိုးပမ်းမှုများ ဖြစ်ပါတယ်။

၄၀။ ယနေ့လက်ရှိအခြေအနေမှာ လုံခြုံရေးကောင်စီနဲ့ (ICC) တို့ထံ တင်ပြဖို့ အကြောင်းအရာကောင်းတွေ စုမိနေပါပြီ၊ ဒါပေမယ့် တရုပ်နဲ့ ရုရှရဲ့ ဗီတိုအာဏာသုံး စွက်ဖက်မှု
လွတ်ကင်းမှသာ ဒိုင်လူကြီးတွေ အလုပ်လုပ်နိုင်မှာ ဖြစ်လို့ အတိုက်အခံ အဖွဲ့အစည်းများ အနေနဲ့ ဒီလမ်းကြောင်းက ပေါ်ထွက်လာမယ့် ရလဒ် အတိုင်းအဆကို တွက်ဆဖို့ လိုမှာဖြစ်ပါတယ်။
အသေအချာ ပြောနိုင်တာက လုံခြုံရေးကောင်စီ သို့မဟုတ် ICC က နအဖအပေါ် အရေးယူမှုများ ပေါ်ပေါက်လာခဲ့ရင်၊ ဒီမိုကရေစီလိုလားသူ Players များအတွက် ကြီးစွာသော အထောက်အပံ့
တစ်ခုတော့ ဖြစ်လာမှာ အသေအချာပါ၊ ဒါပေမယ့် ဒီနည်းလမ်းနဲ့ ကြိုးစားမှုများဟာ ပြင်ပရပ်ဝန်း ထဲမှာ ဖြစ်ပျက်နေတာ ဖြစ်ပြီး မြန်မာဒီမိုကရေစီ တိုက်ပွဲအတွက် အဆုံးအဖြတ် ဖြစ်လာဖို့
အလွန်ခဲယဉ်းလှပါတယ်။ ဘောလုံးစကားနဲ့ ပြောရရင် စစ်အစိုးရကို အနီကဒ်၊ အ၀ါကဒ်သာ ပြနိုင်မှာ ဖြစ်ပြီး ဒီမိုကရေစီလိုလားသူ မြန်မာ့နိုင်ငံရေး လောကအတွင်းက Players များက အနိုင်ဂိုး
မသွင်းနိုင်ပဲနဲ့ ပြိုင်ပွဲမှာ အနိုင် မရနိုင်ပါ။

၄၁။ ယခု Model အရ ကြည့်ရင် သူတို့ ပါဝင်မှုများဟာ ကျနော်တို့ရဲ့ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုမှာ တွန်းအားများ အားကောင်း၊ အားလျော့စေဖို့၊ ဖိအားများ အတိုး၊ အလျော့
ဖြစ်စေဖို့၊ ဒိုင်သူကြီးများထံမှာ မြန်မာ့ဒီမိုကရေစီ ဘက်တော်သားများအတွက် သက်သေလိုက်တာ၊ လျှောက်လဲချက် ပေးတာ၊ အဟန့်အတား လုပ်တာများကို ဆောင်ရွက်ပေးနိုင်သူများ
ဖြစ်ပါတယ်။ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် တကယ် အလုပ်လုပ်ရမယ့် မြန်မာ့နိုင်ငံရေး လောကထဲက Players များ မဟုတ်ပါ၊ တနည်းအားဖြင့် ပရိသတ်များသာ ဖြစ်ပါတယ်။ နိုင်ငံ ပြုပြင်
ပြောင်းလဲရေး တကယ်ဖြစ်ဖို့ တာဝန်ရှိသူ၊ အမှန်တကယ် ဆောင်ရွက်နိုင်သူများက မြန်မာ့နိုင်ငံရေး လောက ထဲမှာသာ ရှိပါတယ်။

ပြင်ပရပ်ဝန်းနဲ့ ပတ်သက်လို့ ပေါ်လာတဲ့ အတွေးအမြင်များ

(က) ပြင်ပရပ်ဝန်းထဲက ဖိအားများကို လူထုတော်လှန်ရေးရဲ့ အဆင့်တိုင်းမှာ အထောက်အကူရစေဖို့ ဦးတည်ပြီး ထိရောက်စွာ အသုံးချ နိုင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့်
လူထုတော်လှန်ရေး အဆင့်(၂)၊ တစ်နိုင်ငံလုံးက လူထုတန်းစားအစုံ ပူးပေါင်းပါဝင်လာစေခြင်းနဲ့ အဆင့်(၃) တပ်မတော်က လူထုနဲ့ ပူးပေါင်း ပါဝင်ခြင်းများ ဖြစ်လာဖို့အတွက် ပြင်ပရပ်ဝန်းက
ဖိအားများကို အထောက်အကူ ဖြစ်စေအောင် အသုံးချနိုင်ရပါမယ်။
(ခ) အကြောက်တရားအောက်မှာ နေထိုင်နေရတဲ့ လူထုအနေနဲ့ အားကိုးရှာကြမှာ သဘာဝတစ်ခုပါ။ အဲဒီ အခြေအနေမှာ အပြည်ပြည်ဆိုင်ရာ ဖိအားများကို လိုတာထက် ပိုပြီးအမွန်းတင်ခြင်း၊
မျှော်လင့်ချက်များ အလွန်အကျွံပေးခြင်းက အားကိုးရှာနေရတဲ့ လူထုကို ဖိအားများအပေါ် မှီခိုမှု အလွန်အကဲ လာစေပြီး ကိုယ်တိုင် ကြိုးပမ်းအားထုတ်ရမည့် အရေးမှာ အားလျော့သွားနိုင်ပါတယ်။
ဒီအချက်က လူထုတော်လှန်ရေး အဆင့်(၂)တွေ ဖြစ်လာစေရေးမှာ အဟန့်အတားများ ဖြစ်လာပါလိမ့်မယ်။ ဒီ့အတွက်ကြောင့် ဖိအားများနဲ့ ပတ်သက်တဲ့ သတင်းစကား Message တွေ လူထုထံ
အသိပေးကြတဲ့အခါ လူထုပါဝင်လှုပ်ရှားမှုအတွက် ခွန်အားဖြစ်စေမယ့် ပုံစံနဲ့ အသိပေးခြင်းက လူထုတော်လှန်ရေး အဆင့်တွေ မြင့်တက်လာစေဖို့ အထောက် အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။
(ဂ) နအဖစစ်အာဏာရှင်များရဲ့ တပ်မတော်အတွင်း ၀ါဒဖြန့်ချီမှု ပြုလုပ်ရာမှာ ဖိအားများနဲ့ ပတ်သက်ပြီး ပြည်ပ နိုင်ငံများရဲ့ မြန်မာပြည်၏ အချုပ်အခြာကို ထိပါးမှုအဖြစ် ပုံစံပြောင်း
အသိပေးကြပါတယ်။ ဘယ်နိုင်ငံမှာ မဆို တပ်မတော်ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ဆိုတဲ့ ခံယူချက်ကို စံတစ်ခုအနေနဲ့ ထားကြတာမို့ နအဖ စစ်အာဏာရှင် များရဲ့
ပုံစံပြောင်း ၀ါဒဖြန့်ချက်ဟာ တပ်မတော်အတွင်းမှာ အတိုင်း အတာ တစ်ခုအထိ ခရီးရောက်ပါတယ်။ ရလဒ်ကတော့ လူထုတော်လှန်ရေးအတွက် အဆုံးသတ် အဆင့်ဖြစ်တဲ့ တပ်မတော်ရဲ့
ပူးပေါင်းပါဝင်မှုမှာ အဟန့်အတား ဖြစ်စေရပါတယ်။
(ဃ) ဒီမိုကရေစီဘက်တော်သားများအနေနဲ့ တပ်မတော်ကို အသိပေးရာမှာ တွန်းအားများ Driving Forces နဲ့ ဖိအားများ Pressures ကို ခွဲခြား မြင်သာအောင် ဆောင်ရွက်ပေးဖို့ လိုပါမယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး တွန်းအားများက ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များကို အခြေခံလို့ သူ့ခေတ်နဲ့ အကောင်းဆုံးလို့ ယူဆထားတဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
အတွေးအခေါ်များ၊ တွန်းအားများ ဖြစ်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တပ်မတော်အပါအ၀င် နိုင်ငံရေးပါတီများ၊ တိုင်းသူပြည်သားများ အားလုံးရဲ့ အလုပ် ဖြစ်ကြောင်းနဲ့ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေး တွန်းအားများကို တပ်မတော်အတွင်းမှာ အကောင်းမြင်စေဖို့ ပိုမိုကြိုးစား ဆောင်ရွက်ကြရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
(င) ဖိအားများနဲ့ပတ်သက်ပြီးတော့ တပ်မတော်ကို အသိပေးသင့်တာက အဲဒီ ဖိအားများ ဖြစ်ပေါ်လာရခြင်းဟာ နအဖ စစ်အာဏာရှင်တစ်စုရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှု၊ အာဏာကို မလွှတ်တမ်း
ချုပ်ကိုင်ထားမှုများကြောင့် ဗိုလ်သန်းရွှေ့နဲ့ လက်တစ်ဆုပ်စာ သူ့နောက်လိုက်များအပေါ် ကွက်ကွက်လေး ကျရောက်နေတာ ဖြစ်ကြောင်း တပ်မတော်တစ်ခုလုံး ပိုမိုသိရှိလာသင့်ပါပြီ။ သို့မှသာ
စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် တပ်မတော်မှာ တာဝန်ရှိကြောင်းနဲ့ နအဖ စစ်အာဏာရှင် လက်တစ်ဆုပ်စာသည် တိုင်းပြည်ရဲ့ အဟန့်အတားများ ဖြစ်ကြောင်း
တပ်မတော်သားများ ပိုမိုသိရှိ နားလည်လာကြပါမယ်။ ဒီအချက်များ တပ်မတော်အတွင်း ပိုမိုနားလည်လာကြလေ လူထုတော်လှန်ရေးရဲ့ အဆင့်(၃)ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း ပိုမို
များပြားလာလေ ဖြစ်ပါလိမ့်မယ်။
(စ) အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC) ကနေ နအဖ စစ်ခေါင်းဆောင်များကို တစ်ဦးခြင်းစီ ဖိအားပေးခြင်းဟာ တပ်မတော်အတွင်း ပြုပြင်ပြောင်းလဲလိုသူ မြန်မာပြည်ရဲ့ ဗိုလ်ချုပ်ကြီး
ရာမိုစ့် အလောင်းအလျာများအတွက် အားတက်စရာ ဖြစ်စေပါလိမ့်မယ်။ တဖက်ကလည်း ဗိုလ်သန်းရွှေရဲ့ နောက်လိုက် လုပ်လိုသူများ အတွက်လည်း ထိရောက်တဲ့ သတိပေးချက် ဖြစ်လာမှာမို့
ICC လမ်းကြောင်း သည် တစ်ကမ္ဘာလုံးက မြန်မာတွေအနေနဲ့ အားကုန်ထုတ် ကြိုးပမ်းသင့်တဲ့ လုပ်ငန်းတစ်ခုပါ။ ICC လမ်းကြောင်း ပီပြင်လာစေဖို့ လုံခြုံရေးကောင်စီက ကော်မရှင်တစ်ရပ်ဖွဲ့
စည်းကာ မြန်မာ့အရေး စုံစမ်း စစ်ဆေးဖို့ တောင်းဆိုခြင်းများကို အရှိန်အဟုန် မြင့်လုပ်ဆောင်သင့်တဲ့ အချိန်အခါ ရောက်နေပါပြီ။

၄၂။ ဆောင်းပါး ဒုတိယအပိုင်းကို အဆုံးသတ်ရရင် မြန်မာ့ဒီမိုကရေစီအရေးအတွက် လူထုအားနဲ့ တော်လှန်ရာမှာ လူထုကြီးတစ်ရပ်လုံးက တက်ကြွစွာ ပါဝင်လာကြမည့် လူထုတော်လှန်ရေး
အဆင့် (၂)နဲ့ တပ်မတော်မှ ပါဝင်ပူးပေါင်း လာမည့် လူထုတော်လှန်ရေး အဆင့် (၃) တို့အတွက် ပြင်ပရပ်ဝန်းမှာ ရှိနေတဲ့ ဖိအားများက အထောက်အပံ့ ပေးနိုင်ပုံများနဲ့ အဟန့်အတား ဖြစ်နိုင
်ပုံများကို တင်ပြခြင်း ဖြစ်ပါတယ်။ ဖိအားများနဲ့ ပတ်သက်ပြီး လူထုအတွင်း ဖိအားများအပေါ် အမှီအခိုဖြစ်နေမှု (Dependency) လျော့နည်းအောင်၊ နအဖက သူ့အပေါ်ကျရောက်လာတဲ့ ဖိအား
များကို တပ်မတော်တစ်ခုလုံးအပေါ် ပုခုံးပြောင်းပေးနေခြင်းကို တပ်မတော်အတွင်းမှ လက်မခံကြဖို့၊ လူထုနဲ့ ပိုမိုနားလည်မှု ရှိလာဖို့ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အကြံပြု တိုက်တွန်းခြင်း
ဖြစ်ပါတယ်။ အထက်ဖေါ်ပြပါ Model မှာ ပါရှိတဲ့ မြန်မာ့နိုင်ငံရေး လောကနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်မှုကို ဆောင်းပါး တတိယအပိုင်းအဖြစ် ဆက်လက်တင်ပြ သွားပါ့မယ်။ အသံညီပြီး
အလုပ်တူကြဖို့ အမြင်တူပြီး အတွေးညီကြရအောင်။

၄၃။ ယခုဆောင်းပါးရဲ့ ပထမပိုင်းကတော့ လူထုအားကို အသုံးပြုပြီး အာဏာရှင်စနစ်ကို တော်လှန်ကြရာမှာ အဆင့်(၃) ဆင့်ကို
ကျော်ဖြတ်နိုင်ဖို့ လိုအပ်ကြောင်းနဲ့ ယနေ့အချိန်အထိ အာဏာရှင်စနစ်ကို ဖြုတ်မချနိုင်ရတဲ့ အကြောင်းအရင်းများကို လေ့လာတင်ပြ
ခဲ့ပါတယ်။ နိုင်ငံ့အရေး၊ ဒီမိုကရေစီအရေးများမှာ တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြဖို့၊ လူထုရဲ့ စိုးရိမ်ကြောင့်ကြမှုများကို လျော့ချနိုင်ဖို့၊
တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု ရယူနိုင်ဖို့၊ စသည့်ကဏ္ဍများရဲ့ အရေးကြီးပုံများကို အဓိကထား တင်ပြခဲ့ပါတယ်။

ဆောင်းပါး ဒုတိယအပိုင်းမှာတော့ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းတစ်ခုလုံးကို အတွေးပုံစံတစ်ခုနဲ့ ခင်းကျင်းတင်ပြခဲ့ပြီး မြန်မာ့နိုင်ငံရေး
လောကရဲ့ ပြင်ပ ရပ်ဝန်းက နိုင်ငံပြုပြင်ပြောင်းလဲရေး တွန်းအားတွေ၊ မြန်မာ့နိုင်ငံရေး လောကထဲက Players အသီးသီးအပေါ် ကျရောက်
နေတဲ့ ဖိအားတွေကို လူထုတော်လှန်ရေး ဖြစ်စဉ်အဆင့် (၂)နဲ့ (၃)အတွက် အကျိုးရှိစေရန်၊ အဟန့်အတား မဖြစ်စေရန်၊ လေ့လာ
တင်ပြခဲ့ပါတယ်။

ယခု တတိယအပိုင်းမှာတော့ မြန်မာ့နိုင်ငံရေးလောကရဲ့ အဓိက Player ဖြစ်တဲ့ န၀တ/ နအဖရဲ့ လုပ်ရပ်များကို ဗဟိုပြုလေ့လာပြီး လူထု
တော်လှန်ရေး ဖြစ်စဉ်အဆင့်ဆင့် ဖြစ်ပေါ်အောင်မြင်စေရေး အတွက် န၀တ/နအဖအပေါ် တန်ပြန်ဆောင်ရွက် သင့်တာများကို လေ့လာတင်ပြသွားပါမယ်။



န၀တ / နအဖ

၄၄။ န၀တ/နအဖရဲ့ အာဏာရှင်စနစ်နဲ့ အုပ်စိုးနေတဲ့ အနှစ်(၂၀)ကျော် ကာလအတွင်း သူ့ရဲ့ ထုတ်ပြန် ကြေညာချက်များ၊ ဥပဒေများကို ကြည့်ရင်
သူ့ရဲ့ ဒီမိုကရေစီ အရေခြုံ အာဏာရှင် အကျင့်စရိုက်နဲ့ လုပ်ရပ်များအပြင် ကိုယ်ပေးတဲ့ ဂတိနဲ့ ကိုယ်ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်များ ကိုယ်တိုင် ပြန
်လည်ချိုးဖောက်နေတဲ့ အဖွဲ့အစည်းအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၁၈-၉-၁၉၈၈)ရက်နေ့မှာ ကြေညာချက် ၁/၈၈ နဲ့ ဒီမိုကရေစီနည်းကျ ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပေးပါမယ်လို့ ဂတိပြု၊ ကြေညာချက်
၂/၈၈ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံပါ State Institutions များကို ဖျက်သိမ်း ကြောင်း ကြေညာပြီး န၀တ အာဏာသိမ်းခဲ့ပါတယ်။

နိုင်ငံရေး၊ စီးပွားရေးစနစ်တွေ ပြုပြင်ပြောင်းလဲဖို့၊ ကြားဖြတ် အစိုးရ ဖွဲ့စည်းပေးဖို့ တောင်းဆိုနေတဲ့ လူထုကို လက်နက်အားကိုးနဲ့ နှိမ်နင်းခဲ့ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ စသည့် ဥပဒေများကို
ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ပြီးရင် အာဏာ လွှဲအပ်ပေးပါ့မယ်လို့ နှုတ်ဂတိတွေ အထပ်ထပ် ပေးကြပါတယ်။

ဒီလိုနဲ့ပဲ ၁၉၉၀ခုနှစ် မေလ ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့ပြီး အနိုင်ရပါတီ NLD ပေါ်ထွက်လာခဲ့သလို လူထုက ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စား
လှယ်များ လည်းပေါ်ထွက်လာပါတယ်။



၄၅။ ရွေးကောက်ပွဲရလဒ်ကို မြင်တွေ့ပြီးတဲ့နောက် စစ်အာဏာရှင်တစ်စု လေသံတွေ ပြောင်းလာခဲ့ပါပြီ။ ဗိုလ်စောမောင် တစ်ယောက် မြန်မာပြည်ရဲ့
ရာမိုစ့် လုပ်နိုင်တဲ့ အခွင့်အရေး လက်ဝယ်ရနေတာကို လျစ်လျူရှုလိုက်ပြီး ဗိုလ်နေ၀င်း လမ်းကြောင်းကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရက်ပေါင်း (၆၀)အကြာ (၂၇-၇-၁၉၉၀) ရက်နေ့မှာ ကြေညာချက် ၁/၉၀ ကို န၀တက ထုတ်ပြန်ကြေညာပါတယ်။ ရှေ့က ပေးထားခဲ့တဲ့ ဂတိစကားများကို
မပြောခဲ့သလို နေလိုက်ကြပါတယ်။ ပထမအကြိမ် ဂတိမတည်ခြင်းပါ။

ကြေညာချက်အရ တိုင်းပြည်ရဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာ သုံးရပ်စလုံးကို န၀တက ဆက်လက် စွဲကိုင်ထားမယ်။ အာဏာလွဲမ
ပေးနိုင်ဘူး၊ ခေါ်ယူပေးရမယ့် လွှတ်တော်နဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များရဲ့ အလုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ဖြစ်တယ်လို့
တရားဝင် ပြောလိုက်ခြင်းပါ။

ကြေညာချက်ရဲ့ အပိုဒ် (၁၂)နဲ့ ပြည့်သူ့လွှတ်တော် ခေါ်ပေးမည့်အကြောင်း ဂတိ ပေးထားပေမယ့် အချိန်ဇယား ဖေါ်ပြထားခြင်း မရှိပါဘူး။



၄၆။ န၀တရဲ့ ၁/၉၀ ကြေညာချက်ထွက်အပြီး ၂ရက်အကြာမှာ NLD က ဂန္ဒီခန်းမကြေညာစာတမ်းကို ထုတ်ပြန် ကြေညာပါတယ်။ ဆိုလိုရင်းကတော့
ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရမယ်ဆိုတဲ့ န၀တ ၁/၉၀ ပါ အချက်ကို လက်ခံတယ်၊ သို့သော် လွှတ်တော်၏ အာဏာစက်ရှိဖို့နဲ့
ကိုယ်စားလှယ်များ အချုပ်အချယ် လွတ် ကင်းစွာနဲ့ ဆောင်ရွက်နိုင်တဲ့ ဒီမိုကရေစီအခြေခံရှိတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့အတွက် အာဏာလွဲပြောင်းမှုရှိမှ ဖြစ်မယ်။
ဒီ့အတွက် NLD က ၁၉၉၀ခုနှစ် ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း) ကို အခြားပါတီများနဲ့ တိုင်ပင် ညှိနိုင်းမယ်၊ န၀တ နဲ့ တွေ့ဆုံဆွေးနွေးအဖြေ
ရှာမယ်။ ယင်း ယာယီဖွဲ့စည်းပုံ ဥပဒေနဲ့ လွတ်တော်ခေါ်ယူခြင်း၊ အစိုးရဖွဲ့စည်းခြင်း နဲ့ အာဏာလွဲပြောင်းမှုလုပ်ရန် အဆိုပြုတဲ့ ကြေညာချက် ဖြစ်ပါတယ်။



၄၇။ လက်နက်အားကိုးနဲ့ အာဏာသိမ်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမရှိပဲ တိုင်းပြည်ကို မာရှယ်လောနဲ့ အုပ်ချုပ် နေတာထက်စာရင် ရွေးကောက်ပွဲအနိုင်ရ
နိုင်ငံရေး ပါတီနဲ့ ညှိနိုင်းကာ ယာယီဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ အုပ်ချုပ်ရေး စနစ်ကို ထူထောင်၊ ပြည်သူ့လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေက
ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို အနှောင်အဖွဲ့ကင်းကင်း၊ ကန့်သတ် ချုပ်ချယ်မှုမပါ လွတ်လပ်စွာ ဆောင်ရွက် နိုင်စေ
မယ့် လမ်းကို န၀တက မရွေးချယ်ခဲ့ပါဘူး။

စက်တင်ဘာလ နောက်ဆုံးထား လွှတ်တော် ခေါ်ပေးဖို့ တောင်းလိုက်တဲ့ NLD ကို စက်တင်ဘာလအတွင်းမှာ NLD ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စာ
းလှယ်များကို ဖမ်းဆီး အရေးယူခြင်း နဲ့ န၀တက တုန့်ပြန်ခဲ့ပါတယ်။ ရလဒ်ကတော့ ယနေ့အထိ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်တဲ့၊ မဖွံ့ဖြိုး မတိုးတက်တဲ့
နိုင်ငံတစ်ခု အဖြစ်ဆက်လက် တည်ရှိနေခြင်းပါ။ လမ်းရွေးမှားတဲ့ ဗိုလ်စောမောင်တစ်ယောက် မြန်မာပြည်ရဲ့ ရားမိုစ့် မဖြစ်လိုက်ပဲ စိတ္တဇရောဂါဖြစ်ကာ
မထင်မရှား ဇာတ်သိမ်းပါတယ်။



၄၈။ (၂၄-၄-၁၉၉၂) ရက်နေ့မှာ န၀တက ကြေညာချက် ၁၁/၉၂ နဲ့ ပြည်သူ့လွှတ်တော်နေရာမှာ အမျိုးသား ညီလာခံကို အစားထိုး လိုက်ပါတယ်။
သူထုတ်ပြန် ကြေညာခဲ့တဲ့ ၁/၉၀ ကြေညာချက်နဲ့ များစွာ ကွဲလွဲသွားပါပြီ။ ဒုတိယအကြိမ် ဂတိ မတည်ခြင်းပါ။

ညီလာခံ ကိုယ်စားလှယ် ၇၀၂ဦးမှာ ရွေးကောက်တင်မြောက်ထားသူ ၁၀၇ ဦးနဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ် ၄၉ဦး ကလွဲလို့ ကျန်တဲ့ ၅၄၄ဦး (၇၈%)
ကို န၀တက ရွေးချယ်ထားတာ ဖြစ်ပါတယ်။

ဒုတိယ အချက်က အမျိုးသား ညီလာခံမှာ ဆွေးနွေးကြတဲ့အခါ လိုက်နာကြရမယ့် ရည်ရွယ်ချက် (၆) ခုကို န၀တက ကြိုတင်စည်းကမ်းချက်များအဖြစ်
ချမှတ်ထားခြင်း ဖြစ်ပါတယ်။ လူထုက ရွေးချယ်ပေးလိုက်တဲ့ လူထု ကိုယ်စားလှယ် များက လူထုအကျိုးအတွက် လူထုဆန္ဒနဲ့အညီ လွတ်လပ်စွာ ဆောင်
ရွက်ခွင့်ကို ဘောင်ခတ်လိုက် ခြင်းပါ။ ဒီမိုကရေစီ တန်ဖိုးများကို ထင်ထင်ရှားရှား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါတယ်။

န၀တ ကြေညာချက် ၁/၈၈ နဲ့ ဖေါ်ပြခဲ့တဲ့ ဒီမိုကရေစီစနစ် ထူထောင်ပါ့မယ့် ဆိုတဲ့ အချက်ကို အခြေခံကျကျ ဖေါက်ဖျက်လိုက်ခြင်း ဖြစ်ပါတယ်။ အပြော
တစ်မျိုး အလုပ်တစ်မျိုးဇာတ်လမ်း ပီပြင်လာပါပြီ။



၄၉။ ဒီ့အပြင် အမျိုးသားညီလာခံကို စိတ်တိုင်းကျ ချယ်လှယ် နိုင်စေမယ့် အချက်တွေကိုလည်း ကျင်းပခြင်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများမှာ အကြံ
အစည်ရှိရှိ ထည့်သွင်းထား ပါတယ်။ ဥပမာ အစည်းအဝေးကို (၂)ရက် ပျက်ကွက်သူ ကိုယ်စားလှယ်အား ညီလာခံက ထုတ်ပယ်ဖို့ ကျင်းပရေး ကော်မတီ
က စဉ်းစား ဆုံးဖြတ်နိုင်တာ၊ ညီလာခံမှာ ဆွေးနွေး ညှိနိုင်းကြတာတွေကို ပြင်ပမှာ ပြောခွင့်မပြုတာ၊ စတဲ့အချက်များ ဖြစ်ပါတယ်။

တိုင်းပြည်နဲ့ လူထုအရေး ဆွေးနွေးမှု များကို လူထုက လွတ်လပ်စွာ သိခွင့်မရတဲ့ အခြေအနေပါ။ ညီလာခံရဲ့ စုဖွဲ့မှုပုံစံကလည်း န၀တ စိတ်တိုင်းကျ ချယ
်လှယ်နိုင်ဖို့ ဖန်တီးထားတဲ့ ပုံစံတစ်ခု ဖြစ်ပါတယ်။

ညီလာခံရဲ့ အစုအဖွဲ့ (၇)ခုမှာ ရွေးကောက်ခံ ကိုယ်စားလှယ် များနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် များကို တစ်စုထားပြီး ကျန် ကိုယ်စားလှယ်များကို (၆)
စုခွဲ နေရာချ ထားခြင်းဖြင့် စုံညီအစည်းအဝေးများမှာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အသံအပေါ် န၀တ/ နအဖ လူများရဲ့ အသံနဲ့ လွှမ်းမိုး နိုင်အောင
် စီစဉ်ထားခြင်းပါ။



၅၀။ ၁၉၉၀ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ ပါတီခေါင်းဆောင်များအားလုံးနီးပါးလောက် အဖမ်းခံကြရလို့ NLD ပါတီမှာ ခေါင်းဆောင်ပိုင်း အ
ပြောင်းအလဲများစွာ ဖြစ်ခဲ့ပါတယ်။ ခေါင်းဆောင်မှုအသစ်နဲ့ အတူ အမျိုးသား ညီလာခံကို NLD ကိုယ်စားလှယ်များ တက်ရောက်ခြင်းဖြင့် ဂန္ဒီခန်းမ
ကြေညာစာတမ်းပါ တောင်းဆိုချက်များကို အလျော့ပေးလိုက်ပါတယ်။

၁၉၉၃၊ ဇန္န၀ါရီလမှာ အမျိုးသားညီလာခံ စတင်ပါတယ်။ ပထမဆုံးညီလာခံမှာတင် န၀တရဲ့ ဘောင်ခတ်ထားမှု ပြဿနာတွေ ညီလာခံမှာ စတင်ပေ
ါ်ပေါက်လာပါတယ်။ ဒီမိုကရေစီအခြေခံမရှိတဲ့ အခြေအနေမှာ အာဏာရှင်ရဲ့ စွက်ဖက်မှုအပြည့်နဲ့ ရေးဆွဲရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူထု
ကိုယ်စားလှယ် များ စတင်သဘောပေါက်ခဲ့ကြပါတယ်။

ဒါပေမယ့် ခိုင်းတာအကုန်လုပ်မည့် န၀တ ကိုယ်စားလှယ်က အများစုမို့ ညီလာခံကတော့ တစ်ရွေ့ရွေ့ ချီတက်လျက်ရှိပြီး န၀တ/နအဖ စိတ်တိုင်းကျ
ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အခြေခံ မူများကို ဆက်လက်ပုံဖေါ်ခဲ့ပါတယ်။ စစ်အာဏာရှင် လက်ပါးစေများနဲ့ ညီလာခံအတွင်း အတိုက်အခံဖြစ်ခဲ့တ
ဲ့ ညီလာခံ ကိုယ်စားလှယ်အချို့ကို ညီလာခံပြင်ပမှာ ရာဇ၀တ်ပုဒ်မတပ် အရေးယူတာတွေ မြင်တွေ့လာရပါတယ်။ တိုင်းရင်းသားညီလာခံကိုယ်စားလှယ်အချို့
ပြည်ပသို့ ရှောင်တိမ်းလာခဲ့ပြီး ညီလာခံမှာ န၀တ/နအဖ အကြိုက် ဆောင်ရွက်နေရတာတွေကို ဖေါ်ထုတ်ခဲ့ကြပါတယ်။



၅၁။ ၁၉၉၅ခုနှစ် နိုဝင်ဘာလ၊ ညီလာခံရဲ့ လုပ်ထုံးလုပ်နည်းများကို ပြန်လည် သုံးသပ် ပြင်ဆင်ပေးဖို့၊ ဆွေးနွေးမှု များအား လူထုကို ထုတ်ပြန် အသ
ိပေးရာမှာ အဖြတ်အတောက် ဆင်ဆာမလုပ်ဖို့၊ စစ်အာဏာရှင်တွေနဲ့ ညီလာခံ အတွင်း အတိုက်အခံ ပြောဆိုသူများကို ရာဇ၀တ်ပုဒ်မများတပ်ကာ အရေ
းယူခဲ့ခြင်းများ ဆက်လက်မပြုလုပ်ဖို့ စသည့် အချက်များကို NLD ကိုယ်စားလှယ် များက အရေးဆို ကန့်ကွက်ခဲ့ကြပါတယ်။

န၀တရဲ့ ညီလာခံကော်မရှင်က လိုက်လျောမှုမရှိပဲ ညီလာခံ (၂) ရက် ပျက်ကွက်ခြင်းကြောင့် ညီလာခံက အပြီးအပိုင် ထုတ်ပယ် ကြောင်း ကြေညာ ခဲ့ပါတယ်။
သုံးလခန့်အကြာ ဇွန်လ (၇) ရက်နေ့မှာ န၀တက ဥပဒေအမှတ် ၅/၉၆ ကို ထုတ်ပြန် ကြေညာ လိုက်ပါ တယ်။ အမျိုးသားညီလာခံရဲ့ လုပ်ငန်း တာဝန်တွေအပေါ်
ဆန့်ကျင်ကန့်ကွက်သူများကို ထောင်ဒဏ် (၅)နှစ် ကနေ အနှစ် (၂၀)အထိ အပြစ်ပေးနိုင်ဖို့ စီစဉ်ရေးဆွဲထားတဲ့ ဥပဒေပါ။ တနည်းအားဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံဥ
ပဒေကို န၀တ/ နအဖရဲ့ စိတ်တိုင်းကျ ဖြစ်လာစေဖို့အရေး ကြိုးပမ်းမှုကို လုံးဝလက်လျော့မှာ မဟုတ်ကြောင်း ပြောင်ပြောင် တင်းတင်း ပြသလိုက်တာ ဖြစ်ပါတယ်။
၁/၉၀ ကြေညာချက်မှာ ရွေးကောက်တင်မြောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ရမည့် အလုပ်လို့ အတိအလင်း ဖေါ်ပြထားချက်ကို လစ်လျှူရှု့လိုက်
ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ရေးဆွဲခြင်းသည် နအဖ ရဲ့ အလုပ်ဖြစ်သွားပါပြီ။ တတိယအကြိမ် ဂတိ မတည်ခြင်းပါ။



၅၂။ ၂၀၀၃ခုနှစ်၊ မေလ (၃၀)ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဒီပဲရင်း လုပ်ကြံမှုကြောင့် ရင်ဆိုင်လာရတဲ့ နိုင်ငံတကာ ဖိအား များကို လျောချဖို့ နအဖက လမ်းပြမြေပုံ
(၇)ဆင့်ကို ၂၀၀၃ခုနှစ်၊ သြဂုတ်လမှာ ကြေညာပါတယ်။ ဆိုလိုရင်း ကတော့ တို့ ဒီလမ်းအတိုင်း သွားမယ်။ လိုက်ချင်ရင် လိုက်ကြ၊ တို့ကတော့ အပြောင်းအလ
ဲမရှိဘူး ဆိုတာ အပြတ်ပြော လိုက်တာပါ။

အမျိုးသား ပြန်လည်သင့်မြတ်ရေးဦးတည် ဆောင်ရွက်ဖို့၊ အဲဒီလုပ်ငန်းများမှာ လူစုံ တက်စုံပါနိုင်ဖို့၊ ဒီမိုကရေစီ အခွင့်အရေးများ ပေးဖို့၊ ဒီမိုကရေစီစံနှုန်းများကို
လိုက်နာဖို့ ဆော်သြ တိုက်တွန်း ကြသူများအတွက် အဖြေပေးလိုက်ခြင်းပါ။

အဆင့်(၁) အမျိုးသားညီလာခံကို ပြန်စတော့ လူထုက ဆန္ဒမဲပေး ရွေးချယ် တင်မြောက် ထားတဲ့ ကိုယ်စားလှယ် (၁၃)ဦးနဲ့ ပါတီကိုယ်စားလှယ် (၂၉)ဦး ကို နအ
ဖ ရွေးချယ် ခေါ်ယူ ထားတဲ့ (၁၀၄၄) ဦးနဲ့ ၀ိုင်းရံ ထိန်းချုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကို နအဖ စိတ်တိုင်းကျ ပုံဖေါ်လိုက်ကြတာ ယနေ့မြင်တွေ့နေရတဲ့ ၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အခြေခံရမယ့်မူ၊ အသေးစိတ် အခြေခံရမယ့် မူများ ကို နအဖက ၂၀၀၇ခုနှစ်၊ စက်တင်ဘာလမှာ ထုတ်ပြန်လိုက်ပါတယ်။

လူထုဆန္ဒ ကိုယ်စားပြုနိုင်ခြင်းမရှိတဲ့ စစ်အာဏာရှင်များရဲ့ အလိုဆန္ဒ အတိုင်း ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဆိုင်ရာ အခြေခံမူများ နိုင်ငံရေး မြင်ကွင်းမှာ ပေ
ါ်ပေါက်လာပြီ။



၅၃။ ၂၀၀၇ခုနှစ်၊ အောင်တိုဘာလ (၁၈)ရက်နေ့မှာ နအဖက ကြေညာချက် ၂/၂၀၀၇ ကို ထုတ်ပြန်ကြေညာ ပါတယ်။ ယခင်ကြေညာချက် ၁/၉၀ နဲ့
လုံးဝ ဆန့်ကျင်ဖက် ဖြစ်ပါတယ်။ ၁/၉၀ ကြေညာချက်နဲ့ လွှတ်တော် ခေါ်ယူ ပေးပါမယ်လို့ ဂတိတွေပေး၊ ကိုယ်စားလှယ်များရဲ့ အလုပ်က လွှတ်တော်မှာ အ
ခြေခံဥပဒေ ဆွဲဖို့ပါလို့ ပြောခဲ့ပြီး ယခု ၂/၂၀၀၇ ကတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ မပါ၊ နအဖရဲ့ ရွေးချယ်ဖွဲ့စည်းပေးတဲ့ (၅၄)ဦး နဲ့ ဖွဲ့စည်းပုံ အ
ခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မရှင် ဖွဲ့စည်းခန့်အပ်တဲ့ ကြေညာချက်ပါ။

ဒီမိုကရေစီစနစ်ကို ထူထောင်မယ် ဆိုရင် ဒီမိုကရေစီအခြေခံတွေကို ဆောင်ကြဉ်းပေးနိုင်ရပါမယ်။ လူထုအတွက် လူထုကိုယ်တိုင် လူထုအားနဲ့ ဆောင်ရွက်နိုင
်တဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ပေးဖို့က အစိုးရတစ်ရပ်ရဲ့ တာဝန်ပါ။ နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲလုပ်ရပ် အဆင့်ဆင့်ကို ကြည့်ရင် နအ
ဖအတွက် နအဖကိုယ်တိုင် နအဖအင်အားကို သုံးပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခုအဖြစ် ပုံပေါ်နေတာကို စာဖတ်သူများ မြင်တွေ့နိုင်ပါတယ်။

၁၉၈၈ခုနှစ် န၀တ အာဏာသိမ်းတော့ တပ်မတော်ရဲ့ အစိတ်အပိုင်းအသီးသီးက လက်ခံခဲ့တာ ၁/၈၈ ကြေညာချက်ပါ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ပါ့မယ်
ဆိုတဲ့ အချက်ကြောင့် ဖြစ်ခဲ့ရင် ယခု န၀တ/နအဖ လုပ်ရပ်များကို တပ်မတော်ရဲ့ အစိတ်အပိုင်း အသီးသီးက ယနေ့ ပြန်လည် စဉ်းစားသင့်ပါပြီ။



၅၄။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အချက်(၅) ချက်ပါ အဆိုပြုချက်တစ်ရပ်ကို နအဖ စစ်အာဏာရှင်များထံ ဖွဲ့စည်းပ
ုံ(မူကြမ်း) ရေးဆွဲပြီးသွားလို့ ဆန္ဒခံယူပွဲ မလုပ်မီမှာ အချိန်မီ ပေးအပ်ခဲ့ပါသေးတယ်။

ဒီအချက်တွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲမှုကို NLD အပါအ၀င် ၂၀၀၄ခုနှစ်နောက်ပိုင်း အမျိုးသား ညီလာခံမှာ မပါဝင်နိုင်ခြဲ့ကတဲ့ တိုင်း
ရင်းသား ခေါင်းဆောင်များနဲ့အတူ ပြန်လည်သုံးသပ်ရေးဆွဲဖို့၊ တိတိကျကျ ဖေါ်ပြထားတဲ့ အချိန်ဘောင် တစ်ခု အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့
ဗိုလ်သန်းရွှေတို့ တွေ့ဆုံဆွေးနွေးဖို့၊ စတဲ့ အချက် (၂)ခု ပါဝင်ပါတယ်။

ဒီအဆိုပြုချက်ကို နအဖက ၂၀၀၈ခုနှစ်၊ မတ်လအတွင်းမှာ ပယ်ချလိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတယ်ဆိုတာ လူထုက အာဏာအပ်နှင်း
ထားတဲ့ တရားဝင် အစိုးရတွေကသာ လုပ်ကြရတဲ့ အလုပ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာနယ်ပယ်မှာ လက်ခံထားတဲ့ “စံ” ကို နအဖက မသိကျိုးကျွံပြုလိုက်ကာ
မိမိအစီအစဉ် အတိုင်း ထင်ရာစိုင်းဖို့ ပြင်ဆင်ခဲ့ပါတယ်။



၅၅။ ၂၀၀၈ခုနှစ်၊ ဧပြီလ (၉)ရက်နေ့မှာ ရေးဆွဲပြီးသွားတဲ့ ဖွဲ့စည်းပုံဥပဒေ (မူကြမ်း) ကို အများပြည်သူ ဖတ်နိုင်ဖို့ ထုတ်ဝေဖြန့်ချီပြီး ဆန္ဒခံယူပွဲက
ိုလည်း နောက် (၃၁)ရက် အကြာ မေလ (၁၀)ရက်မှာ ပြုလုပ်မယ့် အကြောင်း နအဖ တဆက်တည်း ကြေညာခဲ့ပါတယ်။

ဒီအခြေခံဥပဒေအကြောင်း ကျယ်ကျယ်ပျံ့ပျံ့ သိရှိနိုင်ဖို့ လုံလောက်တဲ့အချိန် လူထုကို မပေးခဲ့ပါ။ မီဒီယာတွေမှာလည်း အဆိုးအကောင်း၊ အကြောင်း
အကျိုး မျှတအောင် ဖေါ်ပြခွင့်မပြုပဲ ထောက်ခံမဲ ထည့်ရေးကိုသာ နအဖပိုင် မီဒီယာနဲ့ ဆွဲဆောင်ခဲ့ကြပါတယ်။ ကြိုတင်မဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၀န်ထမ်း
မိသားစုများထံက ထောက်ခံမဲကို ဖိအားပေးရယူခဲ့ပြီး၊ မေလ (၂)ရက်နေ့မှာ နာဂစ် မုန်တိုင်းကြောင့် တိုင်းပြည်မှာ မကြုံဘူးလောက်အောင် ဒုက္ခရောက
်နေတဲ့ အချိန်မှာ ဆန္ဒခံယူပွဲကို အတင်းကျင်းပပြီး သူရေးထားတဲ့ ဖွဲ့စည်းပုံကို အများက ထောက်ခံကြပါတယ်လို့ လုပ်ယူလိုက်ပါတယ်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ (၁၄) နှစ်သာ တည်တံ့ လိုက်ပါတယ်။ ယခု ၂၀၀၈ ဖွဲ့စည်းပုံလည်း လူထုဆန္ဒကို ထင်ဟပ်ခြင်း မရှိတာကြောင့် ရေ
ရှည်တည်တံ့မည့် ဖွဲ့စည်းပုံ တစ်ရပ် ဖြစ်မလာမှာ အသေအချာပါ။



၅၆။ အထက်ပါ ဖြစ်စဉ်များကို လေ့လာကြည့်ရင် နအဖဟာ သူ့ဆန္ဒ၊ သူဖြစ်ချင်တဲ့ပုံကို မဖြစ် ဖြစ်အောင် ပုံဖေါ် လာခဲ့တယ်ဆိုတာ ထင်ရှားလွန်းလှ
ပါတယ်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်း များရဲ့ ဒီမိုကရေစီကျင့်သုံးဖို့၊ အတိုက်အခံများနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ တိုက်တွန်း
အရေးဆိုမှုများကိုလည်း နည်းမျိုးစုံသုံးပြီး ငြင်းပယ်ခဲ့၊ လစ်လျှူရှ့ခဲ့ ပြီးပါပြီ။

၁၉၉၀ရလဒ်ကို ဗြောင်ကျကျ လက်မခံခဲ့တဲ့အပြင် ဒီပဲရင်းလုပ်ကြံမှုလို အကြမ်းဖက် နည်းနဲ့လည်း အတိုက်အခံများကို နိုမ်နင်း၊ ရွှေဝါရောင် တော်လှန
်ရေးမှာလည်း သံဃာကို အများရှေ့မှာ ရိုက်နှက် သတ်ဖြတ် ပြခဲ့ ပြီးပါပြီ။

ယခု ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရေး လောကထဲမှာ လှုပ်ရှားနိုင်စွမ်းမရှိအောင် နည်းမျိုးစုံနဲ့ ဆက်လက် စီစဉ်ဆောင်ရွက်နေဦးမှာ ဖြစ်ပါတယ်။

အနှစ် ၂၀ကျော် ကြိုးစားလာခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး အစီအစဉ်ကို ဘယ်လိုနည်းနဲ့မှ အပျက်ခံမှာ မဟုတ်လို့ ၂၀၁၀ ရွေးကောက
်ပွဲကိုလည်း ဖြစ်အောင် လုပ်သွားမှာ သေချာပါတယ်။ “စွမ်းအားရှင်” လို့အမည်ရတဲ့ အကြမ်းဖက်ဂိုဏ်းကို စနစ်တကျ ဖွဲ့စည်းထား ပြီးပြီမို့ ၂၀၁၀ ရွေးကောက
်ပွဲမှာလည်း ၂၀၀၈ ဆန္ဒခံယူပွဲလို နည်းမျိုးစုံနဲ့ ညစ်ပတ်ဦးမှာ ဖြစ်ပါတယ်။



လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များ

၅၇။ မြန်မာ့နိုင်ငံရေးလောကမှာ ချန်လှပ်ထားလို့ မရနိုင်တဲ့ အရေးပါတဲ့ ပလေယာတစ်စုက လက်နက်ကိုင် တော်လှန်ရေး အင်အားစုများပါ။ ၁/၉၀ ကြေညာ
ချက်ရဲ့ အပိုဒ် (၁၀)မှာ နအဖ (န၀တ) က ၄င်းတို့ဟာ နိုင်ငံရေး အစိုးရ မဟုတ်လို့ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းနှင့်မျှ နိုင်ငံရေးနည်းအရ စေ့စပ် ဆွေး
နွေးမှာ မဟုတ်ဘူးလို့ ဖေါ်ပြ ထားပေမယ့် ယခုအခါမှာတော့ ငြိမ်းချမ်းရေးအဖွဲ့များကို နယ်စပ် လုံခြုံရေးတပ်များအဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ နအဖက ဖိအားပေး
ဆောင်ရွက်နေတာ တွေ့ရပါတယ်။



၅၈။ ငြိမ်းအဖွဲ့တွေ အသွင်ပြောင်းကြရင် နအဖက နိုင်ငံရေးအရ အကျိုးအမြတ် ထွက်မယ့်အပြင် နောင်လာမည့် လွှတ်တော်နဲ့ အစိုးရများကို လုံးဝမှု့စရာမ
လိုတဲ့ အင်အားတစ်ခုကို ကာကွယ်ရေးဦးစီးချုပ်က ပိုင်ဆိုင်ထားမှာ ဖြစ်ပါ တယ်။

ငြိမ်းအဖွဲ့များ အသွင်ပြောင်းဖို့ ငြင်းကြရင်လည်း ရန်သူပြပြီး တပ်တွင်းညီညွတ်ရေး တည်ဆောက်နေကြ ဗျူဟာဟောင်းနဲ့ စစ်အာဏာရှင်များက တပ်ကို စည်း
ရုံးသိမ်းသွင်းပြီး ၂၀၁၀ ရွေးကောက်ပွဲကို စိတ်တိုင်းကျ ချယ်မှုန်း နိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းအဖွဲ့အားလုံး အသွင်ပြောင်းမှာ မဟုတ်ဘူးဆိုတာ နအဖ ကြိုတွက် ထားပြီးသားပါ။ နအဖ အာရုံစိုက်နေတာက မွန်၊ ကရင်နဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသများ
သာ ဖြစ်လို့ နယ်မြေ စိုးမိုးရေးကို အဲဒီဒေသများမှာ ၂၀၁၀ မတိုင်မှီ အားသွန်ခွန်စိုက် လုပ်မယ်လို့ ယူဆမိပါတယ်။ ဒီအယူအဆမှန်မယ် ဆိုရင် ဗိုလ်ရဲမြင့်တစ်ယောက်
အများအမြင်လှအောင် ငြိမ်းအဖွဲ့တွေနဲ့ ကြိုးစားပမ်းစား ညှိနိုင်း တာတွေ လုပ်ပြပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ပုံမှန်အတိုင်း ကျင်းပပါလိမ့်မယ်။



၅၉။ ငြိမ်းချမ်းရေးအဖွဲ့များရဲ့ ရပ်တည်ချက်ဖြစ်တဲ့ တစ်နိုင်ငံမှာ စစ်တပ် တစ်တပ်တည်း ဖြစ်ရမယ် ဆိုတာကို လက်ခံခြင်း၊ လက်ရှိအတိုင်း ပိုနေမြဲ ကျားနေမြဲ
အခြေအနေ အတိုင်းသွားဖို့ နယ်စပ်လုံခြုံရေး တပ်များအဖြစ် အသွင် ပြောင်းခြင်းလုပ်ငန်းကို နောင်တက်လာမည့် အစိုးရ၊ လွှတ်တော်များနဲ့မှ ဆက်လက် ညှိနိုင်း
သွားဖို့ တောင်းဆိုချက်၊ စတဲ့ တောင်းဆိုချက်များက နောင်ဖြစ်ပေါ်လာမယ့် လွှတ်တော်တွေမှာ အာဏာရှင်ရာထူးဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပါဝါကစားဖို့အ
တွက် အကောင်းဆုံး အနေအထား ဖြစ်တာမို့ တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲလိုကြတဲ့ အစိတ်အပိုင်းများ အနေနဲ့ ငြိမ်းအဖွဲ့များရဲ့ တင်ပြချက်ဟာ လက်ခံသင့်တဲ့
အချက်တစ်ခုလို့ ယူဆမိပါတယ်။

လူထု တော်လှန်ရေး ရှု့ထောင့်ကကြည့်ရင် ငြိမ်းအဖွဲ့များက နအဖစစ်အာဏာရှင်များအပေါ် ယုံကြည်မှုလျော့နည်း ကျဆင်း နေခြင်းက လူထုအတွက် အင်အား
တစ်ခု ဖြစ်ပါတယ်။ လူထုတော်လှန်ရေး အဆင့်(၃) ဖြစ်တဲ့ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု ရရှိချိန်မှာ ငြိမ်းအဖွဲ့များလည်း ပူးပေါင်းပါဝင်ကြမယ်လို့ မျှော်လင့်သလို
ပူးပေါင်းပါဝင် ကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။



နိုင်ငံရေးပါတီများနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ



၆၀။ ၁၉၈၈ခုနှစ် အနေအထားနဲ့ နိုင်းယှဉ်ကြည့်ရင် လူထုတော်လှန်ရေး အောင်မြင်စေဖို့အတွက် လိုအပ်တဲ့ အခြေခံများ ကောင်းစွာ တည်ဆောက်ထားပြီးတာ
ကို တွေ့မြင်ရပါတယ်။ ၈၈၈၈ အရေးတော်ပုံကာလကထက် ပိုမို ထိရောက်အောင် ဆောင်ရွက်ပေးနိုင်မယ့် သတင်းမီဒီယာ အမျိုးမျိုး၊ ဆက်သွယ်ရေး လမ်းကြောင်း
အမျိုးမျိုး ရှိနေပါပြီ၊

၈၈၈၈ အရေးတော်ပုံကာလကတုန်းက အတိုက်အခံအဖွဲ့အစည်းများ ဖွဲ့စည်းဖြစ်ပေါ်မှုဟာ အရေးတော်ပုံဖြစ်စဉ်ရဲ့ အနောက်က လိုက်ခဲ့ရသလို ရှိခဲ့ပေမယ် ယ
နေ့ ပြည်တွင်း၊ ပြည်ပမှာ လူထုတော်လှန်ရေးအတွက် အဖွဲ့အစည်း အသီးသီး ရှိနေကြပါပြီ။

၈၈၈၈ အရေးတော်ပုံကာလမှာ ဗိုလ်နေ၀င်းကို ခုံရုံးတင်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး မရှိခဲ့ပေမယ့် ယနေ့ ဗိုလ်သန်းရွှေအတွက် ICC ရှိနေပါပြီ။

၈၈၈၈ အရေးတော်ပုံကာလက မဆလ ပါတီရဲ့ ညံဖျင်းတဲ့ စီမံခန့်ခွဲမှု၊ ဦးဆောင်မှုများကို လူထုထံ စနစ်တကျ ဖေါ်ထုတ်ပြဖို့ အချိန်လုနေခဲ့ရပေမယ့် ယနေ့
ကာလမှာ အသီးသီးသော ပရိသတ် Target audience များအတွက် သင့်လျော်တဲ့ သတင်းစကား Appropriate Messages များကို သူတို့ထံရောက်စေမယ့်
လမ်းကြောင်း Channel အသီးသီးကနေ န၀တ/ နအဖ စစ်အာဏာရှင် လက်တစ်ဆုပ်စာ လူတစ်စုကို တိုင်းပြည်ရဲ့ ရန်သူ Enemy of the State အဖြစ် ချပြနိုင်ဖို့
လုံလောက်တဲ့ အချိန်နဲ့ အခြား အရင်းအမြစ်တွေ ရှိနေပါပြီ။

နအဖ/ န၀တကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူအခွင့်အရေး၊ ဥပဒေရေးရာ စတဲ့ ရှု့ထောင့် အသီးသီးကနေ လေ့လာစောင့်ကြည့်ပြီး အသိပေးထုတ်ပြန်နေတဲ့
အဖွဲ့အသီးသီးလည်း ရှိနေပါပြီ။



၆၁။ အထက်ပါ အခြေအနေများက လူထုတော်လှန်ရေး အဆင့်တိုင်းအတွက် ကောင်းစွာ အထောက်အပံ့ ပေးနိုင်တဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။ ပြည်တွင်း
ပြည်ပက မြန်မာဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများရဲ့ ကြိုးပမ်းမှု ရလဒ်တွေပါ။

နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအနေနဲ့ အထက်ပါ အရင်းအမြစ်များကို အသုံးပြုပြီး လူထုတော်လှန်ရေး အဆင့်ဆင့် အောင်မြင်ပြီး
မြောက်စေဖို့ ဆောင်ရွက်ကြရာမှာ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ် အသီးသီးကနေ ကိုယ်တတ်နိုင်သလို ပါဝင်နေကြပါတယ်။

ဒါပေမယ့် အားလုံးထဲမှာ တာဝန်အကြီးဆုံးက ၁၉၉၀ရလဒ် ကို ကိုင်ဆောင်ထားသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်ပါတယ်။ ၁၉၉၀ရလဒ် အတွက် လုပ်ပိုင်ခွင့်
Authority ကို နအဖ/ န၀တ က ပိတ်ပင် ဟန့်တားနေသော်ငြားလည်း လူထုက ၁၉၉၀ ရွေးကောက်ပွဲနဲ့ တာဝန်ရှိမှု Responsibility ကို ပေးအပ်ထားတဲ့အတွက်
အာဏာရှင်စနစ် ပြုတ်ချရေးမှာ ရှေ့ဆုံးက ဦးဆောင်ပါဝင်ဖို့၊ လူထုအပေါ် တာဝန်ခံရမည့် Accountability ရှိနေတဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။



၆၂။ လူထုကြီးက သောင်းသောင်းဖျဖျနဲ့ ကြိုဆိုထောက်ခံခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတစ်ဝှန်းက စည်းရုံးရေးခရီးစဉ်တွေကို ပြန်လည်လေ့လာရင်
NLD ပါတီဝင်များကသာ ကြိုဆိုထောက်ခံခဲ့ကြတာ မဟုတ်ပါဘူး၊ အကြောင်းကြောင်း တွေကြောင့် ဖျက်သိမ်းလိုက်ရတဲ့ နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်
တွေ၊ ပါတီဝင်တွေ၊ ခေတ်အဆက်ဆက်က ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသားဒေသခံခေါင်းဆောင်တွေ၊ အများအပြား ပါဝင် ကြပါတယ်။

ယနေ့အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံသည် အားလုံးရဲ့ အသံ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူ သည် အားလုံးရဲ့ မူ ဖြစ်ကြရမည့် အချိန်အခါ ရောက်ပါပြီ၊
စုပေါင်းအားကို ရဖို့ NLD မှ ဆောင်ရွက်သင့်ပါပြီ။ CRPP နဲ့တကွ တချိန်က ဆောင်ရွက်နိုင်ခဲ့တဲ့ ပါတီပေါင်းစုံနဲ့ မဟာမိတ်ဖွဲ့စည်းခြင်း၊ လုပ်ငန်းစဉ်များ ဖေါ်ဆောင်
ခြင်းနဲ့အတူ လူထုတိုက်ပွဲအတွက် ပြင်ဆင်သင့်တဲ့ အချိန်အခါပင် ဖြစ်ပါတယ်။



နအဖ (န၀တ)ရဲ့ လုပ်ရပ်များနဲ့ ပတ်သက်လို့ ပေါ်လာတဲ့ အတွေးအမြင်များ



(က) ယခုအချိန်ဟာ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုပြီး နအဖစစ်အာဏာရှင်တစ်စုကို မျှော်လင့်နေရမယ့် အချိန် မဟုတ်တော့ဘူး ဆိုတာ အထက်ဖေါ်ပြပါ
သူလျောက်ခဲ့တဲ့လမ်းက သက်သေခံနေပါတယ်။ နိုင်ငံရေး ပါတီများအတွက် အဓိကအာရုံစူးစိုက်ရမည့် နေရာက လူထုတော်လှန်ရေး အဆင့်ဆင့်အတွက် လိုအပ
်သည် များကို စတင် လုပ်ဆောင်ကြဖို့ပါ။ သို့သော် တွေ့ဆုံဆွေးနွေးရေး တံခါးကို ဆက်လက်ဖွင့်ထားပေးဖို့ လိုနေပါသေးတယ်။ တပ်မတော်ထဲက ပြုပြင် ပြောင်း
လဲရေးလိုလားသူ၊ တိုင်းပြည်မှာ စစ်မှန်တဲ့ တိုးတက်မှုကို လိုလားသူ မြန်မာပြည်ရဲ့ ရားမိုစ့်များ အတွက်ပါ။ တပ်မတော်ထဲက ပြုပြင်ပြောင်းလဲလိုသူများ ထွက်ပေါ်
လာခဲ့ပြီဆိုရင် ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတဲ့ အစီအစဉ်များကို ကြိုတင်စဉ်းစားပြင်ဆင်ထားဖို့ လိုအပ် ပါလိမ့်မယ်။

(ခ) နအဖက တပ်တွင်းစည်းရုံးရေးတွေမှာ နိုင်ငံရေးပါတီများက တပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်ရေး လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်များကို ထိထိရောက်ရောက်
ချေဖျက်သင့်ပါပြီ။ NLD အပါအ၀င် နိုင်ငံရေးပါတီများသည် ၁၉၈၈ခုနှစ် လူထုတောင်းဆိုချက်များအတွက် တာဝန်ခံ တောင်းဆိုပေးနေသူများဖြစ်ပြီး နအဖ(န၀တ)
လက်တစ်ဆုပ်စာ လူတစ်စုက လူထုအများစုရဲ့ ဆန္ဒကို ထိပ်တိုက်ရင်ဆိုင်နေသူ၊ တကယ်တန်း Confrontation လုပ်နေသူများသည် နအဖ စစ်အာဏာရှင် တစ်စ
ုဆိုတာ တပ်မတော်နဲ့ ပြည်သူကို အသိပေး ကြဖို့ အထူးလိုအပ်နေပါပြီ။

(ဂ) အစိုးရတစ်ခုရဲ့ အရေးအကြီးဆုံး လိုအပ်ချက်ဟာ လူထုရဲ့ ယုံကြည်မှု Trust ကို ရဖို့ဖြစ်ပါတယ်။ နအဖရဲ့ ကိုယ်တာဝန် ကိုယ်မသိမှု၊ ကိုယ်ပြောခဲ့တဲ့စကား
ကိုယ်အလေးမထားမှု၊ ကိုယ့်ဂတိ ကိုယ်ဖျက်မှု၊ စသည့် အချက်များဟာ လူထုက နအဖအပေါ် ယုံကြည်မှု လျော့နည်းစေပါတယ်။ လူထုနဲ့ အစိုးရအကြား ယုံကြည်မှု
လျော့နည်းခြင်းဟာ လူထုနဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်ကြရမယ့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ထိရောက်မှု မရှိဖြစ်စေရပါတယ်။ နအဖ စစ်အာဏာရှင
်တစ်စုကို ဖယ်ရှားနိုင်မှသာ အစိုးရနဲ့ ပြည်သူ လက်တွဲညီစေမယ့် လမ်းစများ ပေါ်ပေါက်လာမှာ ဖြစ်တဲ့အပြင် တပ်မတော်နဲ့ ပြည်သူအကြား ယုံကြည်မှု ပြန်လည် ဖြစ်
ထွန်းလာစေမည့်အကြောင်း တပ်မတော်ရဲ့ မျိုးဆက်သစ်များကို ပိုမိုအသိပေး ရမည့်အချိန် ရောက်နေပါပြီ။

(ဃ) နအဖရဲ့ ၀ါဒဖြန့်ချက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်တယ် ဆိုတဲ့ အချက်ပါ။ ယင်းလုပ်ငန်းဟာ ဘယ်အစိုးရတက
်တက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ် သလို ငြိမ်းချမ်းရေး တည်ဆောက်မှုဟာလည်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှု ဖြစ်စေရပါမယ်။ ယနေ့ နအဖ နဲ့
ငြိမ်းချမ်းရေး အဖွဲ့များကြားက တင်းမာမှုအချို့ကို ကြည့်ရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး မဟုတ်တာ ပေါ်လွင်နေပါတယ်။ နအဖရဲ့ ဂတိမတည်တဲ့ အကျင့်ကြောင့်
ယုံကြည်မှု Trust ကင်းမဲ့တာက အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။



၆၃။ ဆောင်းပါးတစ်ခုလုံးကို ပြန်လည်စုစည်း တင်ပြရလျှင် နအဖ စစ်အာဏာရှင်တစ်စုရဲ့ လုပ်ရပ်များဟာ တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ ဆက်လက်ကြီးစိုးရေး
အကောင်အထည် ဖေါ်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်စွာနဲ့ ကမ္ဘာအလယ်မှာ မြန်မာဆိုပြီး တင့်တင့်တယ်တယ် လျောက်လှမ်းနိုင်မည့် အခြေအနေ ကောင်းတွေကို ရရှိခဲ့ပေမည့် နအဖဟာ
လစ်လျှူရှု့ခဲ့ပါတယ်။

တိုင်းပြည် မတိုးတက်၊ မတည်ငြိမ်မှုရဲ့ ဖြစ်နေရခြင်းရဲ့ တရားခံအစစ်ဟာ စစ်အာဏာရှင် ဗိုလ်သန်းရွှေနဲ့ လက်တစ်ဆုပ်စာ လူစုရဲ့ တစ်ကိုယ်ကောင်း အတွေးများ
ကြောင့် ဆိုတာကို လူထုကြီးနဲ့ တပ်မတော်ရဲ့ အစိတ်အပိုင်း အသီးသီးကို ပိုမို ဖွင့်ချသင့်ပါပြီ။

လူထု တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွဲနိုင်မှသာ တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တွန်းတင်နိုင်မှာ ဖြစ်ပါတယ်။ လူထု တော်လှန်ရေး အောင်မြင
်စေဖို့ ဖြတ်သန်းရမည့် အဆင့်(၃)ဆင့်ကို တင်ပြခဲ့ပါတယ်။

နိုင်ငံရေးပါတီများ၊ မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွသူများရဲ့ အခန်းကဏ္ဍက အဆင့်(၂)နဲ့ (၃)များ အချိတ်အဆက်မိမိ ပေါ်ပေါက်လာရေး လိုအပ်သည့် ပြင်ဆင်
ဆောင်ရွက်မှုများကို မိမိအင်အားရှိသလို ဆောင်ရွက်ကြဖို့နဲ့ အဆင့်(၁)မှာ တက်တက်ကြွကြွ ပါဝင်ကြဖို့ ဖြစ်ပါတယ်။ ။

၂၀၀၉ခုနှစ်၊ ဇူလိုင်လ (၃)ရက်

သောကြာနေ့

No comments: