ဦးနု
ဒီမိုကရေစီဆိုတာ သားသမီးမြေးမြစ်တွေကို ဘိုးဘွားမိဘတွေက ပေးပစ်ခဲ့တဲ့အမွေနဲ့ အတူတူပဲ၊ ဘိုးဘွားမိဘတွေဟာ သူတို့ ရဲ့ သားသမီးမြေးမြစ်တေ
ွ လူချင်းအတူတူ သူချင်းအမျှမျှ ချမ်းချမ်းသာသာနေနိုင်ကြဘို့ အတွက် အဆင်းရဲ အပင်ပန်းခံပြီး ပစ္စည်းကို ရှာဖွေကြတယ်။ သူတို့ ကွယ်လွန်သွားတဲ့အခါ
သူတို့ ရဲ့ သားသမီးမြေးမြစ်တွေကို ဒီပစ္စည်းအမွေ ပေးပစ်ခဲ့တယ်။
ဒါပေမယ့် သူတို့ က ဘယ်လိုပဲ အမွေပေးပစ်ခဲ့ပေစေ သူတို့ ရဲ့ သားသမီးမြေးမြစ်တွေဟာ အရက်သောက် မိန်းမလိုက် ဖဲရိုက်နေတဲ့ လူဆိုးတွေဆိုရင်
ဒီအမွေဟာ ဒီလူဆိုးတွေ လက်ထဲမှာ ကြာရှည်မနေဘူး။ နောက်ပြီးတော့လည်း သူတို့ ရဲ့ သားသမီးမြေးမြစ်တွေဟာ လူပျင်းတွေ လူဖျင်းတွေဖြစ်ပြီး ဒီ
အမွေတွေကို တိုးပွါးအောင် မလုပ်နိုင်ပြန်ရင်လဲ ဒီအမွေတွေဟာ ဒီလူပျင်းတွေ လူဖျင်းတွေရဲ့ လက်ထဲမှာ ကြာရှည်မနေဘူး။
နောက်ပြီးတော့လဲ သူတို့ရဲ့သားသမီးတွေဟာ ဒီအမွေ ကို လူဆိုး သူခိုး ဒမြတွေရဲ့ ဘေးအန္တရာယ်တွေကနေ လွတ်ကင်းအောင် အကာအကွယ် မစောင
့်ရှောက်ဝံ့တဲ့ လူညံ့တွေ လူကြောက်တွေ လူ့သူရဲဘောနည်းတွေရဲ့ လက်ထဲမှာလည်း ကြာရှည်မနေဘူး။
ဒီမိုကရေစီဆိုတာ အခြားဟာ မဟုတ်ဘူး။ ကျွန်တော်တို့ ရဲ့ အာဇာနည်အဆက်ဆက် မျိုးချစ်ပုဂ္ဂိုလ် အဆက်ဆက်တွေက သူတို့ရဲ့  သားစဉ်မြေးဆက်
နောင်လာနောက်သားတွေဟာ ကမ္ဘာ့အလည်မှာ လူတန်းစေ့စေ့ နေကြရပါစေ၊ လူရင့်မကြီးတွေဖြစ်ပြီး နဖားကြိုးထိုးခံထားရတဲ့နွားတွေလို လူဖြစ်ကျိုး
မရှုံးကြပါစေနဲ့ ဆိုတဲ့ တကယ့်မေတ္တာ တကယ့်စေတနာ
တကယ့်ဂရုဏာကြီးတွေနဲ့ ဒုက္ခအမျိုးမျိုးခံ၊ အမျိုးမျိုး စွန့်စားပြီး ကျွန်တော်တို့ ကို ပေးပစ်ခဲ့တဲ့ အမွေဘဲ ဖြစ်တယ်။
ဒီမိုကရစီအမွေကလည်း သူ့ ကို မချစ်ခင် မနှစ်သက် မမြတ်နိုးတဲ့ လူတွေရဲ့ လက်ထဲမှာ ကြာရှည် မနေဘူး။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့
ကိုယ်ကျိုးရှာသမားတွေရဲ့  လက်ထဲမှာလည်း ကြာရှည်မနေဘူး။ နှောင့်ယှက်ဖျက်စီးမယ့်သူတွေ ပေါ်နေသည့်တိုင်အောင် မကာကွယ်ရဲဘဲ ရေသာခိုပြီး
လိုက်နေမဲ့ လူသူရဲဘော၊ လူညံ့၊ လူကြောက်တွေရဲ့ လက်ထဲမှာလည်း ကြာရှည်မနေဘူး။
ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်နဲ့ မျှသာ တည်သလို ဗိုလ်ချုပ်အောင်ဆန်းကအစ ကျွန်တော်တို့ ရဲ့  အာဇာနည်အဆက်ဆက်၊ မျိုးချစ်ပုဂ္ဂိုလ်အဆက်ဆက်တို
့စွန့်စွန့်စားစား ရှာဖွေပြီး ပေးခဲ့တဲ့ ဒီမိုကရေစီအမွေကြီးဟာလည်း ဒီမိုကရေစီကို အသက်နဲ့ ထပ်တူချစ်မြတ်နိုးတဲ့ လူတွေ၊ မျိုးချစ်တွေ၊ သတ္တရှိတဲ့လူတွေရဲ
့လက်ထဲမျာသာ ကြာရှည်နေတယ်။
နှလုံးရည်တိုက်ပွဲဝင်မယ့်လူဟာ သတ္တိအကြောင်းကို ကောင်းကောင်းသိထားဖို့ လိုတယ်။ တချို့  သူများကို ချရဲတာမှ သတ္တိလို့ ထင်ကြတယ်။ ဒါ မှားတယ်။
အမှန်တရားအောင်မြင်ရေးအတွက် သူများချတာကိုခံရဲတာမှ သတ္တိအစစ် ဖြစ်တယ်။
လက်နက်နဲ့ အာဏာကို ကိုင်ထားပြီး၊ လက်နက်မဲ့ အာဏာမဲ့ တယောက်ကို နိုင်လိုမင်းထက် ပါးရိုက်ရဲတဲ့လူနဲ့ ၊ ဒီလို ပါးရိုက်တာကို မှားတယ်လို့ လည်း
ပြောရဲတယ်၊ နောက်ပြီးတော့ ဒေါသမပြေသေးလို့ ရိုက်ချင်သေးရင် ထပ်ရိုက်ပါအုံးဆိုပြီး၊ အခြား ပါးတဖက်ကိုလည်း လှည့်ပေးရဲတဲ့ လူကို ယှဉ်ကြည့်မယ်
ဆိုရင် ပဌမလူက မိုက်တဲ့လူ ဖြစ်တယ်။ ဒုတိယလူက သတ္တိရှိတဲ့လူ ဖြစ်တယ်။
နှလုံးရည်တိုက်ပွဲဝင်တဲ့ လူတွေ အဖမ်းခံရတာ၊ အနှိပ်စက်ခံရတာ၊ အသတ်ခံရတာဟာ ရိုးရိုးသာမန်ကိစ္စအတွက် အဖမ်းခံရတာ မဟုတ်ဘူး။ သာမန်ကိစ
္စအတွက် အနှိပ်စက်ခံရတာ မဟုတ်ဘူး။ သာမန်ကိစ္စအတွက် အသတ်ခံရတာ မဟုတ်ဘူး။ ဒီမိုကရေစီကာကွယ်ရေးအတွက် အဖမ်းခံရတာ၊ အနှိပ်စက်ခ
ံရတာ၊ အသတ်ခံရတာ။
အခုခေတ်ကြီးမှာ အဖမ်းခံရတာအစ အနှိပ်စက်ခံရတာအလယ် အသတ်ခံရတာအဆုံး ဘာမဆိုဖြစ်နိုင်တယ်။ ဒီမိုကရေစီကို အစွမ်းကုန်ကာကွယ်ဘို့ အ
တွက် အခုပြောခဲ့တဲ့ဘေးအန္တရာယ်တွေထဲက ဘယ်ဘေး ဘယ်ရန် ဘယ်အန္တရာယ်တွေနဲ့ မဆို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဘို့  ကျွန်တော်ကိုယ်တိုင်သန္ဓိဌာန်
ချပြီးပါပြီ။ ပြင်းပြင်းထန်ထန် ချပြီးပါပြီ။ အဲဒီတော့ အဖမ်းခံရ၊ အနှိပ်စက်ခံရ အသတ်ခံရတာဟာ ကျွန်တော်ပဲဖြစ်ဖြစ် ရပ်ကွက်ခေါင်းဆောင်တဦးပဲဖြစ်ဖြစ်
တခုခု ဖြစ်တိုင်း ဖြစ်တိုင်း ငိုင်တိုင်တိုင် ဖြစ်မနေကြပဲ၊ တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ လစ်လပ်သွားတဲ့ ခေါင်းဆောင်နေရာကို ချက်ချင်းတက်နိုင်အောင်
အစီအစဉ်တွေ လုပ်ထားပါ။
ဒီနေရာမှာ တခုတော့ သတိပေးချင်တယ်။ အခုနှလုံးရည်တိုက်ပွဲမှာ တပွဲတိုးနည်းနဲ့  အောင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မမွေးကြစေလိုဘူး။ ဒီတိုက်ပ
ွဲမှာ သတ္တျရှိသလောက် ဇွဲလည်းလိုတယ်။ ရေရှည်ကြိတ်ရမယ်ဆိုရင် ဘယ်လောက်ပဲ ကြိတ်ရကြိတ်ရ ကြိတ်နိုင်တဲ့ဇွဲမျိုးလည်း လိုတယ်။
ကျွန်တော်တို့ ရဲ့ ဒီမိုကရေစီကာကွယ်ရေး နှလုံးရည်တိုက်ပွဲ ဘယ်လောက်ထိ လုပ်ရမလဲ၊ ဒီမေးခွန်းရဲ့အဖြေကို ခင်ဗျားတို့ အားလုံး သိထားဘို့  လိုတယ်။
၁။ ကိုယ်ကြိုက်တဲ့အစိုးရကို တကယ်လွတ်လပ်ပြီး တကယ်တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကြီးနဲ ရွေးကောက်တင်မြောက်နိုင်တဲ့ ဒီမိုကရေစီအ
ခွင့်အရေးကြီးကို ပြည်သူလူထုကြီးတရပ်လုံးက ပြန်ပြီးရတဲ့ နေ့ အထိ ဒီနှလုံးရည်တိုက်ပွဲကို လုပ်ရမယ်။
၂။ အခုပြောခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးကြီးကို ပြည်သူလူထုကြီးတရပ်လုံးက ပြန်လည်ရရှိဘို့ ဆိုတာကလည်း -
(က) လွတ်လပ်စွာ ဟောပြောမှု၊
(ခ) လွတ်လပ်စွာ ရေးသားမှု၊
(ဂ) လွတ်လပ်စွာ စည်းရုံးမှု၊
(ဃ) လွတ်လပ်စွာ ကိုးကွယ်မှု၊
(င) တရားရုံးတော်ရဲ့ လွတ်လပ်စွာ တရားစီစဉ်နိုင်မှုတွေအပေါ်မှာ ရာခိုင်နှုန်းအပြည့် တည်ရှိနေတဲ့အတွက် ပြည်သူလူထုကြီး တစ်ရပ်လုံး (က) စပြီး
(င) အထိ ဒီမိုကရေစီအခွင့်အရေးတွေကို ဒင်ပြည့်ကျပ်ပြည့် ပြန်လည်ရရှိနေတဲ့အထိ ကျွန်တော်တို့ ရဲ့ နှလုံးရည်တိုက်ပွဲကို လုပ်ရမယ်။
ဒီနေရာမှာ နောက်တခု သတိပေးချုင်သေးတယ်။ နှလုံးရည်တိုက်ပွဲဝင်တွေ အဖမ်းခံရတိုင်း အနှိပ်စက်ခံရတိုင်း အသတ်ခံရတိုင်း တခုခု အရေးယူခံရ
တိုင်း ပြည်သူလူထုကတော့ ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဖြစ်အပျက်အစုံအလင်ကို စာနဲ့ ရေးပြီး မှတ်တမ်းတင်ထားကြပါ။ ဒီမှတ
်တမ်းတွေကိုလည်း တနေ့ လိုချင်တဲ့အခါ ရအောင် လုံလုံခြုံခြုံ သိမ်းထားကြပါ။
ပြည်ထောင်စုသူ ပြည်ထောင်စုသားအပေါင်းတို့ ။
လူထုနဲ့ ဆန့်ကျင်ဘက်ဂိုဏ်းတွေ ဆန့်ကျင်ဘက်လှုပ်ရှားမှုတွေ ဆန့်ကျင်ဘက်လမ်းစဉ်တွေဟာ သေနတ်နဲ့ ဘဲ ထောက်ထား ထောက်ထား၊ အမြှောက်
နဲ့ ဘဲ ထောက်ထား ထောက်ထား၊ အနုမြုဗုံးနဲ့ ဘဲ ထောက်ထား ထောက်ထား ဘယ်နည်းနဲ့ မှ မတည်မြဲနိုင်ပါဘူး။ ပြိုပျက်ကြရမှာဘဲ။ ဒီအချက်ကို ရာဇ
ဝင်အစောင်စောင်က ထောက်ခံနေပါတယ်၊ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ကမ္ဘာ့ရာဇ၀င်တွေကို ကြည့်လိုက်ပြန်ရင်လည်း အနှိပ်စက်အခံရဆုံးအဖွဲ့ ဟာ ခဏတဖြုတ်တော့ ကစင့်ကရဲဖြစ်သွားတာကို တွေ့ ရတာဘဲ။ နောင်တော့
နှိပ်စက်တဲ့အဖွဲ့ တွေ ကြက်ပျောက် ငှက်ပျောက်ပျောက်ပြီး၊ အနှိပ်စက်ခံရတဲ့အဖွဲ့ ဟာ အောင်မြင်တာဘဲဆိုတာ သမိုင်းရာဇ၀င်အစောင်စောင်က သက်
သေခံနေတာဘဲ မဟုတ်ဘူးလား။
အဲဒါကြောင့် ပြည်သူလူထု အခုလို အဖိအနှိပ်ခံနေရတာဟာ နောင်တနေ့  မှာ အောင်မြင်ဘို့ အတွက်ဆိုတာ တထစ်ချ ယုံကြည်ထားကြဖို့  ကျွန်တော်
လေးနက်စွာတိုက်တွန်းလိုပါတယ်။
ဒီမိုကရေစီအရေး ----- ဒို့အရေး၊
ဖက်စစ်ဝါဒ ----- ကျဆုံးရမည်၊
အာဏာရှင်ဝါဒ ----- ကျဆုံးရမည်၊
နှလုံးရည်တိုက်ပွဲ ----- အောင်ရမည်။
ဒီမိုကရေစီဆိုတာဘာလဲ။
ဒီအချက်ကို ကျွန်တော်ရှင်းပြချင်ပါတယ်။ ဒီမိုကရေစီရဲ့သဘောဟာ အခြေခံအားဖြင့် သဘောတရားနှစ်ခုမှ ဆင်းသက်လာတာကိုတွေ့ ရတယ်။
(၁) ပထမသဘောတရားကတော့ လူဆိုတာ မွေးလာကတည်းက လွတ်လပ်တဲ့သတ္တ၀ါဖြစ်လေတော့၊ လူ့ လွတ်လပ်ရေးဟာ လူသားတို့ ရဲ့  အဖိုး
မဖြတ်နိုင်တဲ့ ပစ္စည်းတရပ်ဖြစ်တယ်ဆိုတဲ့ သဘောတရားပဲ။ ဒီသဘောတရားအရ လွတ်လပ်တဲ့ အခွင့်အရေးကို လူတိုင်းလူတိုင်း ကာကွယ်ရမယ်။
လိုအပ်လျှင် အသက်ပေးပြီး ကာကွယ်အပ်တဲ့ အခွင့်အရေး ဖြစ်တယ်။ လွတ်လွတ်လပ်လပ် မနေရတဲ့ လူ့ဘ၀၊ နဖားကြိုး အတပ်ခံရတဲ့လူ့ ဘ၀ဆို
တာမျိုးဟာ စိတ်ကူးထဲတောင် မထည့်အပ်တဲ့ လူ့ ဘ၀မျိုး ဖြစ်တယ်။ လူဆိုတာဟာ လွတ်လွတ်လပ်လပ် ပြုမူကျင့်ကြံခွင့် ရရှိနိုင်မှ လူနဲ့ တူတယ်။
လူ့သိက္ခာဂုဏ်အင်္ဂါနဲ့ ပြည့်စုံတယ်။
ဒါပေမယ့် လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ်ကို အကောက်မမှားစေရဘူး။ လွတ်လပ်တယ်ဆိုတာဟာ အရမ်းကာရော ကိုယ်ထင်ရာ ကိုယ်စိုင်းတယ်ဆ
တာနဲ့ နဲနဲမှ မတူဘူး။ ဒီအချက်ကို သတိမြဲမြဲထားရမယ်။ လူဟာ လူ့ အသိုက်အ၀န်းနဲ့ နေထိုင်နေသမျှ ကာလပတ်လုံး၊ လူ့ အသိုက်အ၀န်းမှာ ပါဝင
်နေတဲ့ လူတိုင်းလူတိုင်းရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုကို မထိခိုက်စေရဘူး။ ဒီတော့ လူ့ လွတ်လပ်ရေးဆိုတာဟာ လူတိုင်းလူတိုင်းရဲ့ အခွင့်အရေးနဲ့
လွတ်လပ်မှုကို မထိခိုက်စေရဘဲ ပြုမူကျင့်ကြံနိုင်ခွင့်ရှိရမယ်ဆိုတဲ့ သဘောသာဖြစ်တယ်။ ဒီအချက်ကို မြဲမြဲကြီး သတိထားဘို့ ရှိတယ်။
(၂) ဒုတိယသဘောတရားကတော့ ပထမသဘောတရားက စီးဆင်းလာတဲ့ သဘောတရား ဖြစ်တယ်။ ဒါကတော့ တခြားမဟုတ်ဘူး။
လူ့ လွတ်လပ်ရးဟာ လူသားတို့ရဲ့ပစ္စည်းတရပ်ဖြစ်ရင် ဒီလွတ်လပ်ရေးကို ထိန်းသိမ်းထားရမယ်။ အသုံးချရမယ်ဆိုတဲ့ သဘောတရားဘဲ ဖြစ်တယ်။
ဘယ်လိုထိန်းသိမ်းရမလဲ၊ ဘယ်လိုအသုံးချရမလဲ။ လူ့ လောကကို မျှတအောင် တရားသဖြင့် ဖြစ်စေအောင် လုပ်ပေးတတ်တဲ့ ဥပဒေမျိုးကို ပြုတဲ့
ကိစ္စမှာ လူတိုင်းလူတိုင်းဟာ တနည်းနည်းနဲ့  ပါဝင်ခွင့်ရှိစေရမယ်။ ဥပဒေအရ တိုင်းပြည်ကိုဖြစ်စေ မြို့ရွာကိုဖြစ်စေ အုပ်ချုပ်စီမံခန့် ခွဲတဲ့ ကိစ္စမှာ
လူတိုင်းလူတိုင်းဟာ တနည်းနည်းနဲ့  ပါဝင်ခွင့် ရှိစေရမယ်။ အဲဒီနည်းမျိုးနဲ့ လွတ်လပ်ခွင့်ကို ထိန်းသိမ်းထားရမယ်၊ အသုံးချရမယ်။
ဒီတော့ လွတ်လပ်ရးဟာ လူသားတို့ ရဲ့ ပစ္စည်းတရပ်ဖြစ်တယ်ဆိုတဲ့အချက်၊ ဒီပစ္စည်းကို ထိန်းသိမ်းထားရမယ်။ အသုံးချရမယ်ဆိုတဲ့အချက် ဒီနှစ်
ချက်ဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်ဖြစ်တယ်လို့ ဆိုရလိမ့်မယ်။၊ ကောင်းပြီ ပထမအချက်ကို ဆင်ခြင်ကြည့်ရင် ဘာတွေ့ ရမလဲ။ လူ့ လောကမှာ အ
ချုပ်အချယ် မရှိစေရဘူး။ နဖားကြိုး တပ်ထားခြင်း မရှိစေရဘူး။ လူတိုင်းလူတိုင်းဟာ လွတ်လပ်ရမယ်ဆိုတာ ဒီမိုကရေစီဝါဒမှာ တွေ့ ရလိမ့်မယ်။
ဒါပေမယ့် လွတ်လပ်ရေးရှိရမယ်ဆိုတိုင်း အရမ်းကာရော ကိုယ်ထင်ရာကိုယ်စိုင်းခွင့်ရှိတယ်လို့  မယူဆရဘူး။ လူတိုင်း လူတိုင်းရဲ့ လွတ်လပ်မှုကို
မထိခိုက်စေတဲ့ လွတ်လပ်ရေးမျိုးသာ ဖြစ်ရမယ်။ ဒီမိုကရေစီဆိုတာ ဒီလိုလွတ်လပ်ရေးမျိုးဘဲ။
ဒီတော့ အယူအဆအားဖြင့်လည်းကောင်း၊ စိတ်သဘောထားအားဖြင့်လည်းကောင်း မတူကြပေမယ့်၊ ဒီလိုမတူကြတဲ့လူတွေဟာ ဘာပဲလုပ်လုပ်
အတူတူတွဲပြီး အလုပ်လုပ်ကြမှဖြစ်မယ်ဆိုတဲ့ သဘောဟာ အကျုံးဝင်နေတယ်။ ဘယ်သူ့အပေါ်မျာမှ ဗိုလ်မကျရဘူး။ ဘယ်သူ့အပေါ်မှာမှ ငါ့အကြိုက
်လိုက်ပြီး ငါတကော မကောရဘူး။ ဒီမိုကရေစီကို မြတ်နိုးတဲ့လူတိုင်းဟာ ဘာပဲလုပ်လုပ် အချင်းချင်း ဆွေးနွေးတိုင်ပင်မှုရှိရမယ်။ သူ့ အကြိုက် သူ့ အလို
ကိုယ့်အလို ညှိနှိုင်းပြီး မျှမျှတတ ဆောင်ရွက်ခြင်း ရှိရမယ်။ ဒါတွေဟာ ဒီမိုကရေစီရဲ့ သဘောတရပ်ဘဲ။
ဒုတိယအချက်ကို ဆင်ခြင်ကြည့်ရင် ဘာတွေ့ ရမလဲ။ ဒီမိုကရေစီလောကမှာ ကျကျနန ဖွဲ့ စည်းထားတဲ့ ဥပဒေရှိရမယ်။ ဒီဥပဒေဟာ မိရိုးဖလာ ထုံးတမ်း
စဉ်လာအရ လက်ခံလာခဲ့တဲ့ ဥပဒေမျိုးပဲဖြစ်ဖြစ် ဥပဒေကတော့ မရှိလို့  မဖြစ်ဘူး။ ရှိရမှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီလောက ဆိုတာ ဒီဥပ
ဒေတွေအပေါ်မှာ ခိုင်ခိုင်မာမာကြီး တည်ဆောက်ထားတဲ့ လောကမျိုး ဖြစ်လို့ ဘဲ။ ဒီလောကမျိုးမှာ တဦးတယောက်ရဲ့ ထင်ရာသဘောအတိုင်း ဘယ်
တော့မှ မဖြစ်စေရဘူး။ ဥပဒေရဲ့သဘောအတိုင်းသာ ဖြစ်စေရမယ်။ ဒါဟာလည်း ဒီမိုကရေစီရဲ့  သဘောတရပ်ဘဲ။ ဒီမိုကရေစီနဲ့  ပတ်သက်ပြီး ဒီအ
ချက်နှစ်ချက်ရဲ့  သဘောကိုပေါက်ကြရင် ဒီမိုကရေစီရဲ့ အဓိပ္ပါယ်ဟာ အတန်အသင့်ရှင်းပြီလို့ ယူဆပါတယ်။
ဒီမိုကရေစီဆိုတာ လူ့ လွတ်လပ်ရေးကို မြတ်နိုးလက်ခံတဲ့သဘောတရား ဖြစ်တယ်။ နောက်ပြီးတော့ လူ့ လွတ်လပ်ရေးအတွက် ဥပဒေပြုတဲ့ကိစ္စမှာ
ရော၊ ဥပဒေအရ တိုင်းပြည်မြို့ ရွာ အုပ်ချုပ်စီမံခန့် ခွဲတဲ့ ကိစ္စမှာရော လူတိုင်းလူတိုင်း တနည်းနည်းနဲ့  ပါဝင်ခွင့်ရှိတယ်ဆိုတဲ့ သဘောတရား ဖြစ်တယ်။
ဒီသဘောတရားတွေဟာ ဘယ်တုန်းက ပေါ်ပေါက်လာခဲ့သလဲ။ ဒီသဘောတရားတွေအရ လွတ်လပ်စွာ ပြုမူကျင့်ကြံလိုတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ
ဟာ ဘယ်လို တိုးတက်လာကြသလဲ။ လူတွေဟာ ဒီမိုကရေစီအခွင့်အရေးတွေ ရဖို့ အတွက် ဘယ်လိုဒုက္ခခံပြီး ကြိုးပမ်းခဲ့ကြရသလဲ ဆိုတာတွေကို ကျွန်
တော်ဆက်ပြီး ပြောချင်ပါတယ်။
Friday, August 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment